Pages

Sunday, January 6, 2013

အထ္ထုပ္ပတ္တိ စာအုပ်ရေးသားရန် အစီအစဉ် မရှိဟု ဒေါ်စုပြောကြား

အထ္ထုပ္ပတ္တိ စာအုပ်ရေးသားရန် အစီအစဉ် မရှိဟု ဒေါ်စုပြောကြား

ရန်ကုန် ၊ ဇန်နဝါရီ ၆ ။ ယနေ့နံနက်က အင်းယားလိတ် ဟော်တယ်၌ပြုလုပ်သော ဧရာဝတီ စာပေပွဲတော် စာနယ်ဇင်း ရှင်းလင်းပွဲသို့ တတ်ရောက်လာသော ဒေါ်အောင်ဆန်းဆုကြည်က ၎င်းအနေဖြင့် ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိစာအုပ်ကို ရေးသားသွားရန် အစီအစဉ်မရှိကြောင်း သတင်းထောက် တစ်ဦး၏ မေးကြားချက်အပေါ် ပြောကြားသွားသည် ။
"ကိုယ့်အကြောင်း အထ္ထုပ္ပတိရေးဖို့ အစီအစဉ်မရှိပါဘူး ။ အဲ့တာလည်း သိပ်ဝါသနာမပါပါဘူး ။ အမှန်တိုင်းပြောရရင် ကိုယ့်အထ္ထုပ္ပတ္တိ ကိုယ်ရေးတယ်ဆိုတာ အင်မတန်မှ ခက်ပါတယ် ။ဘယ်သူမှ ကိုယ့်အထ္တုပ္ပတ္တိကို ဓမ္မဓိဌာန်ကျကျ ရေးနိုင်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး ။ ကိုယ်ကိုယ်တိုင်တောင်မဟုတ်ဘူး ။ တခြားလူ အကြောင်းကိုတောင် ဘယ်သူမှ ဓမ္မဓိဌာန်ကျကျ မရေးနိုင်ပါဘူး ။ ဘယ်လိုပဲပြောပြော ကိုယ့်အမြင် ကိုယ့်အကြိုက်လေးတွေတော့ ပါမှာပဲ" ဟု ၎င်းးက ပြောကြားသည် ။ ၎င်း၏အကြောင်းကို ရေးသားထားသော စာအုပ်များနှင့်ပက်သက်၍လည်း ဖတ်လေ့ဖတ်ထ မရှိကြောင်း ၊ ၎င်းထံမှ ခွင့်ပြုချက် တောင်းခံ၍ ထုတ်ဝေခြင်းမျိုးလည်း မဟုတ်ကြောင်း ဆက်လက်ပြောကြားသွားသည် ။ ထက်နောင်နောင်
မြန်မာ့ခေတ်

http://tunwai-states.blogspot.jp/2013/01/blog-post_8033.html

န့နံနက်က အင်းယားလိတ် ဟော်တယ်၌ပြုလုပ်သော ဧရာဝတီ စာပေပွဲတော် စာနယ်ဇင်း ရှင်းလင်းပွဲသို့ တတ်ရောက်လာသော ဒေါ်အောင်ဆန်းဆုကြည်က ၎င်းအနေဖြင့် ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိစာအုပ်ကို ရေးသားသွားရန် အစီအစဉ်မရှိကြောင်း သတင်းထောက် တစ်ဦး၏ မေးကြားချက်အပေါ် ပြောကြားသွားသည် ။ "ကိုယ့်အကြောင်း အထ္ထုပ္ပတိရေးဖို့ အစီအစဉ်မရှိပါဘူး ။ အဲ့တာလည်း သိပ်ဝါသနာမပါပါဘူး ။ အမှန်တိုင်းပြောရရင် ကိုယ့်အထ္ထုပ္ပတ္တိ ကိုယ်ရေးတယ်ဆိုတာ အင်မတန်မှ ခက်ပါတယ် ။ဘယ်သူမှ ကိုယ့်အထ္တုပ္ပတ္တိကို ဓမ္မဓိဌာန်ကျကျ ရေးနိုင်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး ။ ကိုယ်ကိုယ်တိုင်တောင်မဟုတ်ဘူး ။ တခြားလူ အကြောင်းကိုတောင် ဘယ်သူမှ ဓမ္မဓိဌာန်ကျကျ မရေးနိုင်ပါဘူး ။ ဘယ်လိုပဲပြောပြော ကိုယ့်အမြင် ကိုယ့်အကြိုက်လေးတွေတော့ ပါမှာပဲ" ဟု ၎င်းးက ပြောကြားသည် ။ 
၎င်း၏အကြောင်းကို ရေးသားထားသော စာအုပ်များနှင့်ပက်သက်၍လည်း ဖတ်လေ့ဖတ်ထ မရှိကြောင်း ၊ ၎င်းထံမှ ခွင့်ပြုချက် တောင်းခံ၍ ထုတ်ဝေခြင်းမျိုးလည်း မဟုတ်ကြောင်း ဆက်လက်ပြောကြားသွားသည် ။ 
ထက်နောင်နောင်
မြန်မာ့ခေတ်

0 comments:

Post a Comment