Pages

Wednesday, January 9, 2013

နိုင်ငံတကာအာကာသစခန်းမှ ကြည့်တဲ့အခါ ထူးခြားအံ့သြဖွယ်ရာကောင်းနေတဲ့ မြန်မာနိုင်ငံ

နိုင်ငံတကာအာကာသစခန်းမှ မြင်ရတဲ့မြင်ကွင်းတွေထဲမှာ ထူးခြားအံ့သြဖွယ်အကောင်းဆုံး  နေရာကတော့ မြန်မာနိုင်ငံပါလို့ ပြောဆိုတဲ့သူကတော့ Tracy ဖြစ်ပါတယ်။ သူမဟာ စခန်းစီကို ၂၄ကြိမ်မြောက် ပို့လွတ်တဲ့အဖွဲ့ထဲလိုက်ပါခဲ့ပြီး ၂၀၁၀ ခုနှစ် ဧပြီလ ၁၄ ရက်မှ စက်တင်ဘာလ ၂၅ ရက်အထိ အာကာသအတွင်းနေထိုင်ခဲ့ပါတယ်။ 

"အာကသထဲ နေထိုင်ခဲ့ရတဲ့အချိန်က ကျမ အိမ်ကို လွမ်းတဲ့အခါတိုင်း ကမ္ဘာ့မြေပြင်ဘက်စီကို လှမ်းမျှော်ကြည့်လေ့ရှိပါတယ်။ စခန်းက ကမ္ဘာကို ၉၃ မိနစ် တပါတ်ကျလှည့်ပါတ်နေတာဆိုတော့ နေ့နဲ့ည တလှည့်စီမြင်နေရတာပေါ့။"

"အဲဒီမြင်ကွင်းတွေထဲမှာ ကျမ ထူးထူးခြားခြား သတိပြုမိတာကတော့ မြန်မာနိုင်ငံပါပဲ။ အရင်က မြန်မာနိုင်ငံဆိုတာ မသိပါဘူး။ ဒီလိုထူးထူးခြားခြား မြင်တွေ့နေရတာတွေကြောင့် ဒီနေရာဟာ ဘယ်အရပ်ဒေသလဲဆိုတာ ရှာဖွေကြည့်တော့မှ မြန်မာနိုင်ငံဆိုတာ သိတာပါ။"

"မြန်မာနိုင်ငံပေါ် ညအချိန်ဖြတ်တဲ့အခါတိုင်း လူနေတဲ့ဒေသတွေရဲ့ လျှပ်စစ်မီးရောင်တွေက တစ်နေရာမှာ လင်းလာလိုက် အခြားတစ်နေရာမှာမှိတ်သွားလိုက်နဲ့ မြင်နေရပါတယ်။ တခြားဒေသနိုင်ငံတွေမှာ မတွေ့ရတဲ့ ထူးခြားတဲ့မြင်ကွင်းလေးပါပဲ။ ကျမ မျက်စိထဲမှာတော့ ပိုးစုန်းကြူးလေးတွေ သစ်ကိုင်းမှာ စုပြုံနားနေသလိုမြင်မိတယ်။"

" မြန်မာနိုင်ငံပေါ်ကနေ ညအချိန်ဖြတ်သန်းတဲ့ အခါတိုင်း အမြဲမြင်နေရတဲ့ လင်းလိုက်မှိတ်လိုက် ပိုးစုန်းကြူးမြင်ကွင်းဟာ ကျမအတွက် မရိုးနိုင်အောင်ဆန်းနေတော့တာပါပဲရှင်။ ဒါကြောင့် "နွေညများရဲ့ ပိုးစုန်းကြူး" ဆိုပြီး နာမည်လေးတောင် ပေးထားမိပါတယ်။"

နိုင်ငံတကာအာကာသစခန်းမှ မြင်ရတဲ့မြင်ကွင်းတွေထဲမှာ ထူးခြားအံ့သြဖွယ်အကောင်းဆုံး နေရာကတော့
မြန်မာနိုင်ငံပါလို့ ပြောဆိုတဲ့သူကတော့ Tracy ဖြစ်ပါတယ်။ သူမဟာ စခန်းစီကို ၂၄ကြိမ်မြောက် ပို့လွတ်တဲ့
အဖွဲ့ထဲလိုက်ပါခဲ့ပြီး ၂၀၁၀ ခုနှစ် ဧပြီလ ၁၄ ရက်မှစက်တင်ဘာလ၂၅ ရက်အထိ အာကာသအတွင်းနေထိုင်
ခဲ့ပါတယ်။
"အာကသထဲ နေထိုင်ခဲ့ရတဲ့အချိန်ကကျမအိမ်ကိုလွမ်းတဲ့အခါတိုင်း ကမ္ဘာ့မြေပြင်ဘက်စီကို လှမ်းမျှော်ကြည့်
လေ့ရှိပါတယ်။ စခန်းက ကမ္ဘာကို ၉၃ မိနစ် တပါတ်ကျလှည့်ပါတ်နေတာဆိုတော့ နေ့နဲ့ည တလှည့်စီမြင်နေ
ရတာပေါ့။"

"အဲဒီမြင်ကွင်းတွေထဲမှာ ကျမ ထူးထူးခြားခြား သတိပြုမိတာကတော့ မြန်မာနိုင်ငံပါပဲ။ အရင်က မြန်မာနိုင်ငံ

ဆိုတာ မသိပါဘူး။ ဒီလိုထူးထူးခြားခြား မြင်တွေ့နေရတာတွေကြောင့် ဒီနေရာဟာ ဘယ်အရပ်ဒေသလဲဆို
တာ ရှာဖွေကြည့်တော့မှ မြန်မာနိုင်ငံဆိုတာ သိတာပါ။"

"မြန်မာနိုင်ငံပေါ် ညအချိန်ဖြတ်တဲ့အခါတိုင်း လူနေတဲ့ဒေသတွေရဲ့ လျှပ်စစ်မီးရောင်တွေက တစ်နေရာမှာ လင်းလာလိုက် အခြားတစ်နေရာမှာမှိတ်သွားလိုက်နဲ့ မြင်နေရပါတယ်။ တခြားဒေသနိုင်ငံတွေမှာ မတွေ့ရတဲ့ ထူးခြားတဲ့မြင်ကွင်းလေးပါပဲ။ ကျမ မျက်စိထဲမှာတော့ ပိုးစုန်းကြူးလေးတွေ သစ်ကိုင်းမှာ စုပြုံနားနေသလို

မြင်မိတယ်။"
 

မြန်မာနိုင်ငံပေါ်ကနေ ညအချိန်ဖြတ်သန်းတဲ့ အခါတိုင်း အမြဲမြင်နေရတဲ့ လင်းလိုက်မှိတ်လိုက် ပိုးစုန်းကြူး
မြင်ကွင်းဟာ ကျမအတွက် မရိုးနိုင်အောင်ဆန်းနေတော့တာပါပဲရှင်။ ဒါကြောင့် "နွေညများရဲ့ ပိုးစုန်းကြူး" ဆိုပြီး နာမည်လေးတောင် ပေးထားမိပါတယ်။"

ဖြိုးေ၀၀င်း( FB)

0 comments:

Post a Comment