Pages

Wednesday, January 9, 2013

ကေအိုင်အေ ပြန်လွှဲပေးမည့် တပ်မတော်သားစာရင်းတွင် အရာရှိအဆင့်အရာရှိအဆင့်တစ်ယောက်မျှမပါဝင်

ကေအိုင်အိုထံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော တပ်မတော်သား ၂၇ ဦးအား အစိုးရထံသို့ ပြန်
လည်လွှဲပြောင်း ပေးရးအတွက်၈၈မျိုးဆက်ကျောင်းသားများမှတစ်ဆင့်အမည်စာရင်းပေးပို့လိုက်ကြောင်း
သိရသည်။ဇန်နဝါရီ ၇ ရက်နေ့တွင် Myanmar Peace Center မှ ငြိမ်းချမ်းရေးကျွမ်းကျင် ပညာရှင် ဒေါက်တာ
မင်းဇော်ဦးထံသို့ တပ်သား ၂၇ ဦး၏စာရင်း ရောက်ရှိ ခဲ့ကြောင်း ၄င်းက အတည်ပြုသည်။ပြည်ထဲရေး၊ကာကွယ်ရေးနှင့် အခြား သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီးသို့ အဆိုပါစာရင်းကို ပေးပို့လိုက်
ပြီဖြစ်ကြောင်း ဒေါက်တာမင်းဇော်ဦးက ပြော သည်။

''စာရင်းအရ အရာရှိအဆင့် မပါ ပါဘူး။ တပ်သားအဆင့်တွေ ချည်းပါပဲ။ အဲဒီအတွက် အစိုးရဘက်ကနေပြီး ဘယ်လိုဆက်လက် ဆောင်ရွက်သွား မယ်ဆိုတာကိုတော့ ကျွန်တော်က တာဝန်ရှိသူမဟုတ်လို့ မပြောနို
င်
ပါဘူး''ဟုအထက်ပါပုဂ္ဂိုလ်ကဆက်ပြောသည်။ကေအိုင်အိုဘက်မှလည်းတပ်မတော်သားများ ပြန်လည်လွှတ်
ပးရန် အတွက်သက်ဆိုင်ရာဌာနများသို့အကြောင်းကြားသွားမည့်အပြင်အဆိုပါ တပ်သား များ လုံခြုံမှုရှိရေး
အတွက်ကိုပါ စီစဉ်ပြီးမှ ပြန်လည်လွှတ်ပေး မည်ဖြစ်ကြောင်း ကေအိုင်အိုပြောခွင့်ရဦးလနန်က ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။

ငြိမ်းချမ်းရေးကျွမ်းကျင်ပညာရှင
် ဦးမင်းဇော်ဦးက ကေအိုင်အေဘက်သို့ ရောက်ရှိနေသည့်တပ်မတော်သား
များအား ပြန်လည် လွှတ်ပေးခြင်းသည် နှစ်ဖက် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ကောင်းမွန်သည့်ဘက်သို့ ဦးတည်နေကြောင်း သုံးသပ်သည်။

၂ဝ၁၂ ခုနှစ် မေလနှင့် ဇွန်လများက သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ကေအိုင်အေ စစ်ဦးစီး
ချုပ် ဗိုလ်ချုပ်ဂွမ်မော် တို့တွေ့ဆုံကြစဉ် ကေအိုင်အိုဘက်က ၄င်းတို့ထံတွင် ရောက်ရှိနေ သည့် စစ်သားများ
 ပြန်လည်လွှတ်ပေးမည် ဆိုသည့်အကြောင်း ကမ်းလှမ်းခဲ့ခြင်းအပေါ်ဦးအောင်မင်းကအကြိမ်ကြိမ်ဆက်သွယ်
ခဲ့သော်လည်း ကေအိုင်အို ဘက်မှ လွှဲပြောင်း ပေးအပ်ခြင်းမရှိခဲ့ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် တစ်ဦး
က ပြောသည်။

မင်းသုအောင်၊ သုတလင်း
Popular Myanmar News Journal
 

0 comments:

Post a Comment

 
world time