Pages

Wednesday, January 9, 2013

နယ်မြေမငြိမ်းချမ်းသည့်ကြားက ကချင်ပြည်နယ်မှ သစ်လုံးများ တရုတ်သို့ တရားမ၀င်တင်ပို့နေဆဲ

နယ်မြေမငြိမ်းချမ်းသည့်ကြားက ကချင်ပြည်နယ်မှ သစ်လုံးများ တရုတ်သို့ တရားမ၀င်တင်ပို့နေ

လိုင်ဇာ၊ ဇန်န၀ါရီ-၎

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားပြီး နယ်မြေမငြိမ်မသက်ဖြစ်နေသော်လည်း နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ်နိုင်ငံသို့ တရားမ၀င် သစ်လုံးတင်ပို့မှုများမှာ  ပုံမှန်ရှိနေဆဲ  ဖြစ်ကြောင်း ဒေသခံများနှင့် မကြာသေးမီက ထုတ်ပြန်လိုက်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စုံစမ်းထောက်လှမ်းရေး အေဂျင်စီ (EIA) ၏ စစ်တမ်းတစ်ခုတွင် ဖော်ပြချက်များအရ သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ချောင်းတစ်ခုသာခြားသော လိုင်ဇာမြို့ရှိ တရားမ၀င်ဖြတ်သန်းသော လမ်းကြောင်းတွင် တန်းစီ ရပ်နားထားသော သစ်လုံးတင်ကားများကို လက်ညှိုးညွှန်ရင်း ဒေသခံတစ်ဦးက “ဒီသစ်လုံးကားတွေက တရုတ်ဘက်ကို သွားမယ့်ကားတွေ။ စစ်ပွဲတွေဖြစ်နေတာတောင် ဒီကားတွေက အမြဲသွားနေတာပဲ” ဟု ဒီဇင်ဘာလ ၂၅ ရက်က ပြောကြားခဲ့သည်။

လိုင်ဇာမြို့ကိုဖြတ်ကာ တစ်ဖက်နိုင်ငံသို့ မှောင်ခိုတင်ပို့သော သစ်လုံးကားများကို အမြဲလိုလို မြင်တွေ့နေရကြောင်း ဒေသခံများက ပြောကြသည်။

“တိုက်ပွဲတွေဖြစ်နေလည်း သစ်လုံးတွေက ထွက်နေတာပဲ။ ဒါကိုတောင် အခွင့်ကောင်းယူပြီး သစ်ခိုးထုတ်နေတဲ့သူတွေ အများကြီးပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်တွင်း တိုက်ပွဲများ ပြင်းထန်လျက်ရှိသော်လည်း နယ်နိမိတ်ချင်း ထိစပ်နေ သော ယူနန်ပြည်နယ်သို့ သစ်အလုံးလိုက် တင်ပို့မှုများမှာ နေ့စဉ်လိုလိုရှိပြီး တရုတ်နိုင်ငံသို့ မှောင်ခိုလမ်းကြောင်းမှ ဖြတ်သန်းကာ အများဆုံးတင်ပို့နေကြောင်း ဒေသခံများနှင့် EIA ၏ တရုတ်နိုင်ငံ၏ မှောင်ခိုသစ်လုပ်ငန်း (China's trade in illegal timber) စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၁၂ နှစ်ဆန်းပိုင်းက မြန်မာနိုင်ငံတွင်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့တွင် စုံစမ်းထောက်လှမ်းခဲ့ရာမှ တွေ့ရှိချက်များကို နိုဝင်ဘာလက စစ်တမ်းတစ်စောင်ထုတ်ပြန်ခဲ့ပြီး ထိုစစ်တမ်းတွင် မြန်မာနိုင်ငံမှ ယူနန်ပြည်နယ်သို့ 
တရားမ၀င် တင်ပို့နေသော သစ်လုံးပမာဏမှာ တစ်နှစ်လျှင် ကုဗမီတာ တစ်သန်းရှိကြောင်း ဖော်
ပြထားသည်။ EIA ၏  နိုဝင်ဘာလက ထုတ်ပြန်ခဲ့သော ထိုစစ်တမ်းတွင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်
ပြည်နယ်အတွင်းမှ သစ်တောများသည် တရုတ်နိုင်ငံ ဈေးကွက်ကို ဖြည့်ဆည်းနေရသည့်အတွက် အဆိုးဝါးဆုံး အနေအထားသို့ ရောက်ရှိနေကြောင်း သုံးသပ်ထားသည်။

ကချင်ပြည်နယ်တွင်းမှ ယူနန်ပြည်နယ်သို့ နယ်စပ်မှ တရားမ၀င် တင်ပို့နေသော ဂိတ်ငါးခုကို စုံစမ်းထောက်လှမ်း တွေ့ရှိခဲ့မှုများအရ အများဆုံး တင်ပို့နေသော သစ်အမျိုးအစားများမှာ ပြည်နယ်အတွင်း အများဆုံးပေါက်ရောက်သော ထင်းရှူး၊ ၀က်သစ်ချ၊ ဘုဇပတ်စသည့် သစ်အမျိုးအစားများ အများဆုံးဖြစ်ကြောင်း EIA  စစ်တမ်းတွင် ဖော်ပြထားသည်။

တရားမ၀င် သစ်တင်ပို့မှုကို လေ့လာစောင့်ကြည့်သော နိုင်ငံတကာ အဖွဲ့တစ်ဖွဲ့ဖြစ်သည့်
Global Witness အဖွဲ့က ခန့်မှန်းသည်မှာ ၂၀၀၃ ခုနှစ်အတွင်းက မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ တရားမ၀င် တင်ပို့ခဲ့သော သစ်လုံးပမာဏမှာ ကုဗမီတာကိုးသိန်းရှိပြီး ထိုပမာဏ၏ သုံးပုံနှစ်ပုံမှာ ကချင်ပြည်နယ်မှ ဖြစ်ကြောင်း ယင်းအဖွဲ့ကဆိုထားသည်။

တရုတ်နှင့် မြန်မာနှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ကာ သစ်တင်ပို့ခြင်းမပြုရန် ၂၀၀၆ ခုနှစ်ကတည်းက သဘောတူထား
ခဲ့သော်လည်း ပြည်နယ်တွင်းဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ယခုနှစ်များ၌ တရားမ၀င်တင်ပို့မှု ပိုမိုများပြားလာကြောင်း EIA စစ်တမ်းက ဆိုထားသည်။

ကချင်ပြည်နယ်မှ ယူနန်ပြည်နယ်သို့ သစ်လုံးများ တရားမ၀င်တင်ပို့ရာ လမ်းကြောင်းများကို လျှို့ဝှက်စွာ စုံစမ်းထောက်လှမ်းခဲ့ရာ တရားမ၀င် မှောင်ခိုလမ်းကြောင်းများစွာမှ ခိုးထုတ်နေသည်ကိုတွေ့ရပြီး ကချင်ပြည်နယ်ရှိ တောင်များတွင် သစ်တောများ မကျန်တော့သလောက် ဖြစ်နေကာ နယ်စပ်တစ်လျှောက်တရုတ်နိုင်ငံဘက်ခြမ်း Gaoligong သဘာဝထိန်းသိမ်းရေး တောတွင်မူသစ်တောများ မပျက်မစီးအောင် ပကတိအတိုင်း ထိန်းသိမ်းထား
သည်ကို တွေ့ရကြောင်းစစ်တမ်းတွင်ဖော်ပြသည်။

မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုဧရိယာမှာ တစ်နိုင်ငံလုံး၏ ၂၄ ရာခိုင်နှုန်းသာကျန်ရှိတော့ပြီး သစ်တောပြုန်းတီးမှုများ လျော့နည်းစေရန် သစ်အလုံးလိုက်တင်ပို့မှုကို ၂၀၁၄ ခုနှစ်တွင် တားမြစ်သွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
နေ့စဉ်ကားကြီးကားငယ်များဖြင့် တရုတ်ပြည်သို့ တရာမ၀င်ရောင်းချနေသော မြန်မာ့ ကျွန်းသစ်များ
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားပြီး နယ်မြေမငြိမ်မသက်ဖြစ်နေသော်လည်း နယ်နိမိတ်ချင်း ထိ
စပ်နေသော တရုတ်နိုင်ငံသို့ တရားမ၀င် သစ်လုံးတင်ပို့မှုများမှာ ပုံမှန်ရှိနေဆဲ ဖြစ်ကြောင်း ဒေသခံများနှင့်
မကြာသေးမီက ထုတ်ပြန်လိုက်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစုံစမ်းထောက်လှမ်းရေး အေဂျင်
စီ (EIA) ၏ စစ်တမ်းတစ်ခုတွင် ဖော်ပြချက်များအရ သိရသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ချောင်းတစ်ခုသာခြားသော လိုင်ဇာမြို့ရှိ တရားမ၀င်ဖြတ်သန်းသော လမ်း
ကြောင်းတွင် တန်းစီ ရပ်နားထားသော သစ်လုံးတင်ကားများကို လက်ညှိုးညွှန်ရင်း ဒေသခံတစ်ဦးက “ဒီသစ်
လုံးကားတွေက တရုတ်ဘက်ကိုသွားမယ့်ကားတွေ။စစ်ပွဲတွေဖြစ်နေတာတောင်ဒီကားတွေက အမြဲသွားနေ
တာပဲ” ဟု ဒီဇင်ဘာလ ၂၅ ရက်က ပြောကြားခဲ့သည်။

လိုင်ဇာမြို့ကိုဖြတ်ကာ တစ်ဖက်နိုင်ငံသို့ မှောင်ခိုတင်ပို့သော သစ်လုံးကားများကို အမြဲလိုလို မြင်တွေ့နေရ

ကြောင်း ဒေသခံများက ပြောကြသည်။

“တိုက်ပွဲတွေဖြစ်နေလည်း သစ်လုံးတွေက ထွက်နေတာပဲ။ ဒါကိုတောင် အခွင့်ကောင်းယူပြီး သစ်ခိုးထုတ်

နေတဲ့သူတွေ အများကြီးပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒီသစ်တွေက ဘယ်ကိုသွားနေတာလဲ။ ၆ မိနစ်မှာ သစ်ကားတစီးထွက်နေတယ်။ နိင်ငံတော်အတွက်လဲ အခွန် မတိုးလာပါ။ တပ်မတော်သားတွေဘ၀လဲတိုးတက်မလာပါ။ 
ပြည်သူကျမ္မာရေး၊ ပညာရေးလဲမြင့်တက်မလာပါ။  ၆ မိနစ်ကိုသစ်ကားတစီးထွက်နေတယ်။ 
၂၄ နှစ်ရှိသွားပြီ။  ကုန်ခါနီးပြီလို့ ဆိုပါတယ်။ ဒီသစ်တွေက တရုပ်ပြည်ဖက်ကို ပို့ နေကြတာပါ။ 
ဒီဒေသမှာတာဝန်ကျတဲ့သာမန် တပ်ရင်းမှုးတယောက် တောင် အိမ်လေးလောက် ရှိတယ်လို့ ဆိုကြပါတယ်။

အခုဓာတ်ပုံမှာမြင်ရတဲ့ဒီသစ်တွေက ဘယ်ကိုသွားနေတာလဲ။ ၆ မိနစ်မှာ သစ်ကားတစီးထွက်နေတယ်။ နိင်
ငံတော်အတွက်လဲအခွန်မတိုးလာပါ။တပ်မတော်သားတွေဘ၀လဲတိုးတက်မလာပါ။ပြည်သူကျမ္မာရေး၊ ပညာ
ရေးလဲမြင့်တက်မလာပါ။ ၆ မိနစ်ကိုသစ်ကားတစီးထွက်နေတယ်။၂၄ နှစ်ရှိသွားပြီ။ကုန်ခါနီးပြီလို့ ဆိုပါတယ်
။ဒီသစ်တွေက တရုပ်ပြည်ဖက်ကို ပို့ နေကြတာပါ။ ဒီဒေသမှာတာဝန်ကျတဲ့သာမန် တပ်ရင်းမှုးတယောက်
တာင် အိမ်လေးလုံးလောက် ရှိတယ်လို့ ဆိုကြပါတယ်။

ကချင်ပြည်နယ်တွင်း တိုက်ပွဲများ ပြင်းထန်လျက်ရှိသော်လည်း နယ်နိမိတ်ချင်း ထိစပ်နေ သော ယူနန်ပြည်
နယ်သို့ သစ်အလုံးလိုက် တင်ပို့မှုများမှာ နေ့စဉ်လိုလိုရှိပြီး တရုတ်နိုင်ငံသို့ မှောင်ခိုလမ်းကြောင်းမှ ဖြတ်သန်း
ကာအများဆုံးတင်ပို့နေကြောင်း ဒေသခံများနှင့် EIA၏တရုတ်နိုင်ငံ၏ မှောင်ခိုသစ်လုပ်ငန်း (China's trade 
 in illegal timber) စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၁၂ နှစ်ဆန်းပိုင်းက မြန်မာနိုင်ငံတွင်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့တွင် စုံစမ်းထောက်လှမ်းခဲ့ရာမှ

တွေ့ရှိချက်များကို နိုဝင်ဘာလကစစ်တမ်းတစ်စောင်ထုတ်ပြန်ခဲ့ပြီးထိုစစ်တမ်းတွင် မြန်မာနိုင်ငံမှယူနန်ပြည်
နယ်သို့ တရားမ၀င် တင်ပို့နေသော သစ်လုံးပမာဏမှာ တစ်နှစ်လျှင် ကုဗမီတာတစ်သန်းရှိကြောင်း ဖော်ပြ
ထားသည်။ EIA ၏နိုဝင်ဘာလကထုတ်ပြန်ခဲ့သောထိုစစ်တမ်းတွင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်
အတွင်းမှ သစ်တောများသည် တရုတ်နိုင်ငံ ဈေးကွက်ကို ဖြည့်ဆည်းနေရသည့်အတွက် အဆိုးဝါးဆုံး အနေ
အထားသို့ ရောက်ရှိနေကြောင်း သုံးသပ်ထားသည်။

ကချင်ပြည်နယ်တွင်းမှ ယူနန်ပြည်နယ်သို့ နယ်စပ်မှ တရားမ၀င် တင်ပို့နေသော ဂိတ်ငါးခုကို စုံစမ်းထောက်

လှမ်း တွေ့ရှိခဲ့မှုများအရအများဆုံးတင်ပို့နေသောသစ်အမျိုးအစားများမှာ ပြည်နယ်အတွင်းအများဆုံးပေါက်
ရောက်သော ထင်းရှူး၊ ၀က်သစ်ချ၊ ဘုဇပတ်စသည့် သစ်အမျိုးအစားများ အများဆုံးဖြစ်ကြောင်း EIA စစ်
တမ်းတွင် ဖော်ပြထားသည်။

တရားမ၀င် သစ်တင်ပို့မှုကို လေ့လာစောင့်ကြည့်သော နိုင်ငံတကာ အဖွဲ့တစ်ဖွဲ့ဖြစ်သည့်Global Witness အဖွဲ့

က ခန့်မှန်းသည်မှာ ၂၀၀၃ ခုနှစ်အတွင်းက မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ တရားမ၀င် တင်ပို
့ခဲ့သောသစ်လုံးပမာဏမှာကုဗမီတာကိုးသိန်းရှိပြီးထိုပမာဏ၏သုံးပုံနှစ်ပုံမှာကချင်ပြည်နယ်မှ ဖြစ်ကြောင်း
ယင်းအဖွဲ့ကဆိုထားသည်။

တရုတ်နှင့် မြန်မာနှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ကာ သစ်တင်ပို့ခြင်းမပြုရန် ၂၀၀၆ ခုနှစ်ကတည်းက သဘောတူထားခဲ့သော်လည်း ပြည်နယ်တွင်းဖြစ်ပွားနေသော ပဋိပက္ခများကြောင့်ထိရောက်စွာထိန်းချုပ်နိုင်

ခြင်းမရှိဘဲ ယခုနှစ်များ၌ တရားမ၀င်တင်ပို့မှု ပိုမိုများပြားလာကြောင်း EIA စစ်တမ်းက ဆိုထားသည်။

ကချင်ပြည်နယ်မှ ယူနန်ပြည်နယ်သို့ သစ်လုံးများ တရားမ၀င်တင်ပို့ရာ လမ်းကြောင်းများကို လျှို့ဝှက်စွာ စုံ

စမ်းထောက်လှမ်းခဲ့ရာ တရားမ၀င် မှောင်ခိုလမ်းကြောင်းများစွာမှ ခိုးထုတ်နေသည်ကိုတွေ့ရပြီး ကချင်ပြည်
နယ်ရှိ တောင်များတွင် သစ်တောများ မကျန်တော့သလောက် ဖြစ်နေကာ နယ်စပ်တစ်လျှောက်တရုတ်နိုင်ငံ
ဘက်ခြမ်း Gaoligong သဘာဝထိန်းသိမ်းရေး တောတွင်မူသစ်တောများ မပျက်မစီးအောင် ပကတိအတိုင်း ထိန်းသိမ်းထားသည်ကို တွေ့ရကြောင်းစစ်တမ်းတွင်ဖော်ပြသည်။

မြန်မာနိုင်ငံတွင်သစ်တောဖုံးလွှမ်းမှုဧရိယာမှာတစ်နိုင်ငံလုံး၏၂၄ ရာခိုင်နှုန်းသာကျန်ရှိတော့ပြီးသစ်တော

ပုန်းတီးမှုများ လျော့နည်းစေရန် သစ်အလုံးလိုက်တင်ပို့မှုကို ၂၀၁၄ ခုနှစ်တွင်တားမြစ်သွားမည်ဖြစ်ကြောင်း
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
7days News:

0 comments:

Post a Comment