Pages

Wednesday, January 9, 2013

"ကချင်ပဋိပက္ခ လေကြောင်းထိုးစစ်ရပ်ဆိုင်းရန် ကုလနှင့် အမေရိကန်တိုက်တွန်း"

"ကချင်ပဋိပက္ခ လေကြောင်းထိုးစစ်ရပ်ဆိုင်းရန် ကုလနှင့် အမေရိကန်တိုက်တွန်း"


ကချင်ပြည်နယ်ပဋိပက္ခတွင် အစိုးရ၏လေကြောင်းထိုးစစ်ဆင်နွှဲခြင်းအား ရပ်တန့်ရန် ကုလသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က မြန်မာအစိုးရကို တိုက်တွန်းပြောဆိုထားသည်။
	
ကချင်ပြည်နယ်တွင် ဖြစ်ပွား နေသော အစိုးရတပ်များနှင့် ကချင် လွတ်မြောက်ရေးတပ်များ၏ တိုက် ပွဲများတွင် အစိုးရက လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အမေရိကန် အစိုးရအနေနှင့်  များစွာစိတ် အ နှောင့် အယှက်ဖြစ်နေပြီး တိုက်ပွဲ များ အဆုံးသတ်ရန်အတွက် တွေ့ ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန်တိုက် တွန်းကြောင်း အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယားနူလန်က ဇန်နဝါရီ ၂ ရက်နေ့တွင် ပြောသည်။
	
''ဒီပဋိပက္ခတွေ အဆုံးသတ် ဖို့အတွက် မြန်မာအစိုးရနဲ့ ကေ  အိုင်အို တို့ကို ကျွန်မတို့ စဉ်ဆက်မ ပြတ် တိုက်တွန်းပါတယ်။ မြန်မာ အစိုးရအနေနဲ့လည်း အခြား ပဋိ ပက္ခဒေသတွေမှာ လုပ်နိုင်ခဲ့သလို မျိုး တကယ့်နစ်နာချက် အပေါ် အခြေခံတဲ့ ဆွေးနွေးမှုပြုလုပ်ဖို့ တိုက်တွန်းပါတယ်''ဟု သူမက ပြောသည်။
	
ထို့အတူ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် ဘန်ကီမွန်းကလည်း အရပ်သားများထိခိုက်မည့် သို့မ ဟုတ် ကချင်ပဋိပက္ခ ပိုမိုပြင်း ထန်လာစေမည့် မည်သည့်ကိစ္စကို မဆို ရှောင်ကြဉ်ရန် တိုက်တွန်း ကြောင်း ဇန်နဝါရီလ ၂ ရက်နေ့ ကသတင်းထုတ်ပြန်ထားသည်။
	
ထုတ်ပြန်ချက်တွင် အစိုးရနှင့် ကေအိုင်အေတို့၏ ရန်လိုသော အပြုအမူများသည် နေရပ်စွန့်ခွာ ရှောင်တိမ်းရသူ အများအပြားကို တိုးပွားလာစေပြီး ယင်းတို့မှာ လူ သားချင်း စာနာထောက်ထားမှု အထောက်အကူ ပစ္စည်းများ လို အပ်နေသည်ဟုပါရှိသည်။
	
မြန်မာအစိုးရသည် ကချင် ပဋိပက္ခတွင် လေကြောင်းအင်အား သုံးတိုက်ခိုက်မှုမရှိကြောင်း ရိက္ခာ သယ်ပို့ရန်နှင့်လေ့ကျင့်ရေး ရဟတ် ယာဉ်များသာ အသုံးပြုခဲ့ကြောင်း၊ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော် ဌေးက ငြင်းဆိုခဲ့သော်လည်း ဒီဇင် ဘာ ၃ဝ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် တပ်မတော်က ကေအိုင်အေအား တိုက်ခိုက်ရာ တွင် လေတပ်အထောက်အပံ့များ ရယူခဲ့သည်ဟု ဖော်ပြပါရှိထား သည်။
	
ကချင်ဒေသ စစ်ပွဲတွင် လေ ကြောင်းမှ တိုက်ခိုက်မှုအားရပ်ဆိုင်း ရန် နိုင်ငံတကာမှ ဖိအားပေး တိုက် တွန်းနေကြသည့်နည်းတူ မြန်မာ အစိုးရအပေါ် ဖိအားပေးတောင်း ဆိုရန်အတွက် အာဆီယံနိုင်ငံများ အား အာရှ-ပစိဖိတ်ဒေသ စည်းလုံး ညီညွတ်ရေးကောင်စီ (APSC)က တိုက်တွန်းထားကြောင်း သိရ သည်။
	
APSC ၏ ဇန်နဝါရီ ၈ ရက် နေ့ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် အာဆီယံဒေသတွင်း ဖွဲ့စည်းပုံစည်း မျဉ်းနှင့် နိုင်ငံတကာဥပဒေများအရ ကချင်ဒေသတွင် လေကြောင်းအင် အားသုံးတိုက်ခိုက်နေသည့် မြန်မာ အစိုးရ၏ လုပ်ရပ်ကို ဖိအားပေး ရပ်ဆိုင်းစေရန်မှာ အာဆီယံ၏ ရှောင်လွှဲမရသောတာဝန် တစ်ခုဆို ထားသည်။
	
၁၇ နှစ်ကြာ အပစ်အခတ်ရပ် စဲရေး သဘောတူညီထားခဲ့သော ကေအိုင်ေ အနှင့် အစိုးရတပ်များ ကြား ၂ဝ၁၁ ခုနှစ် ဇွန်လ မှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလအထိ တိုက်ပွဲပေါင်း (၂၄ဝဝ)ဖြစ်ပွားခဲ့ သည်။ အစိုးရ၏ လေကြောင်းတိုက် ခိုက်မှုကြောင့် လူ ၃ဝဝ ထက်မနည်း သေဆုံးခဲ့ရသဖြင့် လူဦးရေ ၇၅ဝဝဝ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရ သည်ဟု လူ့အခွင့်အရေးအုပ်စု များက ဆိုကြသည်။
	
APSC က အာဆီယံနိုင်ငံများ အနေဖြင့် ကချင်စစ်ပွဲတွင် လေတပ် မသုံးရန်သာမက ဒုက္ခသည်များထံ အထောက်အပံ့များ အတားအဆီး ကင်းကင်းဖြင့် ပေးပို့လှူဒါန်းနိုင် ရေးကိုလည်း တောင်းဆိုသင့်သည် ဟုဆိုထားသည်။        

PN-055
Ref: AFP

ကချင်ပြည်နယ်ပဋိပက္ခတွင် အစိုးရ၏လေကြောင်းထိုးစစ်ဆင်နွှဲခြင်းအား ရပ်တန့်ရန် ကုလသမဂ္ဂနှင့် အမေ
ရိကန်ပြည်ထောင်စုတို့က မြန်မာအစိုးရကို တိုက်တွန်းပြောဆိုထားသည်။ ကချင်ပြည်နယ်တွင် ဖြစ်ပွား နေသော အစိုးရတပ်များနှင့် ကချင် လွတ်မြောက်ရေးတပ်များ၏ တိုက် ပွဲများတွင် အစိုးရက လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အမေရိကန် အစိုးရအနေနှင့် များစွာစိတ် အ နှောင့် အယှက်ဖြစ်နေပြီး တိုက်ပွဲ များ အဆုံးသတ်ရန်အတွက် တွေ့ ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန်တိုက် တွန်းကြောင်း အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယားနူလန်က ဇန်နဝါရီ ၂ ရက်နေ့တွင် ပြောသည်။

''ဒီပဋိပက္ခတွေ အဆုံးသတ် ဖို့အတွက် မြန်မာအစိုးရနဲ့ ကေ အိုင်အို တို့ကို ကျွန်မတို့ စဉ်ဆက်မ ပြတ် တိုက်
တွန်းပါတယ်။ မြန်မာ အစိုးရအနေနဲ့လည်း အခြား ပဋိ ပက္ခဒေသတွေမှာ လုပ်နိုင်ခဲ့သလို မျိုး တကယ့်နစ်
နာချက် အပေါ် အခြေခံတဲ့ ဆွေးနွေးမှုပြုလုပ်ဖို့ တိုက်တွန်းပါတယ်''ဟု သူမက ပြောသည်။

ထို့အတူ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် ဘန်ကီမွန်းကလည်း အရပ်သားများထိခိုက်မည့် သို့မ ဟုတ် ကချင်
ပဋိပက္ခ ပိုမိုပြင်း ထန်လာစေမည့် မည်သည့်ကိစ္စကို မဆို ရှောင်ကြဉ်ရန် တိုက်တွန်း ကြောင်း ဇန်နဝါရီလ ၂ ရက်နေ့ ကသတင်းထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် အစိုးရနှင့် ကေအိုင်အေတို့၏ ရန်လိုသော အပြုအမူများသည် နေရပ်စွန့်ခွာ ရှောင်တိမ်း
ရသူ အများအပြားကို တိုးပွားလာစေပြီး ယင်းတို့မှာ လူ သားချင်း စာနာထောက်ထားမှု အထောက်အကူ ပစ္စည်းများ လို အပ်နေသည်ဟုပါရှိသည်။

မြန်မာအစိုးရသည် ကချင် ပဋိပက္ခတွင် လေကြောင်းအင်အား သုံးတိုက်ခိုက်မှုမရှိကြောင်း ရိက္ခာသယ်ပို့ရန
နှင့်လေ့ကျင့်ရေး ရဟတ် ယာဉ်များသာ အသုံးပြုခဲ့ကြောင်း၊ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော် ဌေးက ငြင်း
ဆိုခဲ့သော်လည်း ဒီဇင် ဘာ ၃ဝ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် တပ်မတော်က ကေအိုင်အေအား တိုက်ခိုက်ရာ တွင် လေတပ်အထောက်အပံ့များ ရယူခဲ့သည်ဟု ဖော်ပြပါရှိထား သည်။

ကချင်ဒေသ စစ်ပွဲတွင် လေ ကြောင်းမှ တိုက်ခိုက်မှုအားရပ်ဆိုင်း ရန် နိုင်ငံတကာမှ ဖိအားပေး တိုက် တွန်း
နကြသည့်နည်းတူ မြန်မာ အစိုးရအပေါ် ဖိအားပေးတောင်း ဆိုရန်အတွက် အာဆီယံနိုင်ငံများ အား အာရှ
-ပစိဖိတ်ဒေသ စည်းလုံး ညီညွတ်ရေးကောင်စီ (APSC)က တိုက်တွန်းထားကြောင်း သိရ သည်။

APSC ၏ ဇန်နဝါရီ ၈ ရက် နေ့ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် အာဆီယံဒေသတွင်း ဖွဲ့စည်းပုံစည်း မျဉ်းနှင့်
 နိုင်ငံတကာဥပဒေများအရ ကချင်ဒေသတွင် လေကြောင်းအင် အားသုံးတိုက်ခိုက်နေသည့် မြန်မာ အစိုးရ၏ လုပ်ရပ်ကို ဖိအားပေး ရပ်ဆိုင်းစေရန်မှာ အာဆီယံ၏ ရှောင်လွှဲမရသောတာဝန် တစ်ခုဆို ထားသည်။

၁၇ နှစ်ကြာ အပစ်အခတ်ရပ် စဲရေး သဘောတူညီထားခဲ့သော ကေအိုင်ေ အနှင့် အစိုးရတပ်များ ကြား ၂ဝ၁၁ ခုနှစ် ဇွန်လ မှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလအထိ တိုက်ပွဲပေါင်း (၂၄ဝဝ)ဖြစ်ပွားခဲ့ သည်။ အစိုးရ၏ လေကြောင်းတိုက် ခိုက်မှုကြောင့် လူ ၃ဝဝ ထက်မနည်း သေဆုံးခဲ့ရ
သဖြင့် လူဦးရေ ၇၅ဝဝဝ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရ သည်ဟု လူ့အခွင့်အရေးအုပ်စု များက ဆိုကြ
သည်။

APSC က အာဆီယံနိုင်ငံများ အနေဖြင့် ကချင်စစ်ပွဲတွင် လေတပ် မသုံးရန်သာမက ဒုက္ခသည်များထံ အထောက်အပံ့များ အတားအဆီး ကင်းကင်းဖြင့် ပေးပို့လှူဒါန်းနိုင် ရေးကိုလည်း တောင်းဆိုသင့်သည် ဟုဆိုထားသည်။


PN-055
Ref: AFP
Popular Myanmar News Journal

0 comments:

Post a Comment