Pages

Saturday, December 22, 2012

နှစ်သစ်ကူးကာလတွင် အသစ်ထည့်သွင်းလိုက်သော Facebook privacy shortcuts များအကြောင်း





Facebook ဟာ သုံးစွဲသူများရဲ့ မျှဝေတဲ့ ဓာတ်ပုံတွေ နှင့် update status လုံခြုံရေးကိုအရိုးရှင်းဆုံးနဲ့ အလွယ်ကူ
ဆုံးအထောက်အကူပြုနိုင်မဲ့privacy shortcutsများကိုထည့်သွင်းပေးထားတာတွေ့ရမှာပါ။ဒီလိုprivacyshortcuts
များကိုUS ကuser များထံစတင်ထည့်သွင်းပေးခဲ့ပြီးအခုအချိန်မှာတော့ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ user တွေ
အတွက်ပါ ထည့်သွင်းပေးလိုက်ပါပြီ။


-Blocking

Facebook မှာ မိမိကို စိတ်အနှောက်အယှက်ဖြစ်နေတဲ့ သူတွေ၊အဆက်အသွယ်မလုပ်လိုတဲ့ သူတွေကို Block ချင်ရင် အရင်လို setting ထဲကနေ အရှည်ကြီး ၀င်နေစရာ မလိုတော့ပါဘူး။



Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး တတိယအကြောင်းမှာ  မိမိ Block လိုတဲ့ user ရဲ့ နာမည်(သို့)သူ့ရဲ့ email လိပ်စာကို ရိုက်ထည့်လိုက်ရုံပါပဲ။

ဒါ့အပြင် သင်ယခင်က block ထားတဲ့ သူတွေရဲ့ စာရင်းကိုကြည့်နိုင်ဖို့ View All Blocked Users ဆိုတာကိုပါ ထည့်သွင်းပေးထားတာတွေ့ရပါတယ်။

-Privacy Shortcuts

Save

Facebook Privacy shortcuts pop-up box ရဲ့ ပထမအကြောင်းဖြစ်တဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းကို click နှိပ်လိုက်ပါ။

Who can see my future posts? ဆိုတဲ့ နေရာမှာ သင့်ရဲ့ post အသစ်အကုန်လုံးကို ဘယ်လို လုံခြုံရေးထားချင်သလဲဆိုတာကို မူတည်ပြီး လွယ်ကူစွာ ထိန်းချုပ်နိုင်အောင် လုပ်ထားပေးတာဖြစ်ပါတယ်။

နောက် Facebook Privacy shortcuts pop-up box ရဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းမှာရှိတဲ့ ဒုတိ
ယ အကြောင်းဖြစ်တဲ့ Where can I review all my posts and things I’m tagged in? ဆိုတဲ့နေရာမှာတော့ သင်မ
တင်ခဲ့ဘဲ Tag လုပ်ခံထားရတဲ့ ပုံတွေ စာသားတွေကို ပါ ထိန်းချုပ်တာဖျက်ပစ်လို့ရမှာဖြစ်ပါတယ်။
222

ပြီးတော့ သင်မလိုတော့တဲ့ အတိတ်က ပိုစ့်အကုန်လုံးကို တစ်နေရာထဲကနေ ဖျက်ပစ်နိုင်မှာပါ။Facebook
Privacy shortcuts pop-up box ရဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်
တဲ့What do other people see on my timeline? ဆိုတဲ့ လုံခြုံရေးအတွက် အသုံးဝင်ပုံအကြောင်းကို ရှင်းပြသွား
ပါမယ်။

WW

မိမိရဲ့ Profile ကို မည်သူက ၀င်ကြည့်ရင် ဘယ်လိုပေါ်နေလဲ ဆိုတာ သိချင်ကြပါတယ်။ ဒါကြောင့် “who can see my stuff?” ဆိုတဲ့စာကြောင်းမှာရှိတဲ့တတိယအကြောင်းဖြစ်တဲ့What do other people see on my timeline?
ကိုဝင်ပြီး View As ကို နှိပ်လိုက်ပါ။

ဒါဆိုရင် သင့်ရဲ့  profile ကို ပေါ်လာပြီး This is what your timeline looks like to: ဆိုတဲ့နေရာမှာ မိမိသိလိုတဲ့ သူငယ်ချင်းနာမည်ကို ရိုက်ထည့်လိုက်ရုံပါပဲ။

နောက်ဆုံးအချက်ကတော့

Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး ဒုတိယအကြောင်းဖြစ်တဲ့ “who can contact me” ကို click လိုက်ပါ။

Fi

ပထမဆုံးအကြောင်းဖြစ်တဲ့Whose messages do I want filtered into my Inbox?ဆိုတာကတော့မိမိကိုmessage
ပေးပို့နေတဲ့ သူတွေကို ထိန်းချုပ်နိုင်ဖို့ ထည့်သွင်းပေးထားတာပါ။

ဒုတိယအကြောင်းဖြစ်တဲ့Who can send me friend requests?ဆိုတာကတော့ဘယ်သူတွေကသူငယ်ချင်းဖြစ်
ခွင့် ပို့လို့ရအောင် ထိန်းချုပ်မလဲဆိုတာပဲဖြစ်ပါတယ်။

ဥပမာအနေနဲ့ ပြောရရင်မိမိနဲ့သူငယ်ချင်းဖြစ်လိုသူကြားမှာ ကြားခံသူငယ်ချင်း(Mutual) မရှိရင် friend request
ဆိုတဲ့ button ကို နှိပ်ခွင့်ပေးဖို့ နေနေသာသာ တဘက်လူက ရှာလို့ ရမှာတောင်မဟုတ်ပါဘူး။


နှစ်သစ်မှာ Facebook ဒီဇိုင်းအသစ်လေးနဲ့ပျော်ရွင်နိုင်ကြပါစေဗျာ.......................



NewsOfMyanmar Blogမှတဆင့်
ကိုလတ်(ပန်ဘဲတန်း) 

0 comments:

Post a Comment