Pages

Saturday, December 22, 2012

မြန်မာ့ဆက်သွယ်ရေးက မိုဘိုင်းဆားဗစ်စင်တာ ဖွင့်မည်

မြန်မာ့ဆက်သွယ်ရေးက မိုဘိုင်းဆားဗစ်စင်တာပါ ဖွင့်မည်
Saturday, 22 December 2012

မိုဘိုင်းဖုန်းအသုံးပြုသူများအဆင်ပြေစေရန် Customer Care Center 
များ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း   မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သိရှိရသည်။

အဆိုပါ မိုဘိုင်းဆားဗစ်စင်တာ၌ မိုဘိုင်းဟမ်းဆက်များအား ပြုပြင်ပေးခြင်း၊ ဆင်းကဒ်များအား ရောင်းချပေးခြင်း၊ ဆင်းကဒ်နှင့်ပတ်သက်သည့် Customer Complain များကို ဖြေရှင်းပေးခြင်း၊ ဆင်းကဒ် ၀န်ဆောင်မှုပေးခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ ဆားဗစ်စင်တာအား ရွှေဂုံတိုင်၊ အလုံနှင့် ပန်းဆိုးတန်းရှိ
မြန်မာ့ဆက်သွယ်ရေးရုံးများ၌ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပန်းဆိုးတန်း
ဆက်သွယ်ရေးရုံးအား ပြန်လည်ပြင်ဆင်ပြီးမှ ဖွင့်လှစ် သွားမည်
ဖြစ်ကြောင်းကိုလည်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လာမည့်နှစ်ဆန်းပိုင်းတွင် 3G မိုဘိုင်းဖုန်းလိုင်း ၁ ဒဿမ ၂၆ သန်း အား တိုးချဲ့တပ်ဆင်
သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

“အခုလို မိုဘိုင်းတယ်လီဖုန်းတွေ တိုးချဲ့တပ်ဆင်လာတဲ့အတွက်
နောက်ပိုင်းမှာ ဖုန်းအသုံးပြုသူတွေ အဆင်မပြေဖြစ်လာရင်
ဖြေရှင်းပေးနိုင်ဖို့အတွက် Customer Care Center များပါ ဖွင့်လှစ်ဖို့ 
စီစဉ် ထားတာ ဖြစ်တယ်”ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးကပြောသည်။

လာမည်နှစ်ဆန်းပိုင်းအတွင်း ထပ်မံချထားပေးမည့် 3Gမိုဘိုင်းဖုန်းများ
အတွက်  Sim ကဒ် ရောင်းချ မှုကို မြန်မာ့ဆက်သွယ်ရေး မှသာ ရောင်းချပေးသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း
ရောင်းချမှုများကို နေရာ (၁၈) နေရာခွဲပြီး၍ ရောင်းချပေး သွားမည်ဖြစ်ကြောင်းသိရသည်။

3G GSM Sim ကဒ်ရောင်းချပေးမည့် နေရာများမှာ - လမ်း ၄ဝ
အော်တိုအင်ဂျင်နီယာချုပ်ရုံး၊  အမှတ် ၁၂၅ ပန်းဆိုး တမ်းလမ်း ကြေးနန်းရုံး (Customer care Service Center)၊  ရွှေဂုံတိုင်ဗဟန်း မိုဘိုင်း
အင်ဂျင်နီယာချုပ်ရုံး၊  အလုံမိုဘိုင်း ဌာနရုံး၊ အမှတ် ၃၉ ဗိုလ်အောင်ကျော်လမ်း တိုင်းမန်နေဂျာ ကြီးရုံး၊  အင်းစိန်စာတိုက်၊  တက္ကသိုလ်စာတိုက် (က မာရွတ်)၊  ဗိုလ်တထောင် စာတိုက်၊  ဒဂုံမြို့သစ် မြောက်ပိုင်းစာတိုက်၊  ရန်ကင်းစာတိုက်၊  ကြေးနန်းဆက်သွယ်
ရေးနှင့် စာတိုက်သင်တန်းကျောင်း၊ ပုဇွန်တောင်၊  သန်လျင်အိတ်ချိန်း၊  သုံးခွအိတ်ချိန်း၊  တွံတေးအိတ်ချိန်း၊  ထန်းတပင်အိတ်ချိန်း၊  မှော်ဘီ
အိတ်ချိန်း၊  တိုက်ကြီးအိတ်ချိန်းနှင့် လှည်းကူးအိတ်ချိန်း စသည့်နေရာများ၌ ဖွင့်လှစ် ရောင်းချပေးသွားမည် ဖြစ်သည်။

ဉာဏ်ဉာဏ် (မြစ်မခ)
Myit Makha Mediagroup

မိုဘိုင်းဖုန်းအသုံးပြုသူများအဆင်ပြေစေရန်Customer Care Centerများဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်းက သိရှိရသည်။ အဆိုပါ မိုဘိုင်းဆားဗစ်စင်တာ၌ မိုဘိုင်းဟမ်းဆက်များအား ပြုပြင်
ပေးခြင်း၊ ဆင်းကဒ်များအား ရောင်းချပေးခြင်း၊ ဆင်းကဒ်နှင့်ပတ်သက်သည့် Customer Complain များကိုဖြေ
ရှင်းပေးခြင်း၊ ဆင်းကဒ် ၀န်ဆောင်မှုပေးခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ ဆားဗစ်စင်တာအား ရွှေဂုံတိုင်၊ အလုံနှင့် ပန်းဆိုးတန်းရှိမြန်မာ့ဆက်သွယ်ရေးရုံးများ၌ ဖွင့်လှစ်သွား
မည်ဖြစ်ပြီး ပန်းဆိုးတန်းဆက်သွယ်ရေးရုံးအား ပြန်လည်ပြင်ဆင်ပြီးမှဖွင့်လှစ်သွားမည်ဖြစ်ကြောင်းကိုလည်း
သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လာမည့်နှစ်ဆန်းပိုင်းတွင် 3G မိုဘိုင်းဖုန်းလိုင်း ၁ ဒဿမ ၂၆ သန်း အား တိုးချဲ့တပ်ဆင်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

“အခုလို မိုဘိုင်းတယ်လီဖုန်းတွေ တိုးချဲ့တပ်ဆင်လာတဲ့အတွက်နောက်ပိုင်းမှာ ဖုန်းအသုံးပြုသူတွေ အဆင်
မပြေဖြစ်လာရင်ဖြေရှင်းပေးနိုင်ဖို့အတွက် Customer Care Center များပါ ဖွင့်လှစ်ဖို့ စီစဉ် ထားတာ ဖြစ်တယ်”
ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးကပြောသည်

လာမည်နှစ်ဆန်းပိုင်းအတွင်း ထပ်မံချထားပေးမည့် 3Gမိုဘိုင်းဖုန်းများအတွက် Sim ကဒ် ရောင်းချ မှုကို မြန်
မာ့ဆက်သွယ်ရေး မှသာ ရောင်းချပေးသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရောင်းချမှုများကို နေ
ရာ (၁၈) နေရာခွဲပြီး၍ ရောင်းချပေး သွားမည်ဖြစ်ကြောင်းသိရသည်။

3G GSM Sim ကဒ်ရောင်းချပေးမည့် နေရာများမှာ - 
 
လမ်း ၄ဝအော်တိုအင်ဂျင်နီယာချုပ်ရုံး၊ အမှတ် ၁၂၅ ပန်းဆိုး တမ်းလမ်း ကြေးနန်းရုံး (Customer care Service Center)၊ ရွှေဂုံတိုင်ဗဟန်း မိုဘိုင်းအင်ဂျင်နီယာချုပ်ရုံး၊အလုံမိုဘိုင်းဌာနရုံး၊အမှတ် ၃၉ဗိုလ်အောင်ကျော်လမ်း
တိုင်းမန်နေဂျာ ကြီးရုံး၊ အင်းစိန်စာတိုက်၊ တက္ကသိုလ်စာတိုက် (က မာရွတ်)၊ ဗိုလ်တထောင် စာတိုက်၊ ဒဂုံမြို့
သစ် မြောက်ပိုင်းစာတိုက်၊ ရန်ကင်းစာတိုက်၊ ကြေးနန်းဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းကျောင်း၊ ပုဇွန်
တာင်၊ သန်လျင်အိတ်ချိန်း၊ သုံးခွအိတ်ချိန်း၊ တွံတေးအိတ်ချိန်း၊ ထန်းတပင်အိတ်ချိန်း၊ မှော်ဘီအိတ်ချိန်း၊ 
တိုက်ကြီးအိတ်ချိန်းနှင့် လှည်းကူးအိတ်ချိန်း စသည့်နေရာများ၌ ဖွင့်လှစ် ရောင်းချပေးသွားမည် ဖြစ်သည်။

ဉာဏ်ဉာဏ်
 (မြစ်မခ)

0 comments:

Post a Comment