Pages

Saturday, December 22, 2012

ဖောက်ထွင်း မှုပေါင်း ၂၆ မှု ကျုးလွန် ထားပြီး မင်္ဂလာ တောင်ညွန့် တရားရုံး အချုပ်မှ ထွက်ပြေး လွတ်မြောက် သွားတဲ့ ဖောက်ထွင်း ဝိဇ္ဇာ နှစ်ဦးကို လာရှိုးမှာ ဖမ်းမိပြီ

အချုပ်ခန်းမှ ထွက်ပြေး သွားသည့် ဖောက်ထွင်း ဝိဇ္ဇာ ကို ၁၀ ရက် အကြာတွင် ဖမ်းမိ

မည်သည့် သော့ အမျိုးအစား ကိုမဆို
ငါးစက္ကန့် တွင်း ဖျက်ဆီး နိုင်စွမ်း ရှိပြီး
 ဖောက်ထွင်း မှုပေါင်း ၂၆ မှု ကျုးလွန်
ထားပြီး မင်္ဂလာ တောင်ညွန့် တရားရုံး
အချုပ်မှ ထွက်ပြေး လွတ်မြောက် သွားသည့် ဖောက်ထွင်း ဝိဇ္ဇာ နှစ်ဦးကို ၁၀ ရက် အကြာတွင် လားရှိုး မြို့တွင် ပြန်လည် ဖမ်းဆီး ရမိ ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ထံမှ စုံစမ်း သိရှိ ရသည်။

နေရာ အနှံ့တွင် ဖမ်းဝရမ်း ထုတ် ကြေငြာ ခဲ့ပြီး ၁၀ ရက် အကြာ ဒီဇင်ဘာလ ၂၀ ရက် နေ့လည် ၁ နာရီ တွင် လားရှိုးမြို့ ၈ ရက်ကွက် တွင် သိမ်းနီ လမ်းမပေါ် အရောက်တွင် ရန်ကုန်တိုင်း ဒုစရိုက် နိမ်နင်းရေး တပ်ဖွဲ့ နှင့် ပူးပေါင်းကာ လက်ရ ဖမ်းဆီး နိုင်ခဲ့ပြီး တရားခံ များကို လားရှိုး အမှတ် ( ၁ ) ရဲစခန်း တွင် ခေတ္တ ထိန်းသိမ်း ထားကြောင်း ရဲစခန်းနှင့် မှုခင်း မှတ်တမ်း များ အရ သိရသည်။

ရှိုးဂန်း ( ခ ) စံလင်းအောင် ( ခ ) ဟာမစ် ၂၇ နှစ်နှင့် ကျော်ဇေယျာလင်း ( ခ ) ဖိုးကျော် ၂၇ နှစ် တို့ကို တိုက်ကြီး မြို့နယ်၊ ဂုံးတန်း ကျေးရွာ အုပ်စု၊ ကောက်ကွေးတန်း ကျေးရွာ တွင် အောက်တိုဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီ အချိန်တွင် ဖောက်ထွင်းမှု ဖြင့် ဖမ်းဆီး ရမိ ခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန် ခန့်တွင် တရား ရုံးတွင် ရုံးထုတ်စဉ် ထွက်ပြေး လွတ်မြောက် သွားခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ထံမှ စုံစမ်း သိရှိ ရသည်။

ဖမ်းဆီး ရမိသူ များကို မင်္ဂလာ တောင်ညွန့် ရဲစခန်းမှ ပြစ်မှု ပေါင်း ၅ မှု၊ ပုဇွန်တောင် ရဲ စခန်းမှ ပြစ်မှုပေါင်း ၃ မှု၊ သင်္ဃန်းကျွန်း ရဲစခန်းမှ ပြစ်မှုပေါင်း ၂ မှု၊ တာမွေ ရဲစခန်းမှ ၂ မှု၊ အလုံ ရဲစခန်းမှ ပြစ်မှုပေါင်း ၂ မှု၊ ကမာရွတ် ရဲစခန်းမှ ပြစ်မှုပေါင်း ၄ မှု၊ လှိုင် ရဲစခန်းမှ ( ပ ) ၁၂၁ / ၁၀၁၂၊ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈၀၊ ကြည့်မြင်တိုင် ရဲစခန်းမှ ပြစ်မှုပေါင်း ၃ မှု၊ စမ်းချောင်း ရဲစခန်းမှ ပြစ်မှုပေါင်း ၂ မှု၊ အင်းစိန် ရဲစခန်းမှ ပြစ်မှုပေါင်း ၂ မှုဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သင်္ဃန်းကျွန်း ရဲတပ်ဖွဲ့ စခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ွှThe Voice Weekly

မည်သည့် သော့ အမျိုးအစား ကိုမဆို ငါးစက္ကန့် တွင်း ဖျက်ဆီး နိုင်စွမ်း ရှိပြီး ဖောက်ထွင်း မှုပေါင်း ၂၆ မှု ကျုး
လွန်ထားပြီး မင်္ဂလာ တောင်ညွန့် တရားရုံးအချုပ်မှ ထွက်ပြေး လွတ်မြောက် သွားသည့် ဖောက်ထွင်း ဝိဇ္ဇာ
 နှစ်ဦးကို ၁၀ ရက် အကြာတွင် လားရှိုး မြို့တွင် ပြန်လည် ဖမ်းဆီး ရမိ ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ထံမှ စုံစမ်း သိရှိ ရသည်။
နေရာ အနှံ့တွင် ဖမ်းဝရမ်း ထုတ် ကြေငြာ ခဲ့ပြီး ၁၀ ရက် အကြာ ဒီဇင်ဘာလ ၂၀ ရက် နေ့လည် ၁ နာရီ တွင် လားရှိုးမြို့ ၈ ရက်ကွက် တွင် သိမ်းနီ လမ်းမပေါ် အရောက်တွင် ရန်ကုန်တိုင်း ဒုစရိုက် နိမ်နင်းရေး တပ်ဖွဲ့ နှင့် ပူးပေါင်းကာ လက်ရ ဖမ်းဆီး နိုင်ခဲ့ပြီး တရားခံ များကို လားရှိုး အမှတ် ( ၁ ) ရဲစခန်း တွင် ခေတ္တ ထိန်းသိမ်း ထားကြောင်း ရဲစခန်းနှင့် မှုခင်း မှတ်တမ်း များ အရ သိရသည်။

ရှိုးဂန်း ( ခ ) စံလင်းအောင် ( ခ ) ဟာမစ် ၂၇ နှစ်နှင့် ကျော်ဇေယျာလင်း ( ခ ) ဖိုးကျော် ၂၇ နှစ် တို့ကို တိုက်

ကြီး မြို့နယ်၊ ဂုံးတန်း ကျေးရွာ အုပ်စု၊ ကောက်ကွေးတန်း ကျေးရွာ တွင် အောက်တိုဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီ အချိန်တွင် ဖောက်ထွင်းမှု ဖြင့် ဖမ်းဆီး ရမိ ခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန် ခန့်တွင် တရား ရုံးတွင် ရုံးထုတ်စဉ် ထွက်ပြေး လွတ်မြောက် သွားခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ထံမှ စုံစမ်း သိရှိ ရသည်။

ဖမ်းဆီး ရမိသူ များကို မင်္ဂလာ တောင်ညွန့် ရဲစခန်းမှ ပြစ်မှု ပေါင်း ၅ မှု၊ ပုဇွန်တောင် ရဲ စခန်းမှ ပြစ်မှုပေါင်း ၃ မှု၊ သင်္ဃန်းကျွန်း ရဲစခန်းမှ ပြစ်မှုပေါင်း ၂ မှု၊ တာမွေ ရဲစခန်းမှ ၂ မှု၊ အလုံ ရဲစခန်းမှ ပြစ်မှုပေါင်း ၂ မှု၊ ကမာ

ရွတ် ရဲစခန်းမှ ပြစ်မှုပေါင်း ၄ မှု၊ လှိုင်ရဲစခန်းမှ ( ပ )၁၂၁ / ၁၀၁၂၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၈၀၊ ကြည့်မြင်
တိုင် ရဲစခန်းမှ ပြစ်မှုပေါင်း၃ မှု၊စမ်းချောင်း ရဲစခန်းမှ ပြစ်မှုပေါင်း၂ မှု၊ အင်းစိန် ရဲစခန်းမှ ပြစ်မှုပေါင်း ၂ မှုဖြင့်
အမှုဖွင့် အရေးယူ ထားကြောင်း သင်္ဃန်းကျွန်း ရဲတပ်ဖွဲ့ စခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
 

 The Voice Weekly

0 comments:

Post a Comment