Pages

Saturday, December 22, 2012

ပန်းပဲတန်းမြို့နယ်အတွင်း ၂၀၀၉ ခုနှစ်က အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သော အဆောက်အအုံအား သုံးနှစ်ခန့်ကြာသည်အထိ ပြန်လည်တည်ဆောက်ပေးမှု မရှိခြင်းအပေါ် မူလနေထိုင်သူများမှ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနအား တရားစွဲဆိုရန် စီစဉ်နေ

ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ၂၈ လမ်းထောင့်ရှိ အဆောက်အအုံအမှတ် (၆၇၀/၆၈၀) အား ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့ရာ လက်ရှိသုံးနှစ်ခန့်ကြာသည်အထိ ပြန်လည်တည်ဆောက်ပေးနိုင်မှု မရှိခြင်းအပေါ်တွင် မူလနေထိုင်သူများမှ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနအား တရားစွဲဆိုရန် စီစဉ်နေကြောင်း အဆိုပါအဆောက်အအုံ ပိုင်ရှင်ဖြစ်သူ ဦးစိုးမင်းသန့်က ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် M3 စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သော အဆောက်အအုံနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါအဆောက်အအုံတွင် ဦးစိုးမင်းသန့်မှာ ဖခင်ရှိစဉ်က မိသားစုနှင့်အတူ ၁၉၇၇ ခုနှစ်ကတည်းက အခြေ
ချနေထိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကဲ့သို့ နေထိုင်ပြီးနောက် ၃၃ နှစ်ကျော်ကြာပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် အဆောက်အအုံအား အန္တရာယ်ရှိအဆောက်အအုံအဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာ
ရေးကော်မတီက သတ်မှတ်ခဲ့ပြီး အမြန်ဖယ်ရှားပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။ 

အဆိုပါအဆောက်အအုံမှာ နှစ်ထပ်အဆောက်အအုံဖြစ်ပြီးအပေါ်ထပ်တွင်အမှတ် (၁)အခြေခံပညာမူလတန်း
ကျာင်း၊ ပန်းပဲတန်း တည်ရှိကြောင်း၊ အဆောက်အအုံမြေနေရာအား မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန ပိုင်
ဆိုင်ပြီး ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လအတွင် အဆောက်အအုံမြေနေရာအား ပညာရေးဝန်ကြီးဌာနပိုင် မြေ
အဖြစ် မြေပုံနှင့်တကွ အမှတ်(၃)အခြေခံပညာဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ကြောင်းဆက်လက်ရှင်းလင်းတင်
ပမှုများအရ သိရသည်။

“ဒီအဆောက်အအုံကို အခုထက်ထိ ပြန်ဆောက်ခြင်းမရှိသေးဘူး။ ဒါပေမဲ့ အခုတစ်လောမှာတော့ မြေတူး
တာတွေ လာလုပ်တာတော့တွေ့တယ်။ ဒါပေမဲ့ ဘယ်ကန်ထရိုက်ကို တာဝန်ပေးပြီး ဘယ်လိုဆောက်လုပ်
မယ်ဆိုတာ ကျွန်တော်တို့အခန်းပိုင်ရှင်တွေအနေနဲ့ မသိခဲ့ရဘူး။ ကျွန်တော်တို့ကို ဒီအဆောက်အအုံကို ၂
 နှစ်အတွင်း အပြီးဆောက်ပေးမယ်ဆိုတဲ့ တရာဝင်စာကလွဲရင် တခြားဘာအကြောင်းအရာမှ တရားဝင်သိ
ရတာ မရှိပါဘူး။ မြို့တော်စည်ပင်ကလည်း ဒီကိစ္စကို သူတို့နဲ့မဆိုင်ပါဘူး။ ပညာရေးကို မေးပါလို့ တရားဝင်
စာထုတ်ခဲ့တယ်။
 
 နောက်တစ်ခုဆိုးတာက ကျွန်တော်တို့မှာ အခန်းပြန်ရမလား မရလားဆိုတာတောင် မသိရဘူးဖြစ်နေတယ်။ ပြီးတော့ ဒီအိမ်ကနေ ပြောင်းရွှေ့ရတဲ့အတွက် ဘာမှလည်းမရတဲ့အပြင် အပြင်မှာအိမ်ပြန်ငှား၊ ဆိုင်ပြန်ငှားရ
တဲ့အတွက် အခက်အခဲတွေ အများကြီးဖြစ်နေရပါတယ်” ဟု ဦးစိုးမင်းသန့်က ပြောပြခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်၍ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနသို့လည်းကောင်း၊ ပညာရေးသို့လည်းကောင်း ဆက်သွယ်စာတင်မှုများ ပြုလုပ်ခဲ့သော်လည်း အကြောင်းပြန်ခြင်း မရှိကြောင်း၊ မူလနေထိုင်သူများအနေဖြင့် ဌာနဆိုင်ရာ၏ တိကျသောအဖြေကို လိုချင်နေပြီး ဌာနဆိုင်ရာအနေဖြင့် လုပ်ပေးရန် တာဝန်ရှိသည်ဟု ဦး
စိုးမင်းသန့်က ဆက်လက်ပြောကြားခဲ့သည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတထံလည်း စာတင်ထားတယ်။ ဘယ်ဌာနကမှ အကြောင်းမပြန်တဲ့အ
တွက် အခုမီဒီယာတွေကို တွေ့ဆုံရှင်းလင်းတာပါ။ နောက်ထပ်အကြောင်းမပြန်ရင်တော့ တရားစွဲဆိုဖို့အထိ လုပ်မှာဖြစ်ပါတယ်။ တရားစွဲဆိုတဲ့အခါမှာလည်း မြိုရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနကို စွဲမှာဖြစ်ပါတယ်” ဟု ဦးစိုးမင်းသန့်က အဆိုပါရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် ၁၉၉၄ ခုနှစ်မှစတင်၍ အန္တရာယ်ရှိအဆောက်အအုံများကို သတ်မှတ်ကြေညာခဲ့ပြီး ယခုအ
ချိန်အထိ အန္တရာယ်ရှိ အဆောက်အအုံစုစုပေါင်း ၁၅၀၀ နီးပါးသတ်မှတ်ခဲ့ကြောင်း၊ယင်းအထဲတွင် ဆောက်
လုပ်ဆဲမပြီးစီးသေးမှုနှင့် ကြန့်ကြာနေသည့်အဆောက်အအုံစုစုပေါင်း ၁၂၉ လုံး ကျန်ရှိနေပြီး မင်္ဂလာတောင်
ညွန့်မြို့နယ်တွင် ၃၄ လုံးဖြင့် အများဆုံးဖြစ်နေပြီး ပန်းပဲတန်းမြို့နယ်တွင် ၁၄ လုံးနှင့် လမ်းမတော်မြို့နယ်တွင် ၁၃ လုံးတို့ ကျန်ရှိနေကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အန္တရာယ်ရှိ အဆောက်အအုံများအား ဖြိုဖျက်ပြီး အသစ်
ပန်လည်ဆောက်လုပ်ရန်အတွက်အချိန်တစ်နှစ်ခွဲခန့်အတွင်း ပြီးစီးအောင် ဆောက်လုပ်ရမည်ဟုသတ်မှတ်
ထားသော်လည်းအချို့မှာကန်ထရိုက်နှင့်မြေပိုင်ရှင် ညှိနှိုင်း၍ တစ်နှစ်ခွဲခန့် ကျော်လွန်သည့်အဆောက်အအုံ
များလည်း ရှိနေသည်။ 
 
ယင်းကဲ့သို့ ကြန့်ကြာနေသည့် အဆောက်အအုံများကြောင့် မူလနေထိုင်သူများမှာ ပြင်ပတွင် ပြောင်းရွှေ
့နေထိုင်ရသည့် စရိတ်အတွက် အခက်အခဲများ ဖြစ်နေသည်ဟု သိရသည်။
 
Eleven Media Group,ကိုလတ်(ပန်ဘဲတန်း)

0 comments:

Post a Comment

 
world time