Pages

Saturday, December 15, 2012

ကျန်းမာရေးအကျိုးကျေးဇူးများသည့် ဗိုက်လှုပ်အက

ကျန်းမာရေးအကျိုးကျေးဇူးများသည့် ဗိုက်လှုပ်ကခြင်း ........

အောက်ပါတို့ကတော့ ဗိုက်လှုပ်ကခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရမှာကိုတော့ ပျင်းရိတတ်ပြီး အကကိုတော့ ဝါသနာပါတဲ့ ဒီနေ့ခေတ် မိန်းကလေးတွေအနေနဲ့ Shakira လိုမျိုး ဗိုက်လှုပ်ကမယ်ဆိုရင် အောက်ပါအကျိုးကျေးဇူး တွေကို ရရှိမှာဖြစ်ပါတယ်။

ကိုယ်အလေးချိန်ကျစေခြင်း
...ဗိုက်လှုပ်ကတဲ့ ပြင်းအားပေါ်မူတည်ပြီး တစ်နာရီမှာ ကယ်လိုရီ ၃၀၀ အထိလောင်ကျွမ်း စေနိုင်ပါတယ်။ သင်ဟာ ကိုယ်အလေးချိန် ကျချင်ပြီး လေ့ကျင့်ခန်းလုပ်ရမှာလည်း ပျင်းတယ်ဆိုရင် ဗိုက်လှုပ်အကကို လေ့ကျင့်သင်ကြားပြီး ကတာက ပျော်စရာလည်းကောင်းပြီး ကိုယ်အလေးချိန်ကိုလည်း ထိထိရောက်ရောက် ကျစေမှာဖြစ်ပါတယ်။

ကြွက်သားများကို သန်မာစေခြင်း
ဗိုက်လှုပ်အကဟာ ဗိုက်သာမက ခန္ဓာကိုယ်အပေါ်ပိုင်းကိုပါ လှုပ်ရှားစေပြီး ကြွက်သားတွေ ကို ကျစ်လျစ်သန်မာစေပါတယ်။ ဒီအကရဲ့ အကောင်းဆုံး အကျိုးကျေးဇူးကတော့ ကရာမှာ ပါဝင်တဲ့ ကြွက်သားအားလုံးကို ကျစ်လျစ်သွယ်လျစေပြီး သန်မာစေနိုင်ပါတယ်။

ရာသီအကြိုဝေဒနာကို သက်သာစေခြင်း
ဗိုက်လှုပ်အကဟာ တင်ပဆုံနေရာတစ်ဝိုက်က ပိတ်ဆို့နေတာအားလုံးကို ရှင်းလင်းသွား စေပြီး ရာသီအကြိုဝေဒနာခံစားရတာတွေကိုလည်း ရာသီအကြို လျော့ပါးသက်သာ သွားစေပါတယ်။

စိတ်ဖိစီးမှုကို လျော့ကျစေခြင်း
ယှဉ်ပြိုင်မှုတွေများပြီး စိတ်ဖိစီးမှုတွေကို အဆက်မပြတ် ကြုံတွေ့ရတတ်တဲ့ ဒီနေ့ခေတ်မှာ စိတ်ကိုအနားပေးဖို့လိုအပ်ပါတယ်။ သာယာငြိမ့်ညောင်းတဲ့ ဂီတသံစဉ်တွေနဲ့အတူ လှလှပပ ဗိုက်လှုပ်ကတာဟာ စိတ်ကိုအပန်းပြေစေပြီး စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။

အရိုးများကို သန်မာစေခြင်း
ဗိုက်လှုပ်ကတာဟာ ခန္ဓာကိုယ်အလေးချိန်ကို သယ်ဆောင်ထားရတဲ့ လေ့ကျင့်ခန်းတစ်မျိုး ဖြစ်တာကြောင့် အရိုးသိပ်သည်းဆကို ပိုများစေနိုင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အဆစ်နာကျင်မှု သက်သာစေခြင်း
ဗိုက်လှုပ်ကတဲ့အခါ ခန္ဓာကိုယ်လှုပ်ရှားမှုတွေဟာ နောက်ကျောနဲ့ တင်ပဆုံမှာရှိတဲ့ အဆစ် တွေနဲ့ အရွတ်တွေကို ညင်သာပေမယ့် ထပ်ကာထပ်ကာ လှုပ်ရှားမှုတွေ ဖြစ်စေပါတယ်။ ဒီအခါ အဆစ်တွေထဲမှာရှိတဲ့ အရည် (Synovial fluid) တွေရဲ့ လှုပ်ရှားမှု အလျင်ကို တိုးစေပါတယ်။ ဒီအရည်တွေက အဆစ်နာကျင်မှု သက်သာအောင် ကူညီနိုင်ပါတယ်။

Health

အေးချမ်းမွန်မှ  Mg Mandalay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Mg Mandalay

အောက်ပါတို့ကတော့ ဗိုက်လှုပ်ကခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရမှာ
ကိုတော့ ပျင်းရိတတ်ပြီး အကကိုတော့ ဝါသနာပါတဲ့ ဒီနေ့ခေတ် မိန်းကလေးတွေအနေနဲ့ Shakira လိုမျိုး ဗိုက်လှုပ်ကမယ်ဆိုရင် အောက်ပါအကျိုးကျေးဇူး တွေကို ရရှိမှာဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျစေခြင်း
 
ဗိုက်လှုပ်ကတဲ့ ပြင်းအားပေါ်မူတည်ပြီး တစ်နာရီမှာ ကယ်လိုရီ ၃၀၀ အထိလောင်ကျွမ်း စေနိုင်ပါတယ်။ သင်
ဟာ ကိုယ်အလေးချိန် ကျချင်ပြီး လေ့ကျင့်ခန်းလုပ်ရမှာလည်း ပျင်းတယ်ဆိုရင် ဗိုက်လှုပ်အကကို လေ့ကျင့်
သင်ကြားပြီး ကတာက ပျော်စရာလည်းကောင်းပြီး ကိုယ်အလေးချိန်ကိုလည်း ထိထိရောက်ရောက် ကျစေ
မှာဖြစ်ပါတယ်။
ကြွက်သားများကို သန်မာစေခြင်းဗိုက်လှုပ်အကဟာ ဗိုက်သာမက ခန္ဓာကိုယ်အပေါ်ပိုင်းကိုပါ လှုပ်ရှားစေပြီး 
 ကြွက်သားတွေ ကို ကျစ်လျစ်သန်မာစေပါတယ်။ ဒီအကရဲ့ အကောင်းဆုံး အကျိုးကျေးဇူးကတော့ ကရာမှာ ပါဝင်တဲ့ ကြွက်သားအားလုံးကို ကျစ်လျစ်သွယ်လျစေပြီး သန်မာစေနိုင်ပါတယ်။
ရာသီအကြိုဝေဒနာကို သက်သာစေခြင်းဗိုက်လှုပ်အကဟာ တင်ပဆုံနေရာတစ်ဝိုက်က ပိတ်ဆို့နေတာအား
လုံးကို ရှင်းလင်းသွား စေပြီး ရာသီအကြိုဝေဒနာခံစားရတာတွေကိုလည်း ရာသီအကြို လျော့ပါးသက်သာ သွားစေပါတယ်။
စိတ်ဖိစီးမှုကို လျော့ကျစေခြင်းယှဉ်ပြိုင်မှုတွေများပြီး စိတ်ဖိစီးမှုတွေကို အဆက်မပြတ် ကြုံတွေ့ရတတ်တဲ့ဒီ
န့ခေတ်မှာ စိတ်ကိုအနားပေးဖို့လိုအပ်ပါတယ်။ သာယာငြိမ့်ညောင်းတဲ့ ဂီတသံစဉ်တွေနဲ့အတူ လှလှပပ ဗိုက်လှုပ်ကတာဟာ စိတ်ကိုအပန်းပြေစေပြီး စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။
အရိုးများကို သန်မာစေခြင်းဗိုက်လှုပ်ကတာဟာ ခန္ဓာကိုယ်အလေးချိန်ကို သယ်ဆောင်ထားရတဲ့  လေ့ကျင့်
ခန်းတစ်မျိုး ဖြစ်တာကြောင့် အရိုးသိပ်သည်းဆကို ပိုများစေနိုင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး အရိုးပါး
ရာဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အဆစ်နာကျင်မှု သက်သာစေခြင်းဗိုက်လှုပ်ကတဲ့အခါ ခန္ဓာကိုယ်လှုပ်ရှားမှုတွေဟာ နောက်ကျောနဲ့ တင်ပ
ဆုံမှာရှိတဲ့ အဆစ် တွေနဲ့ အရွတ်တွေကို ညင်သာပေမယ့် ထပ်ကာထပ်ကာ လှုပ်ရှားမှုတွေ ဖြစ်စေပါတယ်။ ဒီအခါ အဆစ်တွေထဲမှာရှိတဲ့ အရည် (Synovial fluid) တွေရဲ့ လှုပ်ရှားမှု အလျင်ကို တိုးစေပါတယ်။ ဒီအရည်
တွက အဆစ်နာကျင်မှု သက်သာအောင် ကူညီနိုင်ပါတယ်။
Health
 
Mg Mandalay 

0 comments:

Post a Comment