Pages

Saturday, December 15, 2012

မော်လမြိုင်မြို့၊ရွှေမြိုင်သီရိရပ်ကွက် မီးလောင်မူဖြစ်ပွား၊ ကျပ်သိန်း ၄၀ ဖို့ ခန့် ဆုံးရှူံး


မော်လမြိုင်မြို့၊ရွှေမြိုင်သီရိရပ်ကွက်မျှော်လင့် ၁ ရပ်၊ရတခ ငါးမွေးကန် လမ်းရှိ၊ ငွေမိုး အုန်းဆီစက်ရုံတွင် ဒီဇင်
ဘာ ၁၄ ရက်နေ့ နေ့လည်  ၁၂ နာရီအချိန်ခန့်က အုန်းဆီစုပ်မော်တာမှ မီးပွားများ အုန်းဆီစစ်ကန်ထဲသို့ ကျ
ခဲ့ရာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းရွှေမြန်မာမီဒီဂရုမှသတင်းရရှိသည်။
အဆိုပါမီးလောင်းမူသည် ၁၂ နာရီအချိန်ခန့်က အုန်းဆီစုပ်မော်တာမှ မီးပွားများ အုန်းဆီစစ်ကန်ထဲသို့ ကျခဲ့
ရာ မီးလောင်မှုဖြစ်ပွားခဲ့ရာ မွန်လွှဲ ၂ နာရီတွင် မီးငြိမ်း သတ်နိုင်ခဲ့ကြောင်းသိရသည်။

မီးလောင်မှုကြောင့် အုန်းဆီပီပါ ၄၀ လုံး 10HP မော်တာ ၂ လုံး၊ ၃၀ ပေx ၈၀ ပေ သွပ်မိုး၊၀ါးကပ်ကာ၊ကွန်ကရိ
ခင်းအဆောက်အဦတစ်လုံးမီးလောင်ကျွမ်းခဲ့ပြီး စုစုပေါင်း ငွေကျပ်သိန်း (၄၀)ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်းသိရ
သည်။

ထိုနေ့မနက်ပိုင်းတွင်လည်း အဆိုပါ ရပ်ကွက် ၅ လမ်းတွင် ၀ါယာရှော့ကြောင့် နေအိမ်တစ်ခြမ်း မီးလောင်ခဲ့
ရကြောင်းသိရသည်။

ရပ်ကွက်နေလူထု၏ ၀ိုင်းဝန်းငြိမ်းသတ်မှုကြောင့် မီးသတ်ကားမလာမီ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ရွှေမြန်မာ
မီဒီယာသတင်းထောက်မင်းနန္ဒာကျော်မှာ သတင်းပို့ ပေးပါသည်။

(မင်းနန္ဒကျော်)
ရွှေမြန်မာမီဒီယာဂရု






0 comments:

Post a Comment