Pages

Saturday, December 15, 2012

တွင်းထွက်သယံဇာတအရင်းအမြစ် တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးဦးဆောင်ကော်မတီ ဖွဲ့စည်း

ရန်ကုန်၊ ဒီဇင်ဘာ-၁၅

တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဦးဆောင်ကော်မတီကို ဒီဇင်ဘာ ၁၄ ရက်တွင် နိုင်ငံတော်သမ္မတရုံး ၀န်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဦးဆောင်ဖွဲ့စည်းလိုက်ကြောင်း ယနေ့ထုတ်နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြထားသည်။
တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေးစက်မှုလုပ်ငန်းများ စီမံကွပ်ကဲမှု ပိုမိုကောင်းမွန်စေရန်၊ ရင်းနှီးမြှုပ်နှံမှုအားကောင်းစေရန်၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် ပြည်သူလူထုကြား ပွင့်လင်းမြင်သာမှုရှိပြီး အပြန်အလှန် ဆွေးနွေးမှုရှိစေရန်၊ တွင်းထွက်သယံဇာတအရင်းအ မြစ်တူးဖော်ရေး၊ စက်မှုလုပ်ငန်း ပွင့်လင်းမြင်သာမှု ဖော်ဆောင်ခြင်း ကိစ္စရပ်ကို နိုင်ငံတော်ကိုယ်စားဦးစီးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

“တွင်းထွက် သယံဇာတတွေရဲ့ ၀င်ငွေက နိုင်ငံတော်ဘတ်ဂျက်မှာ ပွင့်လင်းမြင်သာမှုရှိဖို့ ဖွဲ့တာ ဖြစ်နိုင်တယ်” ဟု စီးပွားရေးနှင့် နိုင်ငံရေးကို လေ့လာသုတေသနပြုနေသူတစ်ဦးက ပြောသည်။

နိုင်ငံတော် ဘတ်ဂျက်ရေးဆွဲရာတွင် ကာကွယ်ရေးအသုံးစရိတ်လျှော့ချသော်လည်း သယံဇာတရောင်းချရ
မှုမှ မမြင်နိုင်သည့် ၀င်ငွေများက ရှိနေနိုင်ကြောင်း၊ လက်ရှိ လက်ပံတောင်းတောင် ကိစ္စတွင် နိုင်ငံတော်နှင့် တရုတ်ကုမ္ပဏီသာရှိသင့်သော်လည်း ကြားတွင် စီးပွားရေးဦးပိုင်လီမိတက်(တပ်မတော်မှ စီးပွားရေးအဖွဲ့အ
စည်း) က ပါဝင်နေခြင်းမှာ မဖြစ်သင့်ကြောင်း ပညာရှင်အချို့ က ထောက်ပြဝေဖန်ကြသည်။

တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေးစက်မှုလုပ်ငန်း ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ဦးဆောင်
က်ာမတီကို ဦးစိုးသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်
ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ သတ္တု
တွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်
စုဝန်ကြီး ဦးဝင်းရှိန်တို့ ပါဝင်သည်။

ထိုအပြင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအရင်းအမြစ် အဖွဲ့အစည်း (MDRI) မှ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်
ရးအဖွဲ့ကိုလည်း ညှိနှိုင်းရေးတာဝန်ခံအဖြစ် ပါဝင်သည်။

ယင်းအဖွဲ့၏ လုပ်ငန်းတာဝန်များကို ၂၀၁၃ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ အကောင်အထည်ဖော်
ဆာင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ်-၉၉/၂၀၁၂ ဖြင့် ထုတ်
ပန်ခဲ့သည်။
 
 
နိုင်ငံတော်သမ္မတရုံး
 

0 comments:

Post a Comment