Pages

Saturday, December 15, 2012

ရှမ်းရိုးရာ နှစ်ကူး ပဒေသာပင် အလှူ

ရှမ်းရိုးရာ နှစ်ကူး ပဒေသာပင် အလှူ

15/12/2012

ယနေ့ နေ့ခင်း ၁၂း၀၀ နာရီခန့်တွင် တောင်ကြီးမြို့ ၊ မိန်းလမ်း တောက်လျှောက် ရှမ်းရိုးရာ နှစ်သစ်ကူး ကထိန်ပဒေသာပင်များကို အိုးစည်ဗုံမောင်းများဖြင့် အဖွဲ့လိုက်စီတန်း လှည့်လည်ခဲ့သည်ကို တွေ့ရသည်။

ပဒေသာပင်စုစုပေါင်း အခု ၅၀ ကျော် ပါဝင်ပြီး တောင်ကြီးမြို့နယ် ဒေသအသီးသီးရှိ ရှမ်းရွာများ၊ မြို့နယ်များမှ ပဒေသာပင်များပါ ပါဝင်ကြောင်း တောင်ကြီးဒေသခံ ရှမ်းတိုင်းရင်းသား ကိုစိုင်းမွန်းကပြောသည်။

ယခု နှစ်သည် ရှမ်းသက္ကရာဇ် ၂၁၀၇ တွင် ကျရောက်ကြောင်း ၊ ယခုကဲ့သို့ နှစ်ကူးတွင် အလှူ လှူဒါန်းရခြင်းသည် နှစ်သစ်ကူး အထိမ်းအမှတ် နှစ်ဆန်း မင်္ဂလာအလှူဖြစ်ကြောင်း၊ ဆန်းစပါးအသစ် ထွက်သည့်အချိန်လည်း ဖြစ်သောကြောင့် ညအလှူ အတန်းပြုလုပ်ကြသည်မှာ ရှေးယခင် ခေတ်အစဉ်အဆက်မှ ကျင်းပလာခြင်း ဖြစ်ကြောင်း ကိုစိုင်းမွန်းကပြောသည်။

လှူဒါန်းထားသည့် ပဒေသာပင်အသီးသီးကို မနက်ဖြန် ဒီဇင်ဘာ ၁၅ ရက် ရှမ်းနှစ်ဆန်း (၁) ရက်နေ့တွင် တောင်ကြီးမြို့ပေါ်ရှိ ဝေဠုဝန်ကျောင်း၊ ကျိုင်းတုံကျောင်း၊ ရှမ်းပိဋကတ်ကျောင်း၊ မင်းကွန်းကမဋ္ဌန်းကျောင်း အစရှိသည်တို့ကို သွားရောက်ပြီး ရေစက်ချ လှူဒါန်းကြမည်ဖြစ်ကြောင်း ဒေသခံရှမ်းတိုင်းရင်းသားများထံမှ သိရသည်။

ဓာတ်ပုံများကြည့်ရန်
http://shannnews.blogspot.com/2012/12/blog-post_5679.html

အေးချမ်းမွန်မှ  Shan News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Shan News

15/12/2012

ယနေ့ နေ့ခင်း ၁၂း၀၀ နာရီခန့်တွင် တောင်ကြီးမြို့ ၊ မိန်းလမ်း တောက်လျှောက်ရှမ်းရိုးရာ နှစ်သစ်ကူး ကထိန်
ပဒေသာပင်များကို အိုးစည်ဗုံမောင်းများဖြင့် အဖွဲ့လိုက်စီတန်း လှည့်လည်ခဲ့သည်ကို တွေ့ရသည်။
ပဒေသာပင်စုစုပေါင်း အခု ၅၀ ကျော် ပါဝင်ပြီး တောင်ကြီးမြို့နယ် ဒေသအသီးသီးရှိ ရှမ်းရွာများ၊ မြို့နယ်များမှ ပဒေသာပင်များပါ ပါဝင်ကြောင်း တောင်ကြီးဒေသခံ ရှမ်းတိုင်းရင်းသား ကိုစိုင်းမွန်းကပြောသည်။
ယခု နှစ်သည် ရှမ်းသက္ကရာဇ် ၂၁၀၇ တွင် ကျရောက်ကြောင်း ၊ ယခုကဲ့သို့ နှစ်ကူးတွင် အလှူ လှူဒါန်းရခြင်း
သည် နှစ်သစ်ကူး အထိမ်းအမှတ် နှစ်ဆန်း မင်္ဂလာအလှူဖြစ်ကြောင်း၊ ဆန်းစပါးအသစ် ထွက်သည့်အချိန်
လည်း ဖြစ်သောကြောင့် ညအလှူ အတန်းပြုလုပ်ကြသည်မှာ ရှေးယခင် ခေတ်အစဉ်အဆက်မှ ကျင်းပလာ
ခင်း ဖြစ်ကြောင်း ကိုစိုင်းမွန်းကပြောသည်။
လှူဒါန်းထားသည့်ပဒေသာပင်အသီးသီးကို ဒီဇင်ဘာ၁၅ရက် ယနေ့ရှမ်းနှစ်ဆန်း(၁)ရက်နေ့တွင် တောင်ကြီး
မို့ပေါ်ရှိ ဝေဠုဝန်ကျောင်း၊ ကျိုင်းတုံကျောင်း၊ ရှမ်းပိဋကတ်ကျောင်း၊ မင်းကွန်းကမဋ္ဌန်းကျောင်း အစရှိသည်
တို့ကို သွားရောက်ပြီး ရေစက်ချ လှူဒါန်းကြမည်ဖြစ်ကြောင်း ဒေသခံရှမ်းတိုင်းရင်းသားများထံမှ သိရသည်။


 
Shan News

0 comments:

Post a Comment