Pages

Sunday, December 23, 2012

ဆွစ်ဇာလန် ဓါတ်ပုံဆရာ မြန်မာနိုင်ငံအကြောင်း ဓာတ်ပုံစာအုပ် အခမဲ့ ထုတ်ဝေမည်

မြန်မာနိုင်ငံ တစ်ဝန်းတွင် ရိုက်ကူးခဲ့သော အလှအပ ရှုခင်းများ၊ လျှပ်တစ်ပြက် ဓာတ်ပုံ များကို စုစည်း၍ အခမဲ့ ဓါတ်ပုံစာအုပ် ထုတ်ဝေသွားမည် ဖြစ်ကြောင်း ဆွစ်ဇာလန် နိုင်ငံသား ဓာတ်ပုံဆရာ Mr.Armin Graessl ကTheVoiceWeeklyသို့ပြောကြားသည်။"ဒီနိုင်ငံကအလှတရားတွေကိုဒီနိုင်ငံကလူတွေကိုယ်တိုင်သိသင့်တယ်
ဗျ၊ ပြီးတော့ နိုင်ငံခြားသားတွေ ဒီကို လာအောင် ဆွဲဆောင်ရာမှာ ကျွန်တော့် စာအုပ်ကအနည်းအကျဉ်း ပဲဖြစ်ဖြစ်အကျိုး ပြုနိုင်တယ်ဆိုရင် စာအုပ် ထုတ်ရကျိုး နပ်တယ်ဗျ" ဟု ၎င်းက ပြောကြားသည်။

အဆိုပါ စာအုပ်ကိုဥရောပတွင် ပြန်၍ထုတ်ဝေမည် ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြားသံရုံးများ၊စာကြည်
့တိုက်များ၊သက်ဆိုင်ရာအစိုးရဌာနများ နှင့်ခရီးသွားကုမ္ပဏီများကိုအခမဲ့ ပေးဝေသွားမည် ဖြစ်ကြောင်း Mr.
Armin Graessl ၏ စာအုပ် ထုတ်ဝေရေး ကိစ္စများကို မြန်မာပြည်တွင်းမှ လိုက်ပါ ဆောင်ရွက် ပေးနေသူ ဦး
လင်းက ပြောကြားသည်။


"မနှစ်ကကျွန်တော်မိုးပျံပူဖောင်းစီးပြီးရိုက်ထားတဲ့ဓာတ်ပုံတွေရောဒီနှစ်မှရိုက်မယ့် ဓာတ်ပုံတွေ ရော ပေါင်း
ပြီး စာအုပ် ထုတ်ဖို့ လုပ်တာပါ၊ အဓိက ကတော့ ဒီနိုင်ငံနဲ့ ဒီနိုင်ငံက လူတွေကို ကျွန်တော် အရမ်း သဘော ကျသွား လို့ဗျ၊ မြန်မာ လူမျိုးတွေက အမြဲတမ်း ပြုံး နေကြတာကို သဘော ကျတယ်" ဟု ၎င်းက ဆိုသည်။

အဆိုပါ စာအုပ်ကို "Flying over the Buddha's Paradise" ဟု အမည်ပေးရန် စဉ်းစားနေပြီး စာအုပ် ထုတ်ဝေရန် အချိန်သုံးလခန့်ကြာမည်ဖြစ်ပြီးအုပ်ရေ၂၀၀၀ထုတ်ဝေမည်ံဖြစ်ကာ ယူရိုငွေ ခုနှစ်သောင်း ခြောက်ထောင်ခန့် ကုန်ကျ နိုင်ကြောင်း Mr. Graessl က ပြောကြားသည်။

Mr.ArminGraesslသည်မြန်မာနိုင်ငံသို့ယခုနှစ်အတွင်းဒုတိယအကြိမ်မြောက် လာရောက်ခြင်း ဖြစ်ပြီး မြန်မာ
 နိုင်ငံရှိ အထင်ကရ နေရာများ ပေါ်တွင် မိုးပျံ ပူဖောင်းဖြင့် ပျံသန်းလေ့ ရှိသော မစ္စတာ ဘလေဇာနှင့် အတူ ၂၀၁၁ဇန်နဝါရီလကပထမအကြိမ်စတင်လိုက်ပါလာခဲ့ခြင်းဖြစ်ပြီးယခုနှစ် တွင်လည်း မြန်မာ နိုင်ငံတွင် နှစ်
ပတ်ကြာ မိုးပျံပူဖောင်း ခရီးစဉ် အပြင် ဓာတ်ပုံ စာအုပ် ထုတ်ဝေရန် ပါ စီစဉ်ခြင်း ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment