Pages

Sunday, December 23, 2012

ရေငုံနှုတ်ပိတ်နေသော သမ္မတ နှင့် သွားသလောက် တာမရောက်သော လူထုခေါင်းဆောင်

နိုင်ငံတော်သမ္မတသည် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရုံမှတစ်ပါးဒဏ်ရာရဆန္ဒပြသံယာတော်များ နှင့်လည်း
တွေ့ဆုံခြင်းမရှိ ရေငုံနှုတ်ပိတ် နေလေသည်..။ လက်ပတောင်း သပိတ်စခန်းဖြိုခွင်းမှု အပြီး ဒီမိုကရေစီ ခေါင်း
ဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မုံရွာဆေးရုံသို့ ဒဏ်ရာရရှိသူများ ကို သွားရောက်ကြည့်ရှုအား
ပေးခဲ့သည်..။
။ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကာ ကြေးနီ စီမံကိန်းများ လုပ်ဆောင်နေသည့် ၀မ်ပေါင်နှင့် ဦးပိုင်
ကုမ္ဂဏီတို့နှင့် စကားပြောဆိုခဲ့သည်..။ 
 
ယင်းနောက် လက်ပတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင် ဥက္ကဌအဖြစ်ခန့်အပ်ခြင်း ခံခဲ့ရ
သည်..။ ယင်းနောက်ပိုင်းတွင် လည်း ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များက ဆက်လာသည်။ လက်ပ
တောင်းအရေး စုံစမ်းရေးကော်မရှင် ဥက္ကဌ အနေဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ကော်မရှင်က ဘာ
လုပ်မည် ကို ပြည်သူကိုအသိပေးသွားသည်..။

ဒီဇင်ဘာ ၈ ရက် ၉ ရက်များတွင်လည်း နတ်မောက်၊ မကွေးမြို့များတွင် လူထုမိန့်ခွန်းများပြောကြားခဲ့သည်..။ ထို့နောက် ကြေးနီစီမံကိန်း ဆန္ဒပြ သံယာတော်များအနက် အဆိုးရွားဆုံး ဒဏ်ရာရ သံယာတစ်ပါးဖြစ်သော

ကြေးနီတောင်ဆရာတော် ဥူးတိက္ခဥာဏ အား ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှုမတိုင်မီတွင် အားပေး
ကြည့်ရှုခဲ့သည်..။ဒဏ်ရာရှိသူများအနက်ကလေးဆေးရုံသို့ ရောက်ရှိနေသည့်ကလေးငယ်များကိုလည်း သွား
ရောက်ကာ လိုအပ်သည့်ကူညီမှုများ ပြုလုပ်ပေးခဲ့သည်..။ ##လွှတ်တော်အမတ် များစွာရှိသည့်အနက် အ
လုပ်အများဆုံးသော အမတ်ဟု ဆိုလျှင်လည်း ရနိုင်သည်...##

လက်ပတောင်းကိစ္စနှင့် ပတ်သက်လျှင် ဒေါ်အောင်ဆန်းစုကြည် သည်လူထုခေါင်းဆောင်ဖြစ်သည် နှင့်အညီ ထိန်းထိန်းသိမ်းသိမ်း လုပ်ရသည့်ဟန်ကိုတွေ့ရသည်..။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် သည် အသက်အ

ရွယ်နှင့်မလိုက်အောင် လှုပ်ရှားသွားလာနေရသည်..။ စတင်ဖြစ်ပွားသည့်နေ့မှ စတင်ကာ ယနေ့ချိန်တိုင်
အောင် သူမ၏ ခရီးစဉ်မှာ မိန့်ခွန်းများ..၊ ပြည်သူအပေါ် ဖျောင်းဖျမှုများ..၊ မီဒီယာ ဆက်ဆံရေးများ.. စသည့်
နိုင်ငံရေးလှုပ်ရှားမှုများဖြင့်အမျိုးစုံအောင် ကြိုးခုန်နေရသည်..။ #တကယ့်ပင် နိုင်ငံတော်သမ္မတ တစ်ယောက်
အသွင်..၊ နိုင်ငံရေးသမားများ အတုယူလေ့လာရန် စံနမူနာပြ လုပ်ဆောင်မှုများဖြစ်လို့နေသည်...## သို့သော်
လည်း ဒေါ်အောင်ဆန်းစုကြည်ကိုပင် ပြည်သူအချို့ကဝေဖန်လာသည်။ ဒေါ်စုကို စောဒကတက်မေးခွန်းများ
စွာ ထုတ်လာကြသည်..။

ယင်းကဲ့သို့ ဖြစ်လာရခြင်း၏ အဓိကအကြောင်းအရင်းခံမှာ ဒေါ်စုသည် အုပ်ချုပ်သူ..အာဏာရှိသူ မဟုတ်..။ လူထုခေါင်းဆောင်သာဖြစ်သည့် သူမတွင်ဆုံးဖြတ်ပိုင်ခွင့်မရှိ..။ စုံစမ်းစစ်ဆေးပိုင်ခွင့် သာရှိသည်..။ ဤကဲ့သို့ စုံစမ်းစစ်ဆေးပိုင်ခွင့်ရှိသည်မှာလည်း သမ္မတ ဦးသိန်းစိန်က ခန့်အပ်ထားခြင်းကြောင့်သာဖြစ်သည်..။


ဒေါ်အောင်ဆန်းစုကြည် ၏ နှုတ်ခမ်းမှ ထွက်လာသောစကားလုံးများနှင့် လှုပ်ရှားမှုများထက် သမ္မတ ဦးသိန်း
စိန်၏ အာဏာကပို၍ ခရီးရောက်နိုင်သည်ဟု ဆိုရမည်ဖြစ်သည်..။ အချုပ်ဆိုရသော် လူထုခေါင်းဆောင် အနေဖြင့် လုပ်ဆောင်နိုင်ခြင်း..စွမ်းဆောင်နိုင်ခြင်းက အဏာရ ဆုံးဖြတ်ပိုင်ခွင့် ရှိသူတစ်ဦးလောက် သွားသ
လောက် တာမရောက်နိုင်ဟု ဆင်ခြင်သုံးသပ်မိပါသည်..။

ဆာင်းပါးရှင် Sparrow
လူထုပုံရိပ် ဂျာနယ်

0 comments:

Post a Comment