Pages

Sunday, December 23, 2012

စိတ်ကူးဖြင့် ပုံဖော်၍ ယှဉ်ပြိုင်ရသည့် ကွန်ပျူတာ စစ်တုရင် ပြိုင်ပွဲကြီး

စိတ်ကူးဖြင့် ပုံဖော်၍ ယှဉ်ပြိုင်ရသည့် ကွန်ပျူတာ စစ်တုရင် ပြိုင်ပွဲကြီး
 
ကမ္ဘာ အရပ်ရပ်မှ စစ်တုရင် အကျော်အမော် များသည် တရုတ် နိုင်ငံတွင် ဒီဇင်ဘာ ၁၉ ရက်က ကျင်းပခဲ့သော ထိပ်သီး စစ်တုရင် ပြိုင်ပွဲ ကြီးတွင် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲ၏ ထူးခြားချက်မှာ ပြိုင်ပွဲဝင် သူများသည် ကွန်ပျူတာကို အသုံးပြု၍ စိတ်ကူးဖြင့် ပုံဖော် ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။

ပြိုင်ပွဲဝင်များ အားလုံးသည် ရွှေတံဆိပ် ဆုကို ဆွတ်ခူး ရရှိနိုင်ရေး အတွက် ခက်ခက်ခဲခဲ ယှဉ်ပြိုင် ကစားကြရပြီး အဆိုပါ စစ်တုရင် ပြိုင်ပွဲ ကြီးကို တိတ်ဆိတ် ငြိမ်သက် နေသော အခန်း ထဲတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲဝင် များသည် ၎င်းတို့ ရှေ့မှောက်ရှိ ကွန်ပျူတာ Screen တွင် အရုပ်များ မပါရှိသည့် စစ်တုရင် ခုံကြီးကို အာရုံစိုက် ကြည့်ရှုပြီး အကွက် တစ်ကွက် ရွှေ့မည် ဆိုပါက ကီးဘုတ်မှ တစ်ဆင့် ရိုက်နှိပ်၍ ရွှေ့ရခြင်း ဖြစ်သည်။ ၎င်းအပြင် ထိုသို့ မရွှေ့မီ ပြိုင်ဘက်အား မိမိရွှေ့မည့် အကွက်ကို ခေတ္တခဏ ကြည့်ရှုခွင့် ပြုရသည်ဟု သိရသည်။

အဆိုပါ စစ်တုရင် ပြိုင်ပွဲ၏ အမျိုးသား ပြိုင်ပွဲတွင် အာမေးရီးယားမှ ကမ္ဘာ့ နံပါတ်(၂) အဆင့်ရှိ လီဗွန်အေ ဂိုနီယန်က ရွှေတံဆိပ် ရရှိခဲ့ပြီး အမျိုးသမီး ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ အသက် ၁၈ နှစ် အရွယ် အမျိုးသမီး ကမ္ဘာ့ စစ်တုရင် ချန်ပီယံဟောင်း ဟောရီဖန်းက ရွှေတံဆိပ်ဆု ရရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲ၌ ပြိုင်ပွဲဝင်များ အားလုံးသည် မိမိရွှေ့မည့် စစ်တုရင် အကွက်များကို စိတ်ကူးဖြင့် ပုံဖော်ရကြောင်း၊ နာရီပေါင်း များစွာ အာရုံစိုက် ခဲရသည့် အတွက် ခေါင်းကိုက် ခဲ့ရကြောင်း ပြိုင်ပွဲဝင် များက ပြောကြား ထားသည်။

သို့ရာတွင် စိတ်ကူးဖြင့် ပုံဖော်၍ စစ်တုရင် ယှဉ်ပြိုင်ရခြင်းသည် ကစားသူ၏ အရည်အချင်းကို ပိုမို အသုံးချခြင်း ဖြစ်သောကြောင့် သာမာန် ကစား ရသည်ထက် ပို၍ စိတ်ဝင် စားဖွယ် ကောင်းကြောင်း ပထမဆု ရရှိခဲ့သည့် နိုင်ငံတကာ ဆက်ဆံရေး တက္ကသိုလ် ကျောင်းသူတစ်ဦး ဖြစ်သူ ရီဖန်းက ပြောကြား ခဲ့သည်ဟု သိရသည်။

http://www.myawady.com.mm/arts/artcorner/item/2561-2012-12-22-11-56-30

ကမ္ဘာ အရပ်ရပ်မှ စစ်တုရင် အကျော်အမော် များသည် တရုတ် နိုင်ငံတွင် ဒီဇင်ဘာ ၁၉ ရက်က ကျင်းပခဲ့ 
သော ထိပ်သီး စစ်တုရင် ပြိုင်ပွဲ ကြီးတွင် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲ၏ ထူးခြားချက်မှာ ပြိုင်ပွဲဝင် သူများသည် ကွန်ပျူတာကို အသုံးပြု၍ စိတ်ကူးဖြင့် ပုံဖော် ယှဉ်
ပြိုင်ရခြင်း ဖြစ်သည်။

ပြိုင်ပွဲဝင်များ အားလုံးသည် ရွှေတံဆိပ် ဆုကို ဆွတ်ခူး ရရှိနိုင်ရေး အတွက် ခက်ခက်ခဲခဲ ယှဉ်ပြိုင် ကစားကြ

ရပြီး အဆိုပါ စစ်တုရင် ပြိုင်ပွဲ ကြီးကို တိတ်ဆိတ် ငြိမ်သက် နေသော အခန်း ထဲတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲဝင် များသည် ၎င်းတို့ ရှေ့မှောက်ရှိ ကွန်ပျူတာ Screen တွင် အရုပ်များ မပါရှိသည့် စစ်တုရင် ခုံကြီးကို အာရုံစိုက် ကြည့်ရှုပြီး အကွက်တစ်ကွက် ရွှေ့မည်ဆိုပါကကီးဘုတ်မှတစ်ဆင့် ရိုက်နှိပ်၍ ရွှေ့ရခြင်း ဖြစ်သည်။

၎င်းအပြင် ထိုသို့ မရွှေ့မီ ပြိုင်ဘက်အား မိမိရွှေ့မည့် အကွက်ကို ခေတ္တခဏ ကြည့်ရှုခွင့် ပြုရသည်ဟု သိရ
သည်။

အဆိုပါ စစ်တုရင် ပြိုင်ပွဲ၏ အမျိုးသား ပြိုင်ပွဲတွင် အာမေးရီးယားမှ ကမ္ဘာ့ နံပါတ်(၂) အဆင့်ရှိ လီဗွန်အေ ဂိုနီ

ယန်က ရွှေတံဆိပ် ရရှိခဲ့ပြီး အမျိုးသမီး ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ အသက် ၁၈ နှစ် အရွယ် အမျိုးသမီး ကမ္ဘာ့ စစ်တုရင် ချန်ပီယံဟောင်း ဟောရီဖန်းက ရွှေတံဆိပ်ဆု ရရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲ၌ ပြိုင်ပွဲဝင်များအားလုံးသည်မိမိရွှေ့မည့်စစ်တုရင်အကွက်များကိုစိတ်ကူးဖြင့် ပုံဖော်ရကြောင်း

၊ နာရီပေါင်း များစွာ အာရုံစိုက် ခဲရသည့် အတွက် ခေါင်းကိုက် ခဲ့ရကြောင်း ပြိုင်ပွဲဝင် များက ပြောကြား ထား
သည်။

သို့ရာတွင် စိတ်ကူးဖြင့် ပုံဖော်၍ စစ်တုရင် ယှဉ်ပြိုင်ရခြင်းသည် ကစားသူ၏ အရည်အချင်းကို ပိုမို အသုံးချ

ခင်း ဖြစ်သောကြောင့် သာမာန် ကစား ရသည်ထက် ပို၍ စိတ်ဝင် စားဖွယ် ကောင်းကြောင်း ပထမဆု ရရှိ
ခဲ့သည့် နိုင်ငံတကာ ဆက်ဆံရေး တက္ကသိုလ် ကျောင်းသူတစ်ဦး ဖြစ်သူ ရီဖန်းက ပြောကြား ခဲ့သည်ဟု သိရ
သည်။

မြ၀တီ

0 comments:

Post a Comment