Pages

Sunday, December 23, 2012

စိတ်ပိုင်းဆိုင်ရာချို့တဲ့သည့် ကလေးများအား လင်းပိုင်များအသုံးပြု ကုသမှု အောင်မြင်နေ

စိတ်ပိုင်းဆိုင်ရာချို့တဲ့သည့် ကလေးများအား လင်းပိုင်များအသုံးပြု ကုသမှု အောင်မြင်နေ 

Posted on Dec 22 12 

 တရုတ်နိုင်ငံများတွင် စိတ်ပိုင်းဆိုင်ရာ အားနည်းချို့တဲ့မှု ရှိနေသော ကလေးငယ်များကို လင်းပိုင်များ အသုံးပြုသည့် ကုထုံးဖြင့် ကုသမှုများ အဆင်ပြေနေကြောင်း သိရှိရသည်။ ပုလင်းပုံ နှာခေါင်းနှင့် လင်းပိုင်စုံတွဲကို ဟန်ဇူး ပိုလာအိုးရှင်း အဏ္ဏဝါဥယျာဉ်တွင် တစ်နေ့ (၁၅)ကြိမ် အသုံးပြုကာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့တဲ့သော ကလေးများကို ကုသပေးနေကြောင်း ဖခင်တစ်ဦးဖြစ်သော ဇန်ဂျွန်းက ရှင်းပြခဲ့သည်။ ၎င်း၏ အထီးကျန် စိတ်ဝေဒနာသည် (၅)နှစ်သားလေးသည် အဆိုပါ ကုထုံးကြောင့် သူငယ်တန်းအဆင့် ပညာသင်ယူရေးတွင် လိုက်နိုင်လောက်သည့် အသိနှင့် သတိတို့ ရှိလာကြောင်း ဇန်က ဆိုသည်။ ၎င်းက လင်းပိုင်များနှင့် ပျော်ရွှင်စွာ ထိတွေ့ ဆော့ကစားသည့် ကုထုံးသည် သားဖြစ်သူအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေခဲ့သည်ဟု ယုံကြည်ကြောင်း ဖွင့်ဟခဲ့သည်။



ဇန်က "ခုဆိုရင် ကျွန်တော့်သားကို သူ့အတန်းဖော်တွေနဲ့ သီးခြားပုံစံ ဖြစ်နေတယ်လို့ ဘယ်သူမှ မပြောတော့ဘူး"ဟု ပြောကြားခဲ့သည်။ ဇန်သည် ဩစတြေးလျသို့ အလည်အပတ် သွားရောက်စဉ် လင်းပိုင်များနှင့် ရေကူးသည့် အစီအစဉ်ကို သဘောကျ နှစ်သက်ခဲ့သူ ဖြစ်သည်။ ယခုအခါ လာမည့် နွေရာသီအတွက် စိတ်ကျန်းမာရေး ချွတ်ယွင်းချက် ရှိနေသော ကလေးငယ်များအနက် (၈၀)ရာခိုင်နှုန်းခန့်သည် လင်းပိုင်ကုထုံး ခံယူရန် စာရင်းသွင်းထားပြီး ဖြစ်ကြောင်း သိရသည်။ ကျန်သော ရာသီဥတုများတွင် အအေးဓာတ် လွန်ကဲလေ့ရှိပြီး ကလေးများအတွက် ကျန်းမာရေး ထိခိုက်နိုင်သဖြင့် နွေရာသီကိုသာ သီးခြား ရွေးချယ်ခြင်းဟုလည်း ဆိုသည်။

ရှီဂျီအန်း ငါးပြတိုက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုက ပိုင်ဆိုင်သော အဏ္ဏဝါဥယျာဉ်မှ မန်နေဂျာ လျူကွမ်ရှန်းက (၂၀၁၃)ခုနှစ် နွေရာသီအတွက် စာရင်းပိတ်ပြီ ဖြစ်သောကြောင့် အခြားကလေးငယ်များသည် (၂၀၁၄)ကျမှ ယင်းကုထုံးကို ခံယူနိုင်မည်ဟု ဆိုသည်။ လျူက သက်တမ်း(၃)နှစ် ရှိပြီဖြစ်သော လင်းပိုင်များနှင့် ရေကူးမှု အစီအစဉ်နှင့် ပတ်သက်၍ "စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိတဲ့သူတွေမှာတောင် တိုတောင်းတဲ့ သက်တမ်းတစ်ခုစာ သိစိတ်ကတော့ ရှိနေပါတယ်။ လင်းပိုင်တွေနဲ့ ရေကူးတာဟာ သူတို့ရဲ့ စိတ်ကို အထောက်အကူ ဖြစ်စေသလို သက်တောင့်သက်သာနဲ့ အာရုံစူးစိုက်တတ်လာစေတယ်။ လင်းပိုင် ကုထုံးဟာ တကယ် အာနိသင် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေဟာ ဒီတိရစ္ဆာန်လေးတွေကို အာရုံကျပြီး နှစ်သက်လေ့ရှိတာကြောင့် လူသားတွေနဲ့ ကုသတာထက်ကို ပိုပြီး သက်ရောက်မှု ကောင်းပါတယ်"ဟု ရှင်းပြသွားခဲ့သည်။ 

Source: Xinhua


အေးချမ်းမွန်မှ Planet Myanmar Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Planet Myanmar Network

တရုတ်နိုင်ငံများတွင် စိတ်ပိုင်းဆိုင်ရာ အားနည်းချို့တဲ့မှု ရှိနေသော ကလေးငယ်များကို လင်းပိုင်များ အသုံး
ပြုသည့် ကုထုံးဖြင့် ကုသမှုများ အဆင်ပြေနေကြောင်း သိရှိရသည်။ ပုလင်းပုံ နှာခေါင်းနှင့် လင်းပိုင်စုံတွဲကို ဟန်ဇူး ပိုလာအိုးရှင်း အဏ္ဏဝါဥယျာဉ်တွင် တစ်နေ့ (၁၅)ကြိမ် အသုံးပြုကာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို
့တဲ့သော ကလေးများကို ကုသပေးနေကြောင်း ဖခင်တစ်ဦးဖြစ်သော ဇန်ဂျွန်းက ရှင်းပြခဲ့သည်။ ၎င်း၏အထီးကျန်စိတ်ဝေဒနာသည် (၅)နှစ်သားလေးသည် အဆိုပါ ကုထုံးကြောင့် သူငယ်တန်းအဆင့် ပညာ
သင်ယူရေးတွင် လိုက်နိုင်လောက်သည့် အသိနှင့် သတိတို့ ရှိလာကြောင်း ဇန်က ဆိုသည်။ ၎င်းက လင်းပိုင်
များနှင့် ပျော်ရွှင်စွာ ထိတွေ့ ဆော့ကစားသည့်ကုထုံးသည်သားဖြစ်သူအတွက်အမှန်တကယ် အကျိုးဖြစ်ထွန်း
စေခဲ့သည်ဟု ယုံကြည်ကြောင်း ဖွင့်ဟခဲ့သည်။


ဇန်က"ခုဆိုရင် ကျွန်တော့်သားကိုသူ့အတန်းဖော်တွေနဲ့သီးခြားပုံစံ ဖြစ်နေတယ်လို့ ဘယ်သူမှ မပြောတော့
ဘူး"ဟု ပြောကြားခဲ့သည်။ ဇန်သည် ဩစတြေးလျသို့ အလည်အပတ် သွားရောက်စဉ် လင်းပိုင်များနှင့် ရေ
ကူးသည့် အစီအစဉ်ကို သဘောကျ နှစ်သက်ခဲ့သူ ဖြစ်သည်။ ယခုအခါ လာမည့် နွေရာသီအတွက် စိတ်ကျန်း
မာရေး ချွတ်ယွင်းချက် ရှိနေသော ကလေးငယ်များအနက် (၈၀)ရာခိုင်နှုန်းခန့်သည် လင်းပိုင်ကုထုံး ခံယူရန် စာရင်းသွင်းထားပြီး ဖြစ်ကြောင်း သိရသည်။ ကျန်သော ရာသီဥတုများတွင် အအေးဓာတ် လွန်ကဲလေ့ရှိပြီး ကလေးများအတွက် ကျန်းမာရေးထိခိုက်နိုင်သဖြင့် နွေရာသီကိုသာသီးခြား ရွေးချယ်ခြင်းဟုလည်း ဆိုသည်။

ရှီဂျီအန်း ငါးပြတိုက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုက ပိုင်ဆိုင်သော အဏ္ဏဝါဥယျာဉ်မှ မန်နေဂျာ လျူကွမ်ရှန်းက (၂၀၁၃)ခုနှစ် နွေရာသီအတွက် စာရင်းပိတ်ပြီ ဖြစ်သောကြောင့် အခြားကလေးငယ်များသည် (၂၀၁၄)ကျမှ ယင်းကုထုံးကို ခံယူနိုင်မည်ဟု ဆိုသည်။ လျူက သက်တမ်း(၃)နှစ် ရှိပြီဖြစ်သော လင်းပိုင်များနှင့် ရေကူးမှု အစီအစဉ်နှင့် ပတ်သက်၍ "စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိတဲ့သူတွေမှာတောင် တိုတောင်းတဲ့ သက်တမ်းတစ်
ခုစာ သိစိတ်ကတော့ ရှိနေပါတယ်။ 
 
လင်းပိုင်တွေနဲ့ ရေကူးတာဟာ သူတို့ရဲ့ စိတ်ကို အထောက်အကူ ဖြစ်စေသလို သက်တောင့်သက်သာနဲ့ အာ
ရုံစူးစိုက်တတ်လာစေတယ်။ လင်းပိုင် ကုထုံးဟာ တကယ် အာနိသင် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ က
လေးတွေဟာ ဒီတိရစ္ဆာန်လေးတွေကို အာရုံကျပြီး နှစ်သက်လေ့ရှိတာကြောင့် လူသားတွေနဲ့ ကုသတာထက်
ကို ပိုပြီး သက်ရောက်မှု ကောင်းပါတယ်"ဟု ရှင်းပြသွားခဲ့သည်။

Source: Xinhua

Planet Myanmar Network

0 comments:

Post a Comment