Pages

Sunday, November 4, 2012

Windows 8 အသုံးပြု Laptop နှင့် Tablet များ ၂၀၁၂အတွင်း ပြည်တွင်းဈေးကွက်များသို့ရောက်ရှိမည်



Windows 8 အသုံးပြု Laptop နှင့် Tablet များ ၂၀၁၂ နိုဝင်ဘာလပထမအပတ်နှင့် ၂၀၁၃ နှစ်ဦးပိုင်းများတွင် ၀င်ရောက်လာဖွယ်ရှိကြောင်း အဆိုပါပစ္စည်းများကို တင်သွင်းရောင်းချသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ
ကပြောသည်။


“နိုဝင်ဘာလ ပထမပတ်လောက်ဆိုရင်Windows 8 အသုံးပြု Laptopနဲ့ Tablet တွေ ဈေးကွက်ထဲကိုဝင်ရောက်
ပါပြီ။ Windows 8 အသုံးပြုထားတဲ့ Acer Aspire S7 Ultrabook နဲ့ Acer Iconia W511 Tablet တွေ ၀င်ရောက်
မှာပါ။ Acer Aspire S7 Ultrabook မှာ စကရင်က Touch စနစ်ဖြစ်သွားပါတယ်။

စကရင်ကို ၁၈၀ ဒီဂရီအထိ လှန်ပြီးတော့လည်း ကြည့်လို့ရပါတယ်။ Acer Iconia W511 Tablet ကတော့ Intel Atom processor ကိုအသုံးပြုထားတဲ့အတွက် Netbook တစ်လုံးကဲ့သို့ မြင့်မားတဲ့ စွမ်းဆောင်ရည်ဖြင့် အသုံးပြု
နိုင်မှာဖြစ်ပါတယ်။ Tablet အနေနဲ့ အသုံးပြုနိုင်သလို Docking နဲ့ချိတ်ဆက်ပြီးတော့လည်း Netbook တစ်လုံး
ကဲ့သို့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” ဟု Acer အမှတ်တံဆိပ် ကွန်ပျူတာများကို တင်သွင်းရောင်းချသည့် ရွှေ
လမင်းနဂါး ကုမ္ပဏီလီမိတက်မှ Marketing Manager ကိုအောင်သူရကပြောသည်။

 “၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာWindwos 8 အသုံးပြုထားတဲ့MSI S20 Tablet ကို စတင်တင်သွင်း ဖြန်
့ချိမှာပါ။ Tablet က Keyboard တွဲဖက်ပါဝင်တဲ့ Slide ပုံစံဖြစ်ပါတယ်။ Keyboard သုံးချင်တဲ့အချိန်မှာ ဆွဲထုတ်
အသုံးပြုနိုင်ပြီးမလိုအပ်ဘူးဆိုရင် ပြန်သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။Tablet မှာ 3rd Gen Ivy bridgeprocessor
အသုံးပြုထားပါတယ်” ဟု MSI အမှတ်တံဆိပ် ကွန်ပျူတာများကို တင်သွင်းရောင်းချသည့် Royal Smart Co.,
Ltd မှ Marketing Manager ကိုကောင်းမြတ်ထွန်းကပြောသည်။

ကျွန်တော်တို့ ASUS အမှတ်တံဆိပ်အနေနဲ့ကတော့Windows 8 နဲ့ပတ်သက်ပြီးNotebook နဲ့Tablet ပေါင်းစပ်
ထားတဲ့ ပုံစံဖြစ်တဲ့ ASUS Taichi ကိုတင်သွင်းမှာပါ။ သူကတော့ Notebook အဖြစ်လည်း အသုံးပြုနိုင်သလို Screen ကိုလှန်ပြီးတော့လည်း Tablet အဖြစ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

 နောက်တစ်လလောက်နေရင် မြန်မာပြည်ဈေးကွက်ထဲကို ဖြန့်ချိနိုင်မယ်လို့ ထင်ပါတယ်” ဟု Golden Power Technology မှ ဒါရိုက်တာ ကိုသန့်ဇင်ထွေးက ပြောသည်။ Windows 8 မိတ်ဆက်ပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့က ကမ္ဘာအရပ်ရပ်တွင် ကျင်းပပြုလုပ်ခဲ့သလို အဆိုပါနေ့ရက်တွင် Acer မှ Acer Windows 8 Product Launching ကိုပြုလုပ်ခဲ့သည်။


Internet Journal

0 comments:

Post a Comment