Pages

Sunday, November 4, 2012

Twitter တည်ထောင်သူ ဘစ်စတုန်းနှင့် စကားစမြည်


အင်တာနက်ကမ္ဘာမှာ ယနေ့ ခေတ်အစားဆုံး လူမှုကွန် ရက်တစ်ခုဖြစ်တဲ့Twitterကို စတင် တည်ထောင်ခဲ့
သူတွေထဲမှာ တစ်ဦး အပါအဝင်ဖြစ်တဲ့ ဘစ်စ တုန်း (Biz Stone) က သူ့ရဲ့ Twitterအကြောင်းနဲ့ လူမှုကွန်ရက် (Social Network) အကြောင်း တွေကို စကားစမြည်ပြောဆိုခဲ့ပါ တယ်။ တွေ့ဆုံမေးမြန်းပေးခဲ့သူက တော့ TheSocialMediaBibleစာအုပ်ကိုပူးတွဲရေးသားပြုစုတဲ့ စာရေးဆရာ လွန်ဆက်ဖ်ကို (Lon Safko) ဖြစ်ပါတယ်။
TheSocialMediaBible စာအုပ်ဟာ လူမှု ကွန်ရက်အကြောင်းကို လွယ်ကူ ရှင်းလင်းစွာ ရေးသားပြုစုထုတ်ဝေ ထားတဲ့ပညာရပ်စာအုပ်တစ်အုပ်ပါ။အဲဒီစာအုပ်ရဲ့ပူးတွဲစာရေးသူလွန်ဆက်ဖ်ကိုနဲ့တွစ်တာ တည် ထောင်သူ ဘစ်စတုန်းတို့ရဲ့ လူမှု ကွန်ရက်အကြောင်း အဓိကထား တဲ့ စကားဝိုင်းကို နားထောင်ကြည့်တဲ့အခါ-

LS- ခင်ဗျားရဲ့ အကြောင်း ပရိသတ်သိရအောင် ပြောပြပေးပါဦး။

BS(ဘစ်စတုန်း) - ကျွန် တော်က တွစ်တာ (Twitter) တည် ထောင်သူတစ်ဦးဖြစ်ပါတယ်။ ပူးတွဲပေါ့ဗျာ။ နောက်ထပ်တွစ်တာ ပိုင်ရှင်တစ်ဦးက ခင်ဗျားတို့သိတဲ့ အတိုင်း ဂျက်ဒေါ်ဆေ(Jack Dorsey) လေ။  တွစ်တာမလုပ်ခင်က ကျွန်တော် Vanga.com မှာ အလုပ်လုပ်ပေးသေးတယ်။ Vanga.com ဆိုတာ ၁၉၉၉ ခုနှစ်က နယူးယောက်မှာ စခဲ့တဲ့ Social-journaling ဝန်ဆောင်မှု တစ်ခုပါ။
ခုထိလည်း ရှိပါသေးတယ်။ ကျွန် တော်ကတော့ အဲဒီက ထွက်လိုက် ပြီး ဂူဂယ် (Google) မှာလုပ်သေး တယ်။ ဂူဂယ်မှာ ၂ နှစ်လောက် Blogger Teamမှာ လုပ်တယ်။ နောက်တော့ ထွက်တယ်။ Odeo လို့ခေါ်တဲ့ ပရောဂျက်တစ်ခုလုပ် တယ်။ အဲဒါက အင်တာနက်အော် ဒီယိုလုပ်ငန်းပါ။ တွစ်တာက အဲဒီ ပရောဂျက်ရဲ့ တစ်စိတ်တစ်ပိုင်း လုပ်ငန်းတစ်ခုပါ။ ဒါပေမယ့် ကျွန်တော်တို့ အားလုံး အာရုံကျရာက တွစ်တာပဲ ဖြစ်သွားတယ်။ အဲဒီ တော့ နောက်ပိုင်းမှာ တွစ်တာက တဖြည်းဖြည်း ကြီးထွားလာပြီး လက်ရှိလမ်းကြောင်းပေါ် ရောက် လာတာပါပဲ။

LS- ကောင်းတာပေါ့။ ကျွန်တော်ကတော့ တွစ်တာကို သဘောကျတယ်။ မိတ်ဆွေတိုင်း လိုလိုလည်း တွစ်တာကို သုံး ကြတယ်ဗျ။ ဒါပေမယ့် ခင်ဗျားအနေနဲ့ တွစ်တာကို မသိသေးတဲ့လူတွေအတွက် တွစ်တာဆိုတာကို ဘယ်လို ရှင်းပြပေးမလဲ။

တွစ်တာဆိုတာက မက် ဆေ့ခ်ျတိုပို့တဲ့ ဆားဗစ်တစ်ခုပါပဲ။ သိပ်ကိုရိုးရှင်းတယ်၊ လွယ်ကူတယ်၊ ဒါပေမဲ့ ဆက်သွယ်မှုမှာ ထိရောက် တယ်။ ခုဆို လူအများကြီး တွစ်တာ ကို သုံးနေပြီ။ ကိုယ်စိတ်ဝင်စားရာ လူတွေအကြောင်း၊ အဖွဲ့အစည်း တွေအကြောင်း လတ်တလော ဖြစ် နေတဲ့ အဖြစ်အပျက်တွေကို မျှဝေ ကြတဲ့ အဓိကနေရာတစ်ခုဖြစ်နေ ပါပြီ။ တစ်ဖက်က ဆက်သွယ် ဖို့ သုံးတယ်၊ တခြားတစ်ဖက်မှာ လည်း သတင်းတွေသိချင်လို့ သုံးတာတွေလည်း ရှိတယ်။

LS- မြင်တတ်အောင်ကြည့်တယ် ဆိုတာမျိုးပေါ့ဗျာ။ တွစ်တာရဲ့ အခေါ်အဝေါ်တွေ ဖြစ်တဲ့ Tweets တို့ Tweeting တို့ အကြောင်းလည်း ပြောပြပါဦး။
 BS- တွစ်တာဆိုတာက ကျွန်တော်တို့ အဓိကလုပ်နေတဲ့ လူ မှုကွန်ရက်လုပ်ငန်းရဲ့ အဓိက နာ မည်ပေါ့။ အဘိဓာန်မှာ ရှာကြည့် ရင် သေးငယ်သောအသံတို ဒါမှမဟုတ် သတင်းပေါက်ကွဲမှု အဲဒီလိုတွေ့ရပါလိမ့်မယ်။ ငှက်တွေနဲ့ ဆိုင်တဲ့ ဝေါဟာရပေါ့ဗျာ။ တွစ်တာ မှာ တစ်ယောက်ယောက်က မက် ဆေ့ခ်ျတစ်ခုတင်လိုက်တာနဲ့ သူ့ရဲ့ ကိုယ်ပိုင်အင်တာနက်စာမျက်နှာ (Individual Webpage) တစ်ခု အနေနဲ့ တက်သွားပါလိမ့်မယ်။ အဲဒီမက်ဆေ့ခ်ျတွေကို ကျွန်တော် တို့က Tweetလို့ ခေါ်ပါတယ်။ တခြား လူမှုကွန်ရက်တွေ မှာတော့ Update Status တွေပေါ့။ Tweet တွက တွစ်တာရဲ့ဝင်ရိုးတွေလို ပါပဲ။
     Tweetဆိုတဲ့အသုံးကို ကျွန်တော်တို့ စသုံးတာမဟုတ်ပါ ဘူး။ တွစ်တာသုံးသူတွေဆီက ကြားရတဲ့ ဝေါဟာရပါ။ ကျွန်တော် တို့ တွစ်တာလုပ်ငန်းနဲ့လည်း လိုက် ဖက်တဲ့အသုံးပေါ့ဗျာ။

LS- ဒါဆို ဒီအသုံးက နည်းပညာရပ်ဝန်းကဖြစ်ပေါ်လာတဲ့ ဝေါဟာရအသစ်ပေါ့။ ကောင်း ပါလေရဲ့။ ခုန ခင်ဗျားပြော တဲ့ အထဲမှာ တွစ်တာဟာ အင်တာနက် စာမျက်နှာငယ်၊ ဆက်သွယ်ရေးကွန်ရက်လို့ပြောတယ်၊ စကားလုံး မက်ဆေ့ခ်ျ ဆက်သွယ် မှုလို့ ပြောရင်ရလား။

BS- ရပါတယ်။ မက်ဆေ့ခ်ျတို ဆက်သွယ်မှုပါ။ မိုဘိုင်းဖုန်းတွေနဲ့ တွစ်တာကိုသုံးမယ်ဆို ရင်လည်း တွစ်တာက မိုဘိုင်း မက် ဆေ့ခ်ျတို ဆားဗစ်ကို လုပ်ပါတယ်။
    တွစ်တာအနေနဲ့က Third Party တော်တော်များများနဲ့ တွဲဖက်အသုံးပြုနိုင်အောင် စီစဉ် ပေးထားပါတယ်။ အက်ပဲလ် (Apple) ရဲ့ Mac တွေနဲ့ပဲဖြစ်ဖြစ်၊ သုံးနေကျ ပီစီတွေနဲ့ပဲဖြစ်ဖြစ် ဘယ်လိုဆော့ဖ်ဝဲမျိုးနဲ့မဆို သုံးလို့ ရအောင်လို့ပါ။ အဲဒီလို အဆင်ပြေ အောင် ကျွန်တော်တို့က APIဆိုတဲ့ ဆော့ဖ်ဝဲတစ်ခု ဖန်တီးပေးထားပါ တယ်။

LS- အဲဒါအရေးကြီးတဲ့အချက်ပဲ။ ဥပမာ ကျွန်တော့် Webpage(အွန်လိုင်းစာမျက်နှာ)မှာ ကျွန်တော်ပို့လိုက်တဲ့ Tweet တစ်ခု ဒါမှမဟုတ် ကျွန်တော် Follow လုပ်လိုက်တဲ့ Followတစ်ခု က အလိုလိုသွားပေါ်နေတဲ့ Widget ကို ကျွန်တော် မြင်နေရတယ်။ ကျွန်တော် ဘာတွေ Tweetလိုက် တယ်ဆိုတာ သိချင်ရင် ကျွန်တော့် ဝက်ဘ်ဆိုက်ကို သွားကြည့်လိုက်ရုံပဲ။ ဒါ တွစ်တာကွန်ရက် အတွက်ကော၊ တခြားလူမှုကွန်ရက်တွေအတွက်ပါ အထောက်အကူဖြစ်စေ တဲ့ ဆော့ဖ်ဝဲပဲ။

BS - ဟုတ်တယ်။ မနေ နိုင် မထိုင်နိုင် ဝါသနာအလျောက် ဖန်တီးခဲ့တဲ့ ဒီဆော့ဖ်ဝဲက ကျွန် တော်တို့အတွက် အောင်မြင်မှု တစ်ခု ဖြစ် လာတာပါ။ ဖန်တီးခါစက သိပ်ကိုရိုးရိုးစင်းစင်းဖန်တီးခဲ့ပြီး API Developer ပေါက်စတွေအနေနဲ့လည်း တွစ်တာနဲ့အတူ စမ်းသပ် နိုင် တဲ့ အနေအထားမျိုးပါ။ အဲဒါ ကြောင့်ပဲ တွစ်တာက လျင်လျင် မြန်မြန်ကို ပေါ်ပြူလာ ဖြစ်လာခဲ့ တာပေါ့။

LS- ဟုတ်တယ်ဗျ။ ကျွန်တော်ဆို ကွန်ပျူတာရှေ့မှာ ထိုင်လိုက်တာနဲ့ နောက်ဆုံးရ မက်ဆေ့ခ်ျတွေကို ဖတ်နိုင်တော့ တာပဲ။ ဆဲလ်ဖုန်း၊ ဘလက်ဘယ်ရီ ဘာပဲသုံးသုံး အင်တာနက်သုံးတာနဲ့ ဖတ်လို့ရနေတယ်။ သတင်းတွေကလည်း ရတာ မြန်တယ်။ ဖုံးကွယ်ထားလို့ မရဘူး။

BS- မိုဘိုင်းဖုန်းတွေက တစ်ဆင့် အလွယ်တကူ သုံးနိုင်အောင် ကျွန်တော်တို့ တော်တော် ကြိုးစားခဲ့တာပါ။ တွစ်တာဆိုတာက မက်ဆေ့ခ်ျတိုပို့တဲ့ စနစ်ဆို တော့ မိုဘိုင်းဖုန်းတွေနဲ့ သုံးလို့မရ ဘူးဆိုရင် အဓိပ္ပာယ်မရှိ ဖြစ်သွား မှာပေါ့။



ကလျာအိအိလွင်

0 comments:

Post a Comment