Pages

Sunday, November 4, 2012

ကြမ်းတမ်းလှသည့် တရုတ်နိုင်ငံမှ မူကြိုကျောင်း

 
ကမ္ဘာတ၀ှမ်းလုံးကိုအကြီးအကျယ်တုန်လှုပ်သွားစေတဲ့ဖြစ်ရပ်ကတော့ဒီဓါတ်ပုံတွေပဲဖြစ်ပါတယ်။တရုတ်ပြည်
တစ်နိုင်ငံလုံးပြစ်တင်ရှံ့ချမှုအကြီးအကျယ်ရင်ဆိုင်နေရတဲ့အပြင်တစ်ကမ္ဘာလုံးကပါစိတ်ဆိုးဒေါသထွက်စေခဲ့
တဲ့အတွက်အသက်၂၀အရွယ်ဆရာမလေးယန်ယန်ဟုန်ကြောင်းဖြစ်ပါတယ်။ဒီပုံကတော့ ဆရာမကလေးက
နေပြီးအော်ဟစ်ငိုယိုနေတဲ့ကျောင်းသားကလေးကို နားရွက်နေဆွဲပြီးကိုင်မြှောက်နေပုံဖြစ်ပါတယ် ။ တရုတ်နိုင်ငံ ကျေကျန်းပြည်နယ်ဝန်လင်းဒေသက ဆရာမ ယန်ဟုန်ရဲ့စာသင်ခန်းအတွင်းမှား ကလေးငယ်
တွေကိုရေပုံးတွေနဲ့ဦးခေါင်းကိုစွပ်ထားခြင်း၊ပါးစပ်တွေကိုတိတ်ပလာာစတာဖြင့်ကပ်ထားခြင်း အမှိုက်ပုံးများ
ထဲဦးခေါင်းများစိုက်ထားခြင်းစတဲ့ နှလုံးသားကင်းမဲ့တဲ့ စာနာမှုကင်းစွာ နှိပ်စက်အပြစ်ပေးနေတဲ့ပုံပေါင်း ၇၀၂ ပုံပေါ်ပေါက်လာခဲ့တယ်။
 
ကလေးငယ်တွေဟာကြောက်ရွံ့ထိတ်လန့်စွာနဲ့အော်ဟစ်ငိုယိုနေပုံကိုဒီပုံတွေမှာတွေ့မြင်နိုင်ပါတယ်။ဒါ့အပြင်
စာသင်ခန်းအတွင်းမှာဘီယာပုလင်းလွတ်တွေနဲ့ပျံ့ကျဲနေတာကိုလည်းတွေ့ခဲ့ရတယ်။ အဲဒီကြောက်လန့်တုန်
လှုပ်ဖွယ်ပုံတွေကိုဆရာမကသူ့ရဲ့မိတ်ဆွေထံပေးပို့ခဲ့ပြီး နာက်အွန်လိုင်းပေါ်ရောက်ရှိခဲ့ပြီးဝေဖန်ဆူညံမှုတွေ
ဖြစ်စေခဲ့ခြင်းဖြစ်တယ်။ဆရာမကတော့ကလးငယ်ကိုနားရွက်ကဆွဲကိုင်ထားခြင်းဟာသူ့ကိုချစ်လို့ကျီစယ်ခြင်း
ဖြစ်တယ်နောက်မိတာ ဖြစ်တယ် လို့ ဆင်ခြေပေးခုခံထား ပါတယ် ။

ကျွန်မကဓါတ်ပုံရိုက်ထားချင်ခဲ့တာပါပုံရိုက်ပြီးတာနဲ့သူ့ကိုအောက်ကိုပြန်ချပေးခဲ့ပါတယ်လို့ဆရာမကပြောဆို
ခဲ့ပါတယ်။ဒေသခံပညာရေးဌာနကတော့ဆရာမကိုအလုပ်မှထုတ်ပယ်ခဲ့ပြီးအဲဒီကျောင်းကိုလည်းအပြစ်ပေးအ
ရေးယူခဲ့တယ်လို့သိရပါတယ်။ဒီလိုဓါတ်ပုံတွေဟာမကြာသေးခင်ကလည်း တရုတ်ကျောင်းဆရာမတစ်ဦးက
တပည့်လေးတွေကိုအချက်ပေါင်းများစွာပါးရိုက်ပြီးဆုံးမနေတဲ့ဗွီဒီယို မှတ်တမ်းပေါ်လာပြီးနောက်ဆက်တိုက်
ဆိုသလို ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။

ကလေးတွေကိုဒီလောက်ကြမ်းတမ်းစွာရိုက်နှက်တဲ့အပြစ်ပေးတဲ့သူဟာဆရာမမဖြစ်ထိုက်ဘူးလို့ ဝေဖန်သူတွေ
ကသုံးသပ်ခဲ့ကြပါတယ် ။

သက်တန့်ချို
Dailymail.co.uk

0 comments:

Post a Comment