Pages

Sunday, November 4, 2012

ညောင်တုန်းမြို့နယ်၌ လေပြင်းတိုက်၍ လူနေအိမ်များပြို

ညောင်တုန်းမြို့နယ် သဇင်ရေကျော်ကျေးရွာအုပ်စု ပန်းဆိပ်ကျေးရွာတွင် နိုဝင်ဘာ ၁ ရက်နံနက်၃နာရီကမိုး
ရွာပြီး လေပြင်းတိုက်သဖြင့်လူနေအိမ်ရှစ်လုံး၊ဂိုဒေါင်ငယ်တစ်လုံး ပြိုကျပျက်စီးသွားကြောင်းသိရှိရသည်။လေ
ပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ရှစ်လုံးမှ အိမ်ထောင်စုရှစ်စု၊ ကျား၂၇ ဦး၊ မ၂၂ ဦး စုစုပေါင်း လူဦးရေ ၄၉ ဦး လေဘေးသင့်ခံရပြီး အိုးအိမ်ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။အဆိုပါ ကျေးရွာနေဦးလှဌေးအောင်၏ဇနီးမှာ
မီးဖွားပြီး ရက်ပိုင်းသာ ရှိသေးသဖြင့် ပတ်ဝန်းကျင်မှ ပြုစုစောင့်ရှောက်ထားကြောင်း သိရှိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရှိရသည်။ “လေတိုက်တာက
မိနစ် ၂၀ လောက်ပဲ ကြာတယ်။ လေက နည်းနည်းပြင်းတော့ လူနေအိမ်ရှစ်လုံးနဲ့ ဂိုဒေါင်တစ်လုံး ပြိုကျ ပျက်
စီးသွားတယ်” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံရွာသားတစ်ဦးက ပြောပြသည်။ 

“လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားရတဲ့ အိမ်ထောင်စုဝင်တွေကို စားသောက်ကုန် ထောက်ပံ့ခဲ့ပါ
တယ်။ မီးဖွားပြီး ရက်သားသာ ရှိသေးတဲ့ ဦးလှဌေးအောင်ရဲ့ဇနီးနဲ့ကလေးကိုလည်း သူတို့ဆွေမျိုးတွေရဲ့ နေ
အိမ်ကို ပို့ဆောင်ပေးခဲ့ကြပါပြီ။ ကူညီရေး လုပ်ငန်းတွေကို ဆက်လုပ်သွားမှာပါ” ဟု သဇင်ရေကျော် ကျေးရွာ
အုပ်စု အုပ်ချုပ်ရေးမှူး ဦးလှစိန်က ပြောသည်။

 လေဘေးသင့်ခံ အိမ်ထောင်စုများအား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များက လို
အပ်သောကူညီပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၂၀၁၂ ခုနှစ် နိုဝင်ဘာ၃ ရက်နေ့ထုတ် မြန်မာ့အလင်း
သတင်းစာတွင် ဖော်ပြထားပါသည်။ 


ခေတ်လှုငယ်သတင်း

0 comments:

Post a Comment