Pages

Sunday, November 11, 2012

တောင်ကုတ်မြို့နယ် NLD ကျေးရွာရုံး တိုက်ခိုက်ခံရ


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၏ ကျေးရွာ  ရုံးတစ်ရုံး တိုက်ခိုက် ခံခဲ့ရပြီးပါတီ အလံလည်း မီးရှို့ဖျက်ဆီး ခံရသည်ဟုသတင်း ရရှိသည်။တိုက်ခိုက်ခံရသည့်ရုံးမှာ တောင်ကုတ်
မို့နယ် ငရုတ်တောင်ကျေးရွာရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံုး ဖြစ်သည်။
“ ဒီနေ့ နိုဝင်္ဘာလ ၁၀ ရက်နေ့ နံနက် ၉နာရီခွဲလောက်က တောင်ကုတ်မြို့နယ် ငရုတ်တောင်ကျေးရွာ NLD ရုံးက ဆိုင်းဘုတ်ပေါ်မှာ ထောင်ထားတဲ့ NLD အလံကို ငရုတ်တောင်ရွာက ကိုအောင်သိန်းရွေက လာဖြုတ်ပြီး အစိတ် စိတ်အမွှာမွှာ ဆုတ်ဖြဲတယ်ဗျာ။ ပြီးတော့အလံကို မီးရှို့ဖျက်ဆီးတယ်ဗျာ” ဟု တောင် ကုတ်မြို့ နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ပြည်နယ်စီး အဖွဲ့ဝင် ကိုမင်းအောင် က  ပြော သည်။
 
အဖွဲ့ချုပ်၏အလံကို မီးရှို့ မီးရှို့ဖျက်ဆီးသည့် အမှုနှင့် ပတ်သက်ပြီး  မြို့နယ်ရဲမှူးကို တိုင်တန်း ထား သည် ဟု ကိုမင်းအောင်က ဆက်ပြောသည်။
 
“ ကျွန်တော်တို့ မနေ့က ညနေ ၅ နာရီလောက်မှာ မြို့နယ်ရဲမှူးကို အကြောင်းကြားထားပါတယ်။ မြို့နယ် ရဲစခန်း မှာလဲ မအားလပ်ကြဘူး။ ဒီနေ့ဘဲ ပြည်ထဲရေးဝန်ကြီးဌာနက ဒုရဲမှူးကြီး ရောက်မယ်ဆိုတဲ့ အ တွက် စောင့်ဆိုင်း ကြိုဆိုနေကြတာ ည ၆ နာရီအချိန်ထိတော့ မရောက်သေးဘူး။ 
 
ဒါပေမယ့်မို့နယ် ရဲမှူး ကတော့ လမူးရဲစခန်းမှူးဆီကို အရေးယူဖို့ အကြောင်းကြားထားပြီလို့ ပြောပါတယ်” ဟု ဆိုသည်။
ဖြစ်ပျက်ပုံနှင့် ပတ်သက်ပြီး ရွာသား တစ်ဦး မေးမြန်းရာ တိုက်ခိုက် ဖျက်ဆီးသူမှာ အဆိုပါ ကျေးရွာမှ ကိုေ အာင် သိန်းရွှေ ဆိုသူ ဖြစ်ကြောင်း ပြောဆိုသည်။
 
“ သူက ဘာတွေကို မကျေနပ်တာလဲတော့ မပြောနိုင်ဘူး။ NLD အလံကို မီးရှို့ဖျက်စီးပြီးတော့ တနေ့လုံး ရွာ ကို ပတ်ပြီး ဆဲဆို ကလော်တုတ်နေတယ်။ ၀င်ပြောတဲ့ အမျိုးသမီးတစ်ဦးကိုလည်း လေးဂွနဲ့ ပစ် လို့ ကြောကုန်းကို ထိမှန်သွားတယ်။ ကျွန်တော်တို့ကတော့ မြို့နယ် အဖွဲ့ချုပ်ကို သတင်းပို့ထားပါတယ်” ဟု ငရုတ်တောင် ကျေးရွာသားတစ်ဦးက ပြောသည်။
 
မည်သည့်အတွက်ကြောင့် ယခုလို တိုက်ခိုက်သည်ကို မသိရသေးကြောင်း ရွာသားများက ပြောသည်။ငရုတ်
တောင်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ် ဧပြီလ ၂၉ ရက် နေ့က ကျင်းပခဲ့သည်။
 
တောင်ကုတ်မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၅၁ အုပ်စုရှိရာ ယခုအချိန်တွင် ကျေးရွာအုပ်စုပေါင်း ၃၃ အုပ် စု တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများ ဖွင့်လှစ်နိုင်ခဲ့ပြီး အဖွဲ့ဝင်လက်မှတ်ထုတ်ပေးထားသူ စုစုပေါင်း ၃၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရှိရသည်။
narinjara

0 comments:

Post a Comment