Pages

Sunday, November 11, 2012

ဂျက်စတင်ဘီဘာနှင့် ဆလီနာဂိုမက်ဇ်တို့စုံတွဲ လမ်းခွဲလိုက်ပြီဟုဆို

ဂျက်စတင်ဘီဘာနှင့် ဆလီနာဂိုမက်ဇ်တို့စုံတွဲ လမ်းခွဲလိုက်ပြီဟုဆို

ငယ်ရွယ်နုပျူပြီး လိုက်ဖက်မှုရှိသော အနုပညာစုံတွဲအဖြစ် သတ်မှတ်ခံထားရသည့် ဂျက်စတင်ဘီဘာနှင့် ဆ
လီနာဂိုမက်ဇ်တို့နှစ်ဦး လမ်းခွဲလိုက်ပြီဖြစ်ကြောင်း E! News က ပြောကြားသည်။
၎င်းတို့နှစ်ဦး လမ်းခွဲရသည့် အကြောင်းရင်းကို အတိအကျ မသိရသေးသော်လည်း Victoria's Secret မော်
ဒယ်လ် ဘာဘရာ ပါလ်ဗင်နှင့် ဆက်နွယ်နေသည်ဟုဆိုသည်။

justin bieber
(Victoria's Secret Fashion Show တွင် သီဆိုဖျော်ဖြေသည့် ဂျက်စတင်ဘီဘာ)
ဂျက်စတင်ဘီဘာသည် နိုဝင်ဘာ ၇ ရက်က နယူးယောက်ခ်တွင် ပြုလုပ်သော Victoria's Secret Fashion Show တွင် သီဆိုဖျော်ဖြေခဲ့ပြီး မော်ဒယ်လ်များထံမှ ဖုန်းနံပါတ်တောင်းယူခဲ့ကာ ထိုပွဲ ကျင်းပအပြီးနောက်
ပိုင်း ဘာဘရာ ပါလ်ဗင်နှင့် ဆက်သွယ်မှုများရှိခဲ့ကြောင်း New York Post သတင်းက ဖော်ပြသည်။

လက်ရှိတွင် ဂျက်စတင်ဘီဘာက ၎င်း၏ အယ်လ်ဘမ်သစ်အတွက် ပရိုမိုးရှင်းအဖြစ် သီဆိုဖျော်ဖြေမှု ခရီး
စဉ်သွားရောက်လျက်ရှိပြီး ဆလီနာဂိုမက်ဇ်မှာ Disney ကုမ္ပဏီအတွက် The Wizards Return: Alex versus Alex ဇာတ်ကားကို ရိုက်ကူးနေသည်။

Planet Myanmar Network:

0 comments:

Post a Comment