Pages

Sunday, November 11, 2012

အများပြည်သူများအနေဖြင့် ငလျင်ကိုသတိထားရန်လိုသော်လည်း အစိုးရိမ်မလွန်ကြရန်ဦးထွန်းလွင် ပြော

ရန်ကုန်-နိဝင်ဘာ၁၁

မြေငလျင်ကြီးတို့၏အစဉ်အလာအတိုင်း နောက်ဆက်တွဲမြေငလျင်များ လှုပ်ရှား နိုင်သော်လည်း အများအား

ဖြင့်ပင်မမြေငလျင်ကြီးထက် အင်အားပိုမိုပြင်းထန် လေ့မရှိသောကြောင့် အများပြည်သူများအနေဖြင့် သတိ
ထားရန်လိုသော်လည်းအစိုးရိမ်မလွန်ကြရန်လိုအပ်ပါသည်။
အထူးသဖြင့် အချိန်ကာလနေ့ရက်နာရီ အတိအကျဖြင့် ထွက်ပေါ် လာသောခန့်မှန်းမှုများဟာ အခြေအမြစ်
ကင်းမဲ့သော ကောလဟလများသာဖြစ်သဖြင့် ပြည်သူများအနေဖြင့် သတိထားကြရန်လိုအပ်ဖြစ်ကြောင်း မိုး
လေ၀သပညာရှင်ဦးထွန်းလွင် ဖေ့စ်ဘွတ်တွင် ရေးသားထားသည်။

ယနေ့ နံနက် ( ၇နာရီ၊ ၄၂ မီနစ်၊ ၃၈ စက္ကန့်)အချိန်က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း ရွှေဘိုမြို့ရဲ့
 မြောက်အရှေ့ယွန်းယွန်း (North northeast) ၅၆ ကီလိုမိတာ(၃၅ မိုင်)ခန့်အကွာ ပြည်တွင်းတစ်နေရာကို ဗ
ဟိုပြုကာ အင်အားရစ်ခ်ျတာစကေး(၆.၆)ရှိ ပြင်းထန်သောမြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့သည်။ အခြား.အနီး
ဆုံးမြို့မှာ မိုးကုတ်မြို့၊ သပိတ်ကျဉ်း၊ ကျောက်မြောင်းမြို့များ ဖြစ်ကြ ပါသည်။

မြေငလျင်ဗဟိုချက်ဟာ စစ်ကိုင်းငလျင်ကြောအပေါ်တွင် တည်ရှိနေပြီး မြေအောက်အနက် ၉.၉ ကီလိုမီတာ
(၆ မိုင်)တွင် ဗဟိုပြုလှုပ်ရှားခဲ့သဖြင့် အနက်တိမ် ပြင်းအားကြီးမြေငလျင်(shallow depth strong earthquake)
ဖြစ်သဖြင့် ပျက်စီးမှု များနိုင်ဟုဖော်ပြထားသည်။
 
ပေါ်ပြုလာမြန်မာ

0 comments:

Post a Comment