Pages

Sunday, November 11, 2012

အမေရိက ဂီတ ကြယ်ပွင့်လေဒီဂါဂါ ဘရာဇီးလ်သို့ရောက်ရှိ

လေဒီဂါဂါ ဘရာဇီးလ်သို့ရောက်ရှိ

ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်အဖြစ် ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီ ဂျနေရိုမြို့တော်သို့ ရောက်ရှိနေသော Pop
ဂီတ အဆိုတော် လေဒီဂါဂါသည် မြို့တော်ရှိ ဆင်းရဲသားရပ်ကွက်မှကလေးများနှင့်အတူသီချင်းဆိုခဲ့ကြောင်း
သိရသည်။
အမေရိက ဂီတ ကြယ်ပွင့်သည် သူမ တည်းခိုနေသည့် ဇိမ်ခံဟိုတယ်ကြီးနှင့် ဘလောက် (၃)ခုမျှ အကွာတွင် ရှိနေသော ဆင်းရဲသား ရပ်ကွက်လေးသို့ သွားရောက်လည်ပတ်ကာကလေးများနှင့်အတူသီချင်းဆိုပြီး ဘော
လုံးလည်း ကစားခဲ့သည်။


နယူးယော့ခ်မြို့ဖွာ အဆိုတော်သည် ဂျပန်ကီမိုနိုဆန်ဆန် အဖြူရောင်တွင် အပွင့်ရောင်စုံများပါသည့် ဝတ်စုံ တဖားဖားနှင့် ဘောလုံးကစားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သူမ၏ Born This Wayသီချင်းများကို ကလေးများနှင့်အတူ ပျော်ရွှင်စွာ သီဆိုခဲ့ခြင်း ဖြစ်သည်။ ဂါ
ဂါသည် သောကြာနေ့တွင် ရီယို၌ ဖျော်ဖြေမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဆော်ပေါ်လိုသို့ ခရီးဆက်မည်ဟု သိရှိ
ရသည်။

Planet Myanmar Network:

0 comments:

Post a Comment