Pages

Monday, November 26, 2012

မှောင်ခိုလှေဖြင့် မလေးရှားသို့သွားသည့် ဘင်္ဂလီ ၁၇၅ ဦး ၂ ပတ်ကြာပြန်ဆိုက်ရောက် ဖမ်းဆီးခံ

kh-manik-pic-24-11-2012-300x240

ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှမလေးရှားသို့မှောင်ခိုလှေဖြင့်ထွက်ခွာသွားခဲ့ပြီးဖြစ်သောဘင်္ဂလီ၁၇၅ ဦးပါ လှေတစင်းနှင့်အ
တူဒီဇယ်ဆီ ၈၀၀ လီတာအား BGBက သောကြာနေ့က ကော့စ်ဘဇားခရိုင်အတွင်းမှ ဖမ်းဆီးရမိကြောင်း သတင်း ရရှိသည်။
ယင်းလှေမှာ ကော့စ်ဘဇားခရိုင်အတွင်းရှိ မိုဟေဆ်ခါးလီ (ရခိုင်အခေါ် မဟားဇိုးကျွန်း)မှ နိုဝင်္ဘာလ ၁၁ ရက်နေ့က မလေးသို့ထွက်ခွာသွားခဲ့ပြီး၁၃ရက်ကြာဘင်္ဂလားပင်လယ်ပြင်အတွင်းခုတ်မောင်းရှိနေခဲ့ရာမှပြန်လည်၍ဆိုက်ကပ်
လာခိုက် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု တာခ်နာ့အခြေစိုက် BGB အမှတ် ၄၂ တပ်ရင်းမှူး ဇာဟိဒ်က ပြောဆိုသည်။
 
သို့သော်လည်း ယမန်နေ့ကထုတ် ဒေသအက်တာနက်စာမျက်နှာများက လှေပေါ်တွင် လိုက်ပါလာကြသူများမှာ ကမ်းကပ်သည်နှင့်ခုန်ဆင်းပြီး ထွက်ပြေး လွတ်မြောက်သွားကြောင်း မျက်မြင်များက ပြောဆိုသည်ဟု ဖေါ်ပြသည်။
 
အဆိုပါစက်လှေဖြင့်မလေးသို့သွားမည့်သူများအနေဖြင့်တဦးလျှင်တာကာ၃၀၀၀၀(မြန်မာကျပ် ၃၀၀၀၀၀ ကျော်
)ပေးဆောင် ခဲ့ရကြောင်း ထွက်ပြေးသွားသူများက ပြောကြောင်း သတင်းများက ဆိုသည်။
 
ထို့ပြင်မိုဟေဆ်ခါးလီကျွန်းမှမလေးသို့သွားရန်ပြင်ဆင်နေကြသောစက်ဘုတ်နှစ်စီးနှင့်ဆက်စပ်နေသည့် သူများ
အား သတင်းအရ ယင်းBGBမှ သွားရောက်ဖမ်းဆီးမည်ဖြစ်ကြောင်း သိရှိရသည်။
 
ယင်းကဲ့သို့စက်လှေများအနေဖြင့်များသောအားဖြင့်မလေးသို့သွားမည့်သူများအားတင်ဆောင်ပြီး ဘင်္ဂလာဒေ့
ခ်ျနိုင်ငံMobileNetworkအပြင်သို့သွားရောက်ပြီးလိမ်လည်ခုတ်မောင်း၍နီးစပ်ရာကမ်းသို့ တင်ဆောင်၍သော်
လည်းကောင်း၊ဆီကုန်စက်ပျက်၍ဖြစ်စေလည်းကောင်း၊ကျောက်ဆောင်ကိုတိုက်ခိုက်၍သော်လည်းကောင်းအခက်
အခဲများကိုကိုယ်တိုင်ဖန်တီးလေ့ရှိကြောင်း ဒေသအတွင်း လေ့လာသူများက ဆိုသည်။
 
ယခုအခါယင်းဘင်္ဂလီများမှာမလေးရှားနိုင်ငံသို့သွားမည့်မှောင်ခိုစက်လှေများဖြင့်မိသားစုများပါ ယူဆောင်သွားမှု
များ ရှိလာကြကြောင်း သတင်းများက ဆိုသည်။
 
အဆိုပါလိမ်လည်ပြီးမလေးသို့သွားရောက်အလုပ်လုပ်ကိုင်ရန်ခေါ်ဆိုနေကြသူများအားယခုအချိန်ထိ ဘင်္ဂလာဒေ့
ခ်ျနိုင်ငံမှမလေးသို့သွားရောက်အလုပ်လုပ်ကိုင်နေထိုင်ချင်ကြသူများအနေဖြင့် ယုံကြည်နေကြသေးကြောင်း တွေ့ရှိ
ရသည်။
 
ကော့စ်ဘဇားခရိုင် အိုခီးယားမြို့ ရဲဋ္ဌာနက ဒေသအတွင်းမှ မလေးသွားရန် ပြင်ဆင်နေကြသော ဘင်္ဂလီ ၁၁ ဦးအား စနေနေ့က ဖမ်းဆီး ရမိကြောင်း သက်ဆိုင်ရာက ထုတ်ဖေါ်ပြောဆိုကြောင်း ဒေသထုတ်သတင်းများက ဆိုသည်။
 
လွန်ခဲ့သော နှစ်များက မြန်မာ-အိန္ဒိယ-ထိုင်း-မလေးရှားနှင့် တချို့နိုင်ငံများ အနေဖြင့် ဆောင်းရာသီအတွင်း ယင်းကဲ့သို့ မှောင်ခိုလှေဖြင့် ဘင်္ဂလီများ မိမိကမ်းခြေဒေသအတွင်းသို့ ဆိုက်ရောက်လာမည်ကို စိုးရိမ်မှုများ ကြီးထွားခဲ့ပြီး ကာကွယ်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
 
 
အာရကန်တိုင်းမ်

0 comments:

Post a Comment