Pages

Monday, November 26, 2012

ရန်ကုန်တိုင်း ဒေသကြီး၊ ထန်းတပင်မြို့နယ်၊ သံပုရာခုံ ကျေးရွာအနီးတွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်မှုဖြစ်ပွား

 
ရန်ကုန်တိုင်းဒေသကြီး၊ထန်းတပင်မြို့နယ်၊သံပုရာခုံကျေးရွာအနီးမိုင်တိုင်၃/၀မိုင်တွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း
ပေါက်မှု နိုဝင်ဘာလ၂၆ ရက်နေ့၊ နံနက် ၆ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ရေေ အာက် တွင် သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ပိုက် လိုင်း ပေါက်ခြင်းဖြစ်ပြီး ထိုသို့ ဖြစ်ပွားမှုကြောင့် မော်တော်ယာဉ်များစီ
အမ်ဂျီဓာတ်ငွေ့ ပေးဝေမှု အနည်းငယ်လျော့နည်းမှု ရှိနိုင်သော်လည်း ရပ်ဆိုင်းမည်မဟုတ်ကြောင်း သိရှိရ သည်။
''ရေအောက်မှာရှိတဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်းကဆွးပြီးပေါက်တာပါ။ပိုက်လိုင်းပြုပြင်ရေးဌာနက လုပ်သားတွေ
 နေ့လယ်၁၂နာရီကျော်ကနေစတင်ပြင်ဆင်ခဲ့တာနေ့လယ်၁နာရီ၄၅မိနစ်မှာပြင်ဆင်ပြီး သွားပါတယ်။ မော်တော်
ယာဉ်တွေကို သဘာဝဓာတ်ငွေ့ ထုတ်ပေးတာတွေ ရပ်ဖို့တော့ မရှိပါဘူး'' ဟု ပြောကြားခဲ့သည်။
အဆိုပါပိုက်လိုင်းမှာညောင်တုန်းမှ ရန်ကုန်သို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်ရန် သွယ်တန်းထားသည့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းဖြစ်ကြောင်း သိရှိရသည်။
Eleven Media Group

0 comments:

Post a Comment