Pages

Monday, November 26, 2012

စစ်တောင်းမြစ် ကမ်းပါးပြိုကျမှုကြောင့် အိမ်ခြေ ၁၇ဝ ကျော် ရေထဲမျှောပါ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ် တိုက်နယ်မှာရှိတဲ့ ဆိပ်ကမ်းသာရပ်ကွက်နဲ့ ရွာမရပ်ကွက်တို့မှာ အခုလ (၁၇) ရက်ကနေ့  စတင်ပြီး စစ်တောင်းမြစ် ကမ်းပါးပြိုကျမှု နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေတဲ့အတွက် ဒီနေ့အထိ အိမ်
ခြေ (၁၇ဝ)ကျော်ဟာ မြစ်ရေနဲ့ မျှောပါသွားတယ်လို့ သိရပါတယ်။

လူဦးရေ (၄ဝဝ) ခန့်ဟာ အဲဒီမြစ်ရေ တိုက်စားမှုဒဏ်ကြောင့် ဘေးလွတ်ရာနေရာတွေမှာ ကြုံသလို ပြောင်းရွှေ့နေ
ထိုင်နေရပြီး တာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေးခြင်း မရှိသေးတဲ့အတွက်ဒုက္ခရောက်နေတယ်လို့ အဲဒီဒုက
္ခသည်တွေ အရေးဆောင်ရွက်ပေးပြီး ရန်ကုန်မြို့ကို ဒီကနေ့ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာ့လူမှုဖွံ့ဖြိုး တိုးတက်မှု
ကွန်ရက်မှ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က RFA ကို ပြောပါတယ်။

ဒေသခံတွေဟာအဲဒီနေရာမှာ နေထိုင်လာခဲ့တာ နှစ်ပေါင်း (၃ဝ) နီးပါးရှိပြီလို့သိရပြီးအရင်ကအခုလို မြစ်ရေတိုက်
စားမှုကြောင့် အိမ်တွေပြိုကျခဲ့တာ မရှိဖူးဘူးလို့ လည်းသိရပါတယ်။

အခုလို မြစ်ကမ်းပါးပြိုကျမှုဟာ စစ်တောင်းမြစ် ဒီရေတက်တဲ့ နေ့တွေမှာ ဖြစ်ပေါ်နေတာလို့လဲ ပြောကြပါတယ်။


RFA (Burmese)

0 comments:

Post a Comment