Pages

Monday, November 26, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် မကြာမီဖွင့်လှစ်မည့် စစ်ကိုင်းတက္ကသိုလ်ကို သွားရောက် ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးမြညိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့်အဖွဲ့ဝင်များလိုက်ပါလျက်ယနေ့မွန်းလွဲပိုင်းတွင်ရဟတ်ယာဉ်များဖြင့် စစ်ကိုင်းမြို့သို
့ ရောက်ရှိကြသည်။
ထို့နောက်စစ်ကိုင်းမြို့တွင်လာမည့်ပညာသင်နှစ်မှစတင်၍ဖွင့်လှစ်မည့်စစ်ကိုင်းတက္ကသိုလ်သို့ရောက်ရှိရာတာဝန်ခံပါ
မောက္ခချုပ် ဒေါက်တာ သူရဦးနှင့်ဆရာ၊ ဆရာမများ၊ မြို့မိမြို့ဖများ ကကြိုဆိုကြသည်။
ယင်းနောက် နှစ်ထပ်စာသင်ဆောင် ခန်းမ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက် လုပ်ရေးလုပ်ငန်းမှ ဒုတိယအင်ဂျင်နီယာမှူးကြီးဦးခင်မောင်ဆွေကတက္ကသိုလ်စာသင်ဆောင်နှင့် ဝန်ထမ်းနေအိမ်များ ဆောက်လုပ်ပြီး
စီးမှုနှင့်ဆက်လက်ဆောက်လုပ်မည့် အခြေအနေ များကို ရှင်းလင်းတင်ပြပြီး တာဝန်ခံပါမောက္ခချုပ်က တက္ကသိုလ် စတင်ဖွင့်လှစ်ရန်ဆောင်ရွက်နေမှု၊သင်ကြားပေးမည့်အထူးပြုဘာသာရပ်များ နှင့် ဆရာ၊ဆရာမများအင်အားတို့ကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကလမ်းညွှန်မှာကြားရာတွင်ယခင်ကဆိုလျှင်စစ်ကိုင်းမြို့မှ ကျောင်း
သား ၊ကျောင်းသူများအနေဖြင့်တက္ကသိုလ်ပညာဆက်လက်ဆည်းပူးလိုပါက ရွှေဘိုနှင့်မုံရွာမြို့များသို့ သွားရောက်
သင်ယူကြ ရကြောင်း၊ ထို့ကြောင့် ငွေကြေးကုန်ကျမှုပိုမိုများပြားခဲ့ကြောင်း၊ဤတက္ကသိုလ်ကြီးဖွင့်လှစ်ပါကစစ်ကိုင်း
မြို့မှာပင် အချိန်ကုန်၊ငွေကုန်သက် သာစွာဖြင့် ပညာ သင်ယူနိုင်တော့မည်ဖြစ်ကြောင်း။
ဤစစ်ကိုင်းတက္ကသိုလ်ကြီးကို နိုင်ငံတော်က အထူးအစီအစဉ်ဖြင့် တည်ဆောက်ဖွင့်လှစ် ပေးခြင်းဖြစ်ရာ စစ်ကိုင်းတိုင်းအတွင်းရှိ တက္ကသိုလ်များအနက် အကောင်းဆုံး တက္ကသိုလ်ကြီး- Excellience University အဖြစ် ပေါ်ထွန်း လာစေလို ကြောင်း၊ ကျောင်းသားကျောင်းသူများကို စည်းကမ်းကောင်း၊
 
 ကိုယ်ကျင့်တရားကောင်းပြီးပြည်ထောင်စုကြီးတစ်ခုလုံးကိုလွှမ်းခြုံချစ်မြတ်နိုးသည့် မျိုးချစ်စိတ်ဓာတ်ရှင်သန်သော လူတော်လူကောင်းများအဖြစ်မွေးထုတ်ပေးရန်ဖြစ်ကြောင်း၊ထို့အတူကျောင်းသာျးကျောင်းသူများအား ဘွဲ့တစ်ခု
ရရှိရန်အတွက်သာမဟုတ်ဘဲအမှန်တကယ်ပညာတတ်မြောက်သူများ ဖြစ်အောင် လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်
လိုကြောင်း၊ထိုသို့လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန်အတွက်ဆရာ၊ဆရာမများကိုယ်တိုင်ကလည်းအတော်ဆုံး၊ အကောင်းဆုံး ဖြစ်အောင် စဉ်ဆက်မပြတ်လေ့လာဆည်းပူးနေရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ၊ အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများ၊ အရှေ့အာရှ နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုပိုမိုများပြားလာသည်ဖြစ်ရာ ကျောင်းသား ကျောင်းသူများကို အင်္ဂလိပ်ဘာသာ ကျွမ်းကျင် သူများ ဖြစ်လာစေရန် နှင့် ကျောင်းပြီးသည်နှင့် တစ်ပြိုင်တည်း လုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက်လုပ်ကိုင်နိုင်သည် အထိ ရည်ရွယ် သင်ကြားပေးကြရန် ဖြစ်ကြောင်းနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးဖွံဖြိုးမှုက အခြေခံကျသည်ဟု မှတ်ယူကြရန် ဖြစ်ကြောင်း၊ Good Governance ဖြစ်လာရန်အတွက်လည်း စာသင်ကျောင်းများက စတင်လေ့ကျင့်သင်ကြားပေးရမည် မြို့မိမြို့ဖများကလည်း ဝိုင်းဝန်း ကူညီဆောင်ရွက် ကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ကျောင်းဆောင်အတွင်းရှိ စာသင်ခန်းများကို လှည့်လည် ကြည့်ရှုပြီး တက္ကသိုလ်ဝင်းအတွင်း စိမ်းလန်းစိုပြည်ရေးအတွက် လုပ်ဆောင်ရန်များ၊ ဆရာ၊ ဆရာမ များ၊ ဝန်ထမ်းများ၊ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများသွားလာဆက်သွယ်မှု လွယ်ကူအဆင် ပြေ စေရေးဆောင်ရွက်ပေးရန်
များကိုလည်း အသေးစိတ်မှာကြားခဲ့သည်။
စစ်ကိုင်းတက္ကသိုလ်ကိုယခုနှစ် ဒီဇင်ဘာ(၅)ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ(၇၃၅)ဦး တက်ရောက်ခွင့်ရရှိ ထားကြောင်း သိရှိရသည်။

ထိုမှတစ်ဆင့်နိုင်ငံတော်သမ္မတသည်စစ်ကိုင်းမြို့ ရာဇာမဏိစူဋ္ဌာ ကောင်းမှုတော်စေတီ တော်သို့ ရောက်ရှိပြီး စေ
တီတော်ရှိဗုဒ္ဓ ရုပ်ပွားတော်များအား လှည့်လည်ဖူးမြော်ကြည်ညို ကာ ဈေးဆိုင်ခန်းဖွင့်လှစ်ရောင်းချနေသူများ၊ ဘုရားဖူးပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် စေတီတော်အထွတ်ရှိစိန်ဖူးတော်ကို ဖူးမြော်ကြည်ညိုရာ တိုင်းဒေသကြီး     ဝန်ကြီးချုပ် ဦးသာအေးက နိုဝင်ဘာ(၁၁)ရက်ကလှုပ်ခတ်ခဲ့သည့်ငလျင်ဒဏ်ကြောင့်စိန်ဖူးတော်ကိုဆိုင်းထားသည့် ကြိုးတစ်ချောင်းကျိုးပြတ်
သွားသဖြင့်စိန်ဖူးတော်ယိမ်းယိုင်သွားမှုနှင့်နိုဝင်ဘာ(၁၂)ရက်တွင်စိန်ဖူးတော်ကို ဆိုင်းထားသည့်ကြိုးအားလုံးအား သံမဏိကြိုးများဖြင့်အစားထိုးလဲလှယ်ပြီးစိန်ဖူးတော်အားပြန်လည်တည့်မတ်ပြီးစီးခဲ့မှုအခြေအနေကို ရှင်းလင်း
တင်ပြသည်။
 

ယင်းနောက်နိုင်ငံတော်သမ္မတသည်စတီတော်အတွက် အလှူငွေများပေးအပ်လှူဒါန်းပြီး စေတီတော်ဧည့်သည်
တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။
ဆက်လက်၍စေတီတော်အာရုံခံတန်ဆောင်းတွင်ပြသထားသည့်စစ်ကိုင်းမြို့နယ်အတွင်းငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ သည့် စေတီ၊ပုထိုးနှင့် သာသနိကအဆောက်အုံများ၏ မှတ်တမ်း ဓာတ်ပုံများကို ကြည့်ရှုသည်။
ထို့နောက်နိုင်ငံတော်သမ္မတ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်ရဟတ်ယာဉ်များဖြင့် မန္တလေး
အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြပြီးထိုမှတစ်ဆင့်အထူးလေယာဉ်ဖြင့်ဆက်လက်ထွက်ခွာခဲ့ရာ ညနေ
ပိုင်းတွင် နေပြည်တော် သို့ ပြန်လည် ရောက်ရှိသည်။       

ိုင်ငံတော်သမ္မတရုံး

0 comments:

Post a Comment