Pages

Friday, November 23, 2012

စစ်ကိုင်းရွာသစ်ကြီးသို့ ပြောင်းရွှေ့ခဲ့ရသည့် ကျောင်းသားများ ဆန္ဒထုတ်ဖော်


မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ပြည်ထောင်စုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်ရှိ ကျောင်းသားများအား စစ်ကိုင်း တိုင်းဒေသကြီး ရွာသစ်ကြီးရှိ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်သို့ နယ်စပ်ရေးရာ ၀န်ကြီးဌာန၏ နှုတ်မိန့်ဖြင့် စက်တင်ဘာလ ကုန် တွင် ပြောင်းရွေ့ခဲ့ရသည်။
ထိုသို့ ပြောင်းရွေ့ခဲ့ရသော တိုင်းရင်းသားကျောင်သား ၅၀၀ ခန့်သည် စစ်ကိုင်းတိုင်းဒေသကြီး ရွာသစ်ကြီးရှိ တိုင်းရင်းသားလူမျိုး များဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်တွင် နေရေးထိုင်ရေးနှင့် ပညာသင်ကြားရေး အဆင်မပြေတော့သဖြင့် နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီအချိန်က ရွာသစ်ကြီး တက္ကသိုလ်မှ မိမိတို့၏ အထုတ်အပိုးများကို ကိုင်ဆောင်ပြီး လမ်းလျောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။
 
လက်ရှိအချိန်တွင်ဆန္ဒထုတ်ဖော်လျက်ရှိသည့်ကျောင်းသားများသည် စစ်ကိုင်း-မြစ်သားလမ်းပေါ်သို့ ရောက်
ရှိနေပြီး၎င်းတို့၏မူလကျောင်းနေရာဖြစ်သောမန္တလေးမြို့ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ ပြည်ထောင်စုတိုင်း
ရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်ရှေ့သို့ သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
 
 ပြည်ကြီးတံခွန်မြို့နယ်၊ရန်ကုန်-မန္တလေးလမ်းမကြီးဘေး၊ စွယ်တော်ဘုရားအနီးရှိ ပြည်ထောင်စုတိုင်းရင်း
သားဖွံ့ဖြိုးတိုးတက်ရေးဒီဂရီကောလိပ်အား၂၀၀၀ပည့်နှစ်တွင်စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယင်းဒီဂရီေ
လိပ်တွင်သိပ္ပံ၊၀ိဇ္ဖာဘာသာရပ်များအပြင်နည်းပညာကောလိပ်ကိုပါဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရှိရ
သည်။ 
 
ယင်းဒီဂရီကောလိပ်သို့ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ နာဂဒေသစသည့် နယ်စပ်ဒေသများနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ လူငယ်သင်းတန်းကျောင်းများ၊ ပရဟိတကျောင်းများ၊ မိဘမဲ့ကျောင်းများမှ တိုင်းရင်းသားလူငယ် ၇၀၀ ကျော် နှစ်စဉ်တက်ရောက် သင်ကြားလျက်ရှိပြီး ဆရာ၊ ဆရာမနှင့် ၀န်ထမ်းမိသားစု ၃၀ ခန့်ရှိကြောင်း သိရသည်။ 
 
ဒီဂရီကောလိပ်တွင်ပင်မစာသင်ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ စာကြည့်တိုက်၊ ကျောင်းသားများနေထိုင်သည့် သုံးထပ်အဆောင် သုံးဆောင်၊ ဆရာ၊ ဆရာမများ အိမ်ရာ၊ ၀န်ထမ်းအိမ်ရာများနှင့် ဘောလုံးကွင်းများပါရှိပြီး ဧရိယာအကျယ်အ၀န်း ၁၀ ဧက အထက်တွင်ရှိကြောင်း သိရသည်။
Eleven Media group ဓါတ်ပုံ - 7day News

0 comments:

Post a Comment