Pages

Friday, November 23, 2012

KIA မှနိုင်ငံတော် အစိုးရ၀န်ထမ်းတွေကိုပါ သတ်ဖြတ်နေကြပြီ

၂၀၁၂ ခုနှစ် ၊ နိုဝင်ဘာလ (၁၇) ရက်နေ့ ညနေပိုင်းမှာ KIA တပ်ရင်း (၁၂) မှ ဒုရင်းမှူး တန်ဂွန်းနဲ့ အင်အား (၅၀) လောက်ဟာ မဘိမ်းမြို့နယ်၊ ပင်ကြိမ်ကျေးရွာကို ရောက်လာပြီး စီပိန်းဘိနယ်ရုံးကျွန်းစိုက်ခင်း မှာပေါင်းရှင်း နေတဲ့ တောအုပ်ဖိုးခွားကို တုံကွာရွာဘက်ဖမ်း ဆီး ခေါ်ဆောင်သွားခဲ့ပြီး နိုဝင်ဘာလ (၁၈) ရက်နေ့မနက်ပိုင်းမှာ တုံကွာရွာအတွက် သင်္ချိုင်းကုန်းမှာ ခေါင်းကို ပစ္စတိုနဲ့ (၃) ချက်ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
“ တောအုပ် ဖိုးခွားက ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး၊ သူ့အလုပ်ဘဲ သူလုပ်တာ၊ ဒီဒေသမှာ KIA ကနှစ်တိုင်း တရုတ်ကုန်သည်တွေနဲ့ပေါင်းပြီးသစ်တွေခိုးထုတ်နေတာ သူဘာမှမပြောရဲဘူး၊ KIA ကဘယ်လို အကြောင်း ရှာပြီး သတ်ပစ်လိုက်သလဲ မသိပါဘူး။ 
 
ရက်စက်တာမှာ ကမ်းကုန်ဘဲ၊ လူ့အသတ်တစ်ချောင်းကို ကြက် ကလေး ငှက်ကလေးလိုဘဲ သဘောထားကြတာ…။ သူတို့ရဲ့ အဖေ အမေ ၊ သားတွေ သမီးတွေ အဲဒီလို အသတ်ခံရရင် ဘယ်လိုခံစားကြမလဲမသိဘူး။ ကိုယ်ချင်းစာ တရားကိုမရှိကြဘူး။ 
 
မကြာပါဘူးလေ အဲဒီ KIA တွေဝဋ်လိုက်ပြီ အသေဆိုးနဲ့သေကြမှာပါ ” လို့ ပင်ကြိမ်ရွာမှ အမျိုးသမီးတစ်ဦးမှ သူရဲ့ခံစားချက် ကို ပြောပြပါတယ်။ 
 
KIA အနေနဲ့ နိုင်ငံတော်အစိုးရရဲ့ သစ်တောဝန်ထမ်းတစ်ဦးကို ရက်ရက်စက်စက် သတ်ပစ်တာ ဟာ နိုင်ငံတော်ကို စိန်ခေါ်တဲ့ သဘောမျိုးသက်ရောက်တာမို့ ၎င်းတို့အဖွဲ့အစည်းအတွက် အလားအလာ မကောင်းနိုင်ကြောင်း ရွာသားအချို့မှ ပြောဆိုလာပါတယ်။
 
Kachin Daily News

0 comments:

Post a Comment