Pages

Friday, November 23, 2012

ဘင်္ဂလာဒေခ်ျ့နယ်စပ် မြစ်နားရွာမှ ရခိုင် (၃)ဦး ဖမ်းဆီးခံရ


ဘင်္ဂလာဒေခ်ျ့နိုင်ငံနတ်မြစ်ကမ်းခြေတွင်တည်ရှိသောမြစ်နားရွာမှ ရခိုင် အမျိုးသား (၃) ဦးကို ဘင်္ဂလာဒေခ်ျ့ အထူး မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့ RAB မှ ယမန်နေ့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။“ မနေ့ညနေ ၅ နာရီ အချိန်မှာမြစ်နားရွာထဲကို ၀င်လာပြီး ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်ပါ တယ်။ ယာဘားဆေးပြားတွေလည်း သူတို့ဆီကမိတယ်လို့ကြားရပါတယ်။အတိအကျဘယ်လောက်မိတယ်ဆိုတာကိုတော့တိတိကျကျ မသိရ
သေးပါဘူး” ဟု ရွာသား တစ်ဦးက ပြောသည်။
ဖမ်းဆီခံရသူများမှာဘုမောင်(ညလားကျေးရွာ)၊မောင်စောလှ(မြစ်နားရွာ)နှင့်သူအစ်ကိုတော်စပ်သူ ရဲစူး
 ကျေးရွာ သားတစ်ဦးတို့ ဖြစ်ကြသည်။
 
ယနေ့ဘင်္ဂလာဒေခ်ျရုပ်သံဌာနများမှအဆိုပါ ဖမ်းဆီးမူအား ထုတ်လွှင့်ပြသရာ သူတို့ထံမှ ယာဘားဆေးပြား သုံးထောင် ဖမ်းဆီးရမိသည်ဟု ရဲက ပြောသည်ဟု ဆိုသည်။
 
RABခေါ်ဘင်္ဂလာဒေခ်ျ့အထူးမူခင်းနှိမ်နှင်းရေးတပ်ဖွဲ့မှသတင်းအရသူတို့အားအနီးကပ် စောင့်ကြည့်နေသည်
မှာကြာနေပြီဖြစ်ကြောင်းနှင့်သေချာသည်နှင့်တပြိုင်နက်တည်းမြစ်နားရွာထဲသို့ဝင်ရောက် ဖမ်းဆီးခြင်း ဖြစ်
သည်ဟု ကျေးရွာသားက ဆက်ပြောသည်။
 
ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင်ယာဘားဆေးပြားများကိုကာမအားတိုးဆေးအဖြစ်လူငယ်များ အကြား ဈေးကြီးကြီး
ပေး၍ တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြရာ မှောင်ခိုသမားများ အနေဖြင့် အဆိုပါ အခွင့်အရေးကို အသုံးချပြီး ယာဘားဆေးပြားများကို မြန်မာနှင့် အိန္ဒိယ နိုင်ငံများက အကြီးအကျယ် မှောင်ခို တင်သွင်းနေကြသည်။
 
နိုဝင်္ဘာလ၁၆ရက်နေ့ညနေပိုင်းကဒက္ကား-စစ်တကောင်းကားလမ်းမကြီးဘးတွင်တည်ရှိသောကိုမီလာမြို့
တွင်အိန္ဒိယမှတင်သွင်းလာသောယာဘားဆေးပြားတစ်သိန်းလေးသောင်းကျော်ကိုRABက ဖမ်းဆီးရမိခဲ့
သည်။ စုစုပေါင်း ဆေးပြားတန်ဖိုးမှာ တာကာ ၄၃ ဒဿမ ၂ သန်းကျော် ဖိုးရှိသည်ဟု ဆိုသည်။
 
နိုဝင်္ဘာလ ၂၀ရက်နေ့ကလည်း ယာဘားဆေးပြား ၄၅၀၀၀ကို သယ်ဆောင်လာသူ ၆ဦးနှင့် အတူ ဒက္ကားမြို့ အ၀င် ကွာမလာလာမ်ပူ ရပ်ကွက်တွင်  မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ကားတစီးပေါ်မှ ဖမ်းဆီး ရမိခဲ့သည်။
နိရဉ္စရာသတင်း

0 comments:

Post a Comment