Pages

Friday, November 23, 2012

"အိန္ဒိယသူတော်စင် ဆိုင်းဘာဘာ၏ ၈၆ နှစ်မြောက် မွေးနေ့ပွဲ ကျင်းပ"

Photo: "အိန္ဒိယသူတော်စင် ဆိုင်းဘာဘာ၏ ၈၆ နှစ်မြောက် မွေးနေ့ပွဲ ကျင်းပ"

ရန်ကုန်-နိဝင်ဘာ၂၃
အိန္ဒိယနိုင်ငံမှ သူတော်စင်ကြီးတစ်ဦးဖြစ်သော သျှီဆတ္တယဆိုင်းဘာဘာကြီး၏ (၈၆) နှစ်မြောက် မွေးနေ့ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီမှ စတင်၍ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဒုလလမ်းထောင့်ရှိ မဟာပိန္နဲဘုရားဝင်းး၌ ကျင်းပခဲ့သည်။
 
ထိုမွေးနေ့ပူဇော်ပွဲကို အဆိုပါ ဘုရားကျောင်း၌ နှစ်စဉ်ကျင်းပ ခဲ့ခြင်းဖြစ်ပြီး မွေးနေ့ပွဲသို့ တက်ရောက်လာသူများအား ဟိန္ဒူဘာသာရေး ဘုန်းတော်ကြီးများမှ ပရိတ်ချည်မျှင်နှင့် ပရိတ်ပန်းများဝေငှခြင်းတို့အပြင် သက်သက်လွတ်ချစ်တီးထမင်းနှင့် အအေးများအား စတုဒီသာပြု လှူဒါန်းခဲ့ကြောင်း သိရသည်။ 
 
အိန္ဒိယသူတော်စင် ဆိုင်းဘာဘာသည် ၂၀၁၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ အသက် ၈၄ နှစ်အရွယ်တွင် အိန္ဒိယနိုင်ငံ၌ ကွယ်လွန်ခဲ့သော်လည်း ၎င်းအပေါ် ယုံကြည်ကိုးကွယ်သူများက ၎င်း၏ မွေးနေ့ပွဲအားယနေ့တိုင် နှစ်စဉ်ကျင်းပလျက်ရှိခြင်းဖြစ်ကြောင်း ထပ်မံသိရသည်။  

သူရထွန်း

ရန်ကုန်-နိဝင်ဘာ၂၃
အိန္ဒိယနိုင်ငံမှ သူတော်စင်ကြီးတစ်ဦးဖြစ်သော သျှီဆတ္တယဆိုင်းဘာဘာကြီး၏ (၈၆) နှစ်မြောက် မွေးနေ့ပူဇော်
ပွဲကို ယနေ့နံနက် ၉ နာရီမှ စတင်၍ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဒုလလမ်းထောင့်ရှိမဟာပိန္နဲဘုရားဝင်းး၌ကျင်းပ
ခဲ့သည်။ထိုမွေးနေ့ပူဇော်ပွဲကို အဆိုပါ ဘုရားကျောင်း၌ နှစ်စဉ်ကျင်းပ ခဲ့ခြင်းဖြစ်ပြီး မွေးနေ့ပွဲသို့ တက်ရောက်လာသူများ
အား ဟိန္ဒူဘာသာရေး ဘုန်းတော်ကြီးများမှ ပရိတ်ချည်မျှင်နှင့် ပရိတ်ပန်းများဝေငှခြင်းတို့အပြင် သက်သက်လွတ်
ချစ်တီးထမင်းနှင့် အအေးများအား စတုဒီသာပြု လှူဒါန်းခဲ့ကြောင်း သိရသည်။

အိန္ဒိယသူတော်စင် ဆိုင်းဘာဘာသည် ၂၀၁၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ အသက် ၈၄ နှစ်အရွယ်တွင် အိန္ဒိယနိုင်ငံ၌ ကွယ်လွန်ခဲ့သော်လည်း၎င်းအပေါ် ယုံကြည်ကိုးကွယ်သူများက မွေးနေ့ပွဲအားယနေ့တိုင် နှစ်စဉ်ကျင်းပလျှက်ရှိ
ခင်းဖြစ်ကြောင်း ထပ်မံသိရသည်။

သူရထွန်း

0 comments:

Post a Comment