Pages

Thursday, October 18, 2012

Beats Pill အိတ်ဆောင် Speaker


  
Executive Headphoneများနှင့်အတူစတင်ပြသခဲ့သောSpeakerလေးများသည် ဆေးတောင့်လေးများနှင့်
ဆင်တူပြီး Bluetooth Wireless စနစ်ဖြင့် ချိတ်ဆက်နိုင်မည် ဖြစ်သည်။ ဈေးကွက်ထဲတွင် Jawbone၏ Jambo
xနှင့် အဓိက ယှဉ်ပြိုင်ဖွယ် ရှိနေသော Beats Pillသည် ထွက်ပေါ်လာသော အသံ၏  ကောင်းမွန်ပြည့်စုံခြင်း
နှင့် အသံကျယ်သည့်အခါ အရည်အသွေး ယိမ်းယိုင်မသွားအောင် အထူးတလည် အာရုံစိုက် ဒီဇိုင်းထုတ်
ထားကြောင်း Beats Audioက ကြေညာထားခဲ့သည်။



ယင်းကို တစ်ကြိမ် အားသွင်းထားလျှင် (၇)နာရီဆက်တိုက် အသုံးခံမည်ဟု သိရသည်။ Beats Pillကို ဖုန်းများ၊ Tablet ကွန်ပျူတာများ၊ Laptopများတွင် Bluetoothစနစ်ဖြင့် ချိတ်ဆက်နိုင်မည် ဖြစ်သည်။

Beats Pillနှင့်အတူ မိတ်ဆက် ပြသလာသည့် Executive Headphoneများမှာမူ အနီးတွင် ဂျက်အင်ဂျင်ကြီး တစ်လုံး ရှိနေလျှင်ပင် ဆူညံသံ မကြားရအောင် ကာကွယ်ပေးနိုင်ကြောင်း Beats Audioက ခပ်ကြွားကြွား ညွှန်းဆိုထားသည်။

Beats Pillများကို (၁၉၉)ဒေါ်လာ၊ Executive Headphoneများကို ဒေါ်လာ (၂၉၉)ဒေါ်လာ ဈေးနှုန်းသတ်မှတ်
ရောင်းချနေပြီဟုလည်း သိရှိရသည်။


Planet Myanmar Network:









0 comments:

Post a Comment