Pages

Thursday, October 18, 2012

ဗြိတိန်တွင် Apple နှင့် Samsung တို့ မူပိုင်ခွင့်အငြင်းပွားမှု Samsung အနိုင်ရ

ဗြိတိန်တွင် Apple နှင့် Samsung တို့ မူပိုင်ခွင့်အငြင်းပွားမှု Samsung အနိုင်ရ


ဗြိတိန်နိုင်ငံတွင် Samsung၏ Tablet ကွန်ပျူတာက မိမိတို့အပေါ် မူပိုင်ခွင့်ဆိုင်ရာ ချိုးဖောက်ခဲ့ကြောင်း Apple
၏ အရေးဆိုမှု အရေးနိမ့်သွားပြီ ဖြစ်သည်။ Appleက Samsung၏Galaxy Tabသည်မိမိတို့၏ iPadကို ဒီဇိုင်းပိုင်း
ဆိုင်ရာ ခိုးယူ ပုံတူကူးခဲ့ကြောင်း စွပ်စွဲခဲ့သော်လည်း ဗြိတိန် တရားရုံးက လက်မခံခဲ့ချေ။
တောင်ကိုရီးယား ကုမ္ပဏီသည် အမေရိကန် ကုမ္ပဏီ၏ နာမည်ကျော်ထုတ်ကုန် iPad၏ ဒီဇိုင်းပိုင်းအား ကူး
ယူကြောင်း အထောက်အထား မတွေ့ရဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။


(Samsung Galaxy Tab နှင့် Apple iPad)
Appleက Galaxy Tabသည် iPadကို အလွန့်အလွန် တူညီအောင် ပုံတူကူးထားကြောင်း စွပ်စွဲခဲ့သော်လည်း တရားရုံးက Samsung၏ ထုတ်ကုန်သည် Appleလောက် မကောင်းသလို ပုံတူကူးထားခြင်း မရှိဟုသာ စီရင်
ချက် ချမှတ်လိုက်သည်။

ထို့ကြောင့် ဇူလိုင်လ ကတည်းက စတင်ခဲ့သော တရားရေး ပြဿနာသည် ယခုအခါ ဆုံးခန်းတိုင်သွားပြီ ဖြစ်
သည်။ Appleက ၎င်း၏ ဝက်ဘ်ဆိုက်နှင့် ဗြိတိန်ရှိ နာမည်ကျော် သတင်းစာနှင့် မဂ္ဂဇင်းများတွင် Samsungအ
နေဖြင့် မိမိတို့ထံမှ ဒီဇိုင်းကူးချခဲ့မှု မရှိကြောင်း ကြေညာပေးရမည် ဖြစ်သည်။

တရားရုံး ဆုံးဖြတ်ချက်အရ အနိုင်ရခဲ့သော်လည်း Samsungအတွက် အောင့်သက်သက် ဖြစ်စေလောက်သော ကိစ္စမှာ တရားသူကြီးက Samsung ဒီဇိုင်းများသည် Appleကို မမီကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုသွားခြင်း
 ဖြစ်သည်။

တရားသူကြီး ကိုလင်ဘရစ်က Galaxy Tabသည် iPadနှင့် တူညီမှုအချို့ ရှိသော်လည်း ဒီဇိုင်း ခိုးချသည်ဟု ဆုံး
ဖြတ်စရာ မရှိဟု ဆိုသည်။ တရားသူကြီးက "Samsungဟာ Appleရဲ့ဒီဇိုင်းကို ကူးချတာမျိုးမရှိသလိုSamsungရဲ့
 ဒီဇိုင်းကလည်း Appleလောက် ဆွဲဆောင်မှု မရှိဘူး"ဟု ပြောကြားသွားသည်။

Appleသည် ရွေးချယ်ထားသော သတင်းစာများတွင် Aerial Fontအရွယ်အစား (၁၄)ထက်မသေးသော ကြော်
ငြာဖြင့် Samsungက ဒီဇိုင်းကူးချခြင်း မဟုတ်သည်ကို ဖြေရှင်းပေးရမည် ဖြစ်သည်။

Appleနှင့် Samsungတို့သည် ကမ္ဘာ့မိုဘိုင်းလ်ဖုန်း ထုတ်လုပ်ရောင်းချမှု ကဏ္ဍတွင် ဦးဆောင်ဦးရွက် နေရာမှ အားပြိုင်နေကြသော ကုမ္ပဏီကြီးများ ဖြစ်သည်။ Appleသည် Tabletကွန်ပျူတာ ဖြစ်သည့် iPadအလုံးရေ(၁၇)
သန်းကို ယခုနှစ် တတိယ (၃)လပတ်အတွင်း တင်ပို့ရောင်းချကာ ဝင်ငွေ ဒေါ်လာ (၉.၁)ဘီလျံထိ ရရှိခဲ့သည်။


Planet Myanmar Network

0 comments:

Post a Comment