Pages

Thursday, October 18, 2012

ဘန်ကောက်ကိုရောက်ဖို့ လှေစီးရမည်ဟုလိမ်ပြီး ရောင်းစားခံရသူ ၉ဦး



ဘန်ကောက်မြို့စမူပါကန် ခေါင်ဒန်လှေဆိပ် တွင်ေ ရာင်းစားခံထားရသည့် မြန်မာအလုပ်သမား၉ဦး တို့အား  လူကုန်ကူးမှုပူးပေါင်းဆောင်ရွက်သူများ က အောက်တိုဘာ ၄ရက်နေ့က ကယ်တင်နိုင် ခဲ့ ကြောင်း သိရှိရသည်။
၎င်းတို့အား ထိုင်းနိုင်ငံလူကုန်ကူးတိုက်ဖျက်ရေးအဖွဲ့ AHTD- မြန်မာသံရုံးအလုပ်သမားကူညီေ စာင့်ရှောက်
ရေးအ ဖွဲ့နှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ MAT တို့မှ ပူးပေါင်းဆောက်ရွက်ခဲ့ခြင်းဖြစ်သည်။

       ရောင်းစားခံရသူများမှာ ပဲခူးတိုင်း၊ သေနတ်ပင်ကျေးရွာမှ ကြည်မျိုးအောင် အသက်(၂၂ နှစ်)၊ ဇင်ကို အသက် (၁၉နှစ်)၊ ကိုကို အသက် (၂၂ နှစ်)၊ ကိုဇင် အသက်(၁၉ နှစ်)၊ ကိုမြင့်လွင် အသက် (၄၅ နှစ်) နှင့် ကိုဖိုးချဲတို့မှာ တစ်ရွာတည်းမှ ဆွေမျိုးသားချင်းများဖြစ်ကြသည်။ နောက်သုံးဦးမှာ ပတ်စ်ပို့ရှိပြီးရောင်း စားခံနေရသူသုံးဦးမှာ ဘီလင်းမှ ကိုမျိုးလွင် အသက် (၃၇ နှစ်)၊ မော်လမြိုင်မှ ကိုမောင်ငယ် အသက် ၂၉ နှစ် နှင့် မွန်ပြည်နယ် ကော့ခလိုင်မှ ကိုအချစ် အသက် ( ၃၅နှစ်) တို့ဖြစ်ကြသည်။

                 ၎င်းအထဲမှ ကိုကြည့်မျိုး၏အမဖြစ်သူ မဝင်းမာက“ကျမတို့ အမျိုးတွေကြီးပါဘဲ မောင်အရင်း သုံးယောက်ပါတယ်။ ကျန်တာက ဦးလေးတစ်ယောက်နဲ့မောင်ဝမ်းကွဲတွေပါဘဲ။ ပထမက မြဝတီကနေပြီး ပတ်စ်ပို့လုပ်ပေးမယ်ပြောပါ တယ်။ ကျမတို့က ငွေတစ်ဝက်ချေပေးမယ် စာအုပ်ရမှဘဲ နောက်တစ်ဝက်ကို   ချေပေးမယ်ပြောတာကို လက်မခံ ဘူး၊ မြဝတီမှ ၄လစောင့်ပြီး မရလာလို့ ကျမတို့က မေးတော့မဟာချိုင်မှ သွားထုတ်ရမယ်ပြောပါတယ်၊ အဲဒါဆို ဒီတိုင်းတက်လာဖို့ ကားခထုတ်ပေးမယ်ပြောပြီးပေးလိုက်တယ်။

ကျမဆီရောက်လာမလာဘူး၊ တစ်လလောက် ကြာမှ မောင်လေး ဖုန်းဆက်လာမှ ရောင်းစားခံနေရပြီဆိုတာ သိရတယ်။ မြန်မာသံရုံးက အလုပ်သမားအရာရှိ ဦကျော်ကျော်လွင်တို့ ဆက်သွယ်ပြီးတော့ဒီလူကုန်ကူးတား ဆီရေးအဖွဲ့နဲ့ ဆက်သွယ်ပေးပြီး သွားရောက်ကယ် ထုတ်နိုင်ခဲ့ တာဖြစ်ပါတယ်” ဟု သူ မကပြောသည်။

                 ထိုအလုပ်သမားများတို့သည် ဘတ်ငွေ ၁၄၀၀၀ ပေးချေပြီး ပတ်စ်ပို့လုပ်ရန်၎လကြာ စောင့်ေ နခဲ့သော်လည်း ပတ်စ်ပို့မရသဖြင့် တောလမ်းမှ တတ်လာခဲ့ကြရသည်။ ဘန်ကောက်သို့ ရောက်ရန် လှေစီး ရမည်ဟုပြောပြီး ငါးဖမ်းလှေတွင် ရောင်းစားခဲ့ကြောင်းအလုပ်သမားများပြောကြားချက်ရသိရှိရသည်။

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသွားများအဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းက “ကျနော်တို့ကို ထိုင်းအစိုးရ လူ
ကုန်ကူးတိုက်ဖျက်ရေးအဖွဲ့ AHTDက ခေါ်တာပါ။ ဗမာတွေကို သွားကယ်ရအောင်  ကူညီပေးပါဆိုလိုကျနော်
တို့ လိုက်သွားခဲ့တယ်။  ဒီလူတွေကို သွားကယ်ပြီး AHTD ရုံးကိုရောက်တဲ့အခါ လှေပိုင်ရှင်ဘက်က ၃ပွင့်နဲ့ ရဲ
ဗိုလ်ကြီး တစ်ယောက်ရောက်လာပြီး ဘယ်အဖွဲ့က လာဖမ်းတာလည်းလို့ မေးပါတယ်။     

ကျနော်တို့အဖွဲ့ မှာရှိတဲ့ကဒ်တစ်ခုကို ထုတ်ပြလိုက်ရပါတယ်။ ကျနော်တို့က ဓါးစာခံလူမိုက်လုပ်ရတယ်။ ကျ
န်ာတို့တိုင်ကြားလို့ AHTD ကဖမ်းရပါတယ်ဆိုပြီး ပြောရတာပေါ့။ ဒီလိုကြားကကျနော်တို့ဓါးစာခံလုပ်နေ ရတာကိုမြန်မာအစိုးရ နဲ့ နိုင်ငံတကာတို့ သိစေချင်ပါတယ်”ဟုပြောသည်။

           အလားတူဖြစ်ရမျိုးကို စက်တင်ဘာ ၁၁နှင့်၁၂ ရက်နေ့တွင်လည်း ချောင်းစမေစံ(ခ) အချောင်လှေ ဆိပ်မှ ရောင်းစားခံထားရသည့် မြန်မာအလုပ်သမား ၂၂ ဦးကိုလည်း လူကုန်ကူးမှုတိုက်ဖျက်ရေးပူးပေါင်းေ ဆာင် ရွက် သူများက ကယ်တင်နိုင်ခဲ့ကြောင်း ထိုအဖွဲ့များ၏ပြောကြားချက်ရ သိရှိရသည်

ရွေလုပ်သား

0 comments:

Post a Comment