Pages

Wednesday, September 5, 2012

ကမ္ဘာ့ အသက်ငယ်ဆုံး မြို့တော်ဝန် အမျိုးသမီး ငယ်လေး ကျောင်းပြန်တက်မည်

 (အယ်လ်လာ စက်တင်ဘာ ၄)

ပါလက်စတိုင်း  အနောက်ဘက် ကမ်းခြေ ဒေသ မြောက်ပိုင်းရှိ မြို့ငယ် တစ်ခုတွင်မြို့တော်ဝန် အဖြစ် နှစ်လကြာ တာဝန် ထမ်းဆောင် ခဲ့သည့် အသက် ၁၆ နှစ်အရွယ်ရှိ ပါလက်စတိုင်း ကျောင်းသူ ကလေး သည် ကျောင်းပြန်ဖွင့် ချိန်တွင် အခြားကျောင်း သူ များကဲ့သို့ပင် ကျောင်းပြန် တက်မည်ဟု သိရ သည်။
အဆိုပါ ကျောင်းသူ ကလေး၏ အမည်မှာ ဘက်ရှာ အော့သ်မန် ဖြစ် ပြီး ဒေသခံ ပြည်သူ ၈ဝဝဝ ခန့် နေထိုင် သည့် အယ်လ်လာ မြို့၏ မြို့တော်ဝန် အဖြစ် ဇူလိုင် ၂ ရက်မှ စတင်၍ တာဝန် ထမ်းဆောင် ခဲ့သူဖြစ်သည်။ သူမသည် မြို့တော်ဝန် ရာထူးကို ယခင်မြို့တော်ဝန် ဆူမီရန်ရှာ ဒစ် ထံမှ လွှဲပြောင်း လက်ခံ ချိန်တွင် ၁၅ နှစ်ကျော်သာ ရှိခဲ့ကြောင်း သိရသည်။

အသက် ငယ်ရွယ်သူ ဖြစ်ခြင်းကြောင့် အစော ပိုင်းတွင် မြို့တော်ဝန်၏ အလုပ် တာဝန်နှင့် ပတ်သက်၍ မိမိ အနေဖြင့် သိရှိနားလည်မှု မရှိခဲ့ ကြောင်း၊ သို့ရာတွင် ယခင် မြို့တော်ဝန်နှင့် ကောင်စီ အဖွဲ့ဝင် များ၏  ပူးပေါင်း သင်ကြား ပေးမှုဖြင့် အလုပ်သဘောကို သင်ယူခဲ့ ရကြောင်း၊ ရုံးသို့ နေ့တိုင်း နံနက် ၈ နာရီတွင် သွား ရောက်ခဲ့ ရကြောင်း၊ ဖိုင်တွဲ များကို ကြည့် ရှု ပြီးနောက်  စာရွက်စာ တမ်းများတွင် လက်မှတ်ထိုး ရကြောင်း၊ ကောင်စီ အဖွဲ့ ဝင်များနှင့် တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ် ရကြောင်း  အော့သ်မန်  က ပြောကြား သည်။

ထို့အပြင် အရေးပေါ်ကိစ္စရပ်များ ပေါ်ပေါက် လာပါက ဖြေရှင်းရန် အတွက် အဆိုပါ နေရာများ သို့  သွားရောက် ခဲ့ရကြောင်း၊ မိမိအတွက် စိန်ခေါ်မှုကြီး တစ်ခု ဖြစ်၍ စိုးရိမ် မိကြောင်း၊ သို့သော် ကမ္ဘာ့ အသက် ငယ်ဆုံး မြို့တော်ဝန် အဖြစ် တာဝန် ထမ်းဆောင် ရသည့် အတွက် မိမိအနေဖြင့်  စိတ်လှုပ်ရှား ဂုဏ်ယူ မိကြောင်း အော့သ် မန်က ထပ်လောင်း ပြောကြား ခဲ့သည်။

အော့သ် မန်သည် အလုပ်တာဝန် ပြီးဆုံးပါက အခြား ဆယ်ကျော်သက် များကဲ့သို့ပင် ကွန်ပျူတာဂိမ်း များဖြင့် ကစားလေ့ ရှိကြောင်း သိရသည်။

0 comments:

Post a Comment