ဓာတ်ပုံ-ညီညီဇော် |
ယနေ့
မွန်းလွဲ(၂)နာရီ(၃၀)မိနစ်ကစတင်ရွာသွန်းခဲ့သည့် မိုးကြောင့်
မန္တလေးမြို့ရှိ လူသုံးအများဆုံးအဓိက
လမ်းမကြီးများဖြစ်သော လမ်း ၈၀ နှင့် ၇၈
လမ်းတို့တွင် ရေကြီးရေလျှံမှုများ နာရီဝက်အတွင်းဖြစ်ပေါ်ခဲ့သည်။အခြားလမ်းအချို့လည်းရေကြီးနစ်မြှုပ်မှုဖြစ်ပွားခဲ့သည်။ လမ်းပေါ်ရေကြီးရေလျှံမှုကြောင့် ဆိုင်ကယ်နှင့်ကား
များပျက်ခြင်း၊
ချို့င့်ခွက်များကိုမမြင်၍ ဆိုင်ကယ်နှင့်စက်ဘီးများ
လဲခြင်းတို့ဖြစ်ပေါ်နေသည်ကိုတွေ့ရသည်။
ကျောင်းဆင်းရုံးဆင်းချိန်ဖြစ်သောကြောင့်
ယာဉ်ကြောပိတ်ဆို့မှုများလည်းကြုံတွေ့နေရသည်။
မန္တလေးမြို့တွင် ယခုနှစ်မိုးရာသီအစမှ စ၍ ယနေ့ကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းမရှိခဲ့ကြောင်း မြို့ခံ
မန္တလေးမြို့တွင် ယခုနှစ်မိုးရာသီအစမှ စ၍ ယနေ့ကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းမရှိခဲ့ကြောင်း မြို့ခံ
တစ်ဦးကပြောသည်။
ယနေ့ရွာသွန်းသည့်မိုးသည် တိုက်ဆိုင်စွာပင် မန္တလေးတွင် ပြုလုပ်နေသည့်ပွဲများ ပြီး
ဆုံးချိန်တွင် ရွာသွန်းခဲ့ခြင်းဖြစ်သည်။
0 comments:
Post a Comment