Pages

Wednesday, September 5, 2012

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လိုင်စင်မဲ့ဆိုင်ကယ်ခိုးယူဖောက်ထွင်းမှုများလာ၍ တိုင်ကြားရန်အခက်တွေ့နေ


ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လိုင်စင်မဲ့ဆိုင်ကယ်ခိုးယူဖောက်ထွင်းမူများ မကြာခဏဖြစ်ပေါ် နေပြီးပျောက်
ဆုံးသူများအနေဖြင့် လိုင်စင်မဲ့ဖြစ်သဖြင့် ရဲစခန်းတိုင်ကြားရန် အခက်အခဲဖြစ် နေကြောင်း ဒေသခံများထံ
က သိရှိရသည်။

''ပျောက်တဲ့သူတော်တော်များများက လိုင်စင်မလုပ်ရသေးတဲ့ ဆိုင်ကယ်တွေဖြစ်နေတော့ ရဲစခန်းတိုင်ရမှာ
လည်း ခက်နေတာ၊ ကျွန်တော့်ဆိုင်ကယ်လဲ ဇူလိုင်လ (၂၇) ရက်နေ့က ဂိမ်းဆိုင်တစ်ခုမှာ ရပ်ထားပြီး ဂိမ်း
ဆော့နေတုန်း အခိုးခံရတာ'' ဟု ဆိုင်ကယ်ခိုးယူခံရသော ကျောက်မဲမြို့မှ လူငယ်တစ်ဦးက ပြောသည်။
 
လူစည်ကားသောလက်ဖက်ရည်ဆိုင်များ၊ ဘိလိယက်စနူကာရုံ (ကျူခုံ) များနှင့် လူနေအိမ်များ မှ လိုင်စင်
မဲ့ဆိုင်ကယ် ခိုးယူခံရမှုများရှိလာကြောင်းကိုလည်း သိရသည်။
 
သြဂုတ်လ(၂၃) ရက်နေ့က ကျောက်မဲမြို့အနီးရှိ ခဲမွန်းရွာတွင်လည်း အညာသားပုံစံနှင့် လူ(၅)ဦးက အိမ်
လေးလုံး ကို ဖေါက်ထွင်းပြီးဆိုင်ကယ်များ တွန်းထုတ်ခိုးယူနေစဉ်တွင် ရွာသူရွာသားများမှတွေ့မြင်၍ ဝိုင်း
ဝန်းဖမ်းဆီးသော်လည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း ခဲမွန်းရွာမှ မနန်းမွန်ခမ်းကပြောသည်။
 
၂ဝ၁၂ခုနှစ် ဇူလိုင်လမှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အချို့ဒေသများတွင် ဆိုင်ကယ်ခိုးယူခံရမှု များပြား
လာခဲ့ပြီး လားရှိုးမြို့နယ်၊ ကျောက်မဲမြို့နယ် နှင့် နောင်ချိုမြို့တို့တွင် ဆိုင်ကယ်ပျောက် မှုအများဆုံးဖြစ်ပွား
လာကြောင်း   ဒေသခံများ၏ ပြောပြချက်အရသိရှိရသည်။
 
''လားရှိုးမှာက ရိုးရိုးပျောက်တာမဟုတ်ဘူး ဆိုင်ကယ်တက်စီသမားတွေ ခရီးသည် လိုက်ပို့ရင်း နဲ့တောင် ဆိုင်ကယ်အလုခံရတာမျိုးက များတယ်၊ လူကိုအန္တရာယ်ပေး တာတွေတော့ မကြား မိဘူး'' ဟုလားရှိုးမြို့ဒေ
သခံတစ်ဦးဖြစ်သူ ကိုကျော်ငြိမ်းက ပြောသည်။
 
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခင်နှစ်များက ရာဇဝတ်မှုနည်းပါးခဲ့ပြီး ယာဉ်မတော်တဆမှု အနည်းငယ်
သာ ရှိခဲ့သော်လည်း ယခု၂ဝ၁၂ခုနှစ်တွင် ရွှေ့ပြောင်းလူဦးရေ များပြားလာမူနှင့် အတူ ရာဇဝတ်မှုများလည်း များပြားလာခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
 
''ခိုးမှုတွေနဲ့အတူ ဖောက်ထွင်းမှုတွေလည်း များလာတယ်။ အဲ့လိုလူတွေကို ဘာလို့ မဖမ်းမိတာ လဲ။ တာဝန်
ရှိသူတွေ အလုပ်မလုပ်ကြလို့လား။ ခိုးမူတွေက အခုဆိုတော်တော်လေးများ လာ တယ်။''ဟု ကျောက်မဲမြို့ခံ
တစ်ဦးက အဖြစ်အပျက်များ အပေါ်တွင်   ၄င်း၏အမြင်ကို သုံးသပ် သည်။
 

0 comments:

Post a Comment