Pages

Thursday, August 23, 2012

တစ်ကမ္ဘာလုံးတွင် အစီး၂၀သာရှိသော Lamborghini Reventon

 အီတလီကားကားကုမ္မဏီ Lamborghini Reventon မှထုတ်လုပ်တဲ့ mid engine ပြိုင်ကားဖြစ်တဲ့ Lamborghini Reventon ဟာကမ္ဘာ့ဈေးအကြီးဆုံးပြိုင်ကားစာရင်းထဲမှာ တတိယနေရာမှာ ရှိနေပါတယ်။
ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ တစ်သန်းခြောက်သောင်း (၁၆၀၀၀၀၀) တန်ဖိုးရှိပြီး အစီးရေ ၂၁ စီးသာထုတ်လုပ်ထားပါတယ်။ ၂၀၀၈ခုနှစ် နိုဝင်ဘာလက ထုတ်လုပ်ရောင်းချခဲ့ပြီး တစ်စီးကိုတော့ Lamborghini ပြတိုက်ထဲမှာ ပြသထားရှိပါတယ်။ ဒါကြောင့် တစ်ကမ္ဘာလုံးမှာ အစီး ၂၀ သာရှိပါတယ်။

၆.၅လီတာ V စလင်ဒါ ၁၂ လုံးအင်ဂျင် ကိုအသုံးပြုပြီး အော်တို/ Manual ၆ချက်ထိုး ဂီယာအမျိုးအစားကို အသုံးပြုပါတယ်။ အမြင့်ဆုံး speed တစ်နာရီ ၂၂၁.၂မိုင်မောင်းနှင်နိုင်ပြီး Lamborghini Rventon ကို အီတလီလေတပ်မှ တိုက်လေယာဉ် Panavia Tornado နဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။

အတွင်းပိုင်းမှာ LCD တီဗီ သုံးလုံးပါရှိပြီး အတွင်းကိုယ်ထည် အလူမီနီယံအမာသားကို ကာဗွန်ဖိုက်နဲ့ ဖုံးအုပ်ထား ပေးပါတယ်။ အပြင်ပိုင်းကိုယ်ထည်ကိုတော့ ကာဗွန်ဖိုက်ဘာအများစု နဲ့တည်ဆောက်ထားပါတယ်။ ကားမီးကို LED မီးလုံး ၇လုံးဖြစ်ပြီး အောက်ပိုင်းအင်ဂျင်ပူလာတာကို တိုင်းတာလေ့လာပေးမယ့် Special heatproof LED များပါဝင်ပါသေးတယ်။ Audi မှ နည်းပညာအချို့ကိုလည်း အသုံးပြုထားပြီး Lamborghini ထုတ် နာမည်ကြီးပြိုင်ကား Lamborghini Murciélago နဲ့ element အချို့တူညီနေတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် Performance အပိုင်းကိုကြည့်လိုက်မယ်ဆိုရင် အဆင့်မြင့်ပြိုင်ကားတွေထဲမှာ တမူထူးခြားကောင်းမွန် လှတဲ့ နှစ်ယောက်စီး sport car တစ်စီးဖြစ်ပါတယ်။

အစီး ၂၀သာရှိတဲ့ Reventon ကို အမေရိကန်မှာ ဘီလျံနာ ၁၀ဦး၊ ဥရောပမှ ၇ ဦး၊ ကနေဒါမှ ၁ ဦးနဲ့ အာရှမှ ၁ဦး တို့ကသာ ပိုင်ဆိုင်ထားရှိတယ်လို့ သိရပါတယ်။






Lamborghini
techspaceJournal

0 comments:

Post a Comment