Pages

Thursday, August 23, 2012

Android ဖုန်းအကြောင်း

Android ဖုန်းတွေရဲ့အကြောင်း ကို ကျွန်တော် ကိုယ်တိုင်လဲ လေ့လာနေဆဲပါ။ ကျွန်တော်လေ့လာဖြစ်တဲ့ အထဲကနေ ကိုအာကာဖြိုးနဲ့ ကိုပြည့်ဖြိုးတို့ရဲ့ Android ဖုန်းအကြောင်းမျှဝေတာလေးကို ထပ်ဆင့်မျှဝေပေ
းလိုက်ပါတယ် ။လေ့လာလိုက်ကြပါအုံးနော်။
Android အကြောင်း ပါးပါးလေး ပြောမယ်နော် Android OS ဆိုတာ linux လို့ခေါ်တဲ့ OS ရဲ့ Linux 2.6 kernel ကို အခြေပြုထားတဲ့  OS တစ်ခုဖြစ်ပြီး မိုလ်ဘိုင်းဖုန်းတွေ  Tablet ကွန်ပျူတာတွေ အတွက် ရည်ရွယ်ပြုလုပ်
ထားတာပါ အပေါ်ကဖော်ပြထားတဲ့ စက်ရုံပုံလေးကတော့ သူ့ရဲ့ Logo လေးပေါ့ စက်ရုပ်ပုံလေးလေ။

ဒီ ကောင်လေး စတင် ဖြစ်ပေးလာတာကတော့ စတင်ဖန်တီးရေးသားခဲ့တဲ့ Android Inc ကို 2005 ခုနှစ်မှာ Google ကနေ ၀ယ်ယူလိုက်ပါတယ် ၀ယ်ယူထားပြီး ဘာလုပ်နေတယ်တော့ မသိရပါဘူး 2007 ခုနှစ်ေ၇ာက်
တော့မှ Google က Android ကို (OHA) Open Handset Alliance ကို တည်ထောင်လိုက်ပြီး Android Coad
တွေကို ဘယ်သူမဆို အခမဲ့ ရယူပြင်ဆင်နိုင်တဲ့ Open source အဖြစ် ကြေငြာလိုက်ပါတယ်။
ဒါကို ကိုယ့်ထုတိကုန်နဲ့ ကိုက်ညီမယ့် ပုံစံနဲ့ ကုပ္မဏီတွေကနေ ဆက်လက်ပြီး ထပ်ဆင့်အဆင့်မြင့်ရေးသားကြ
ပြန်ပါတယ် ။လိုင်စင်ကိုတော့ ဖရီးလိုင်စင်ပေါ့နော် ဘယ်သူမဆို အခမဲ့ရယူနိုင်ပါတယ်ပေါ့ ကိုယ်လဲ ပြင်ချင်
ပြင်လို့ရတာပဲလေ။

နောက် Android Software တွေ ဖန်တီးဖို့ Android Software development kit (SDK) 1.0 ကို 2008 ခုနှစ်မှာ
ထုတ်ပေးပြီး လွတ်လွတ်လပ်လပ် ရှယ်ယာလုပ်ခွင့်လဲ ပြုခဲ့ပါတယ် အဲနောက်ပိုင်းမှာတော့ Android သုံး မို
ဘိုင်းဖုန်းတွေ Tablet တွေ မျိုးစုံကိုထွက်လာတော့တာပဲပေါ့ဗျာ။

Android ထါက်လာပြီးနောက် မိုဘိုင်းလောကမှာ အပြောင်းအလဲကြီးတစ်ခုဖြစ်သွားပြီး ဘာမှမကြာလိုက်တဲ့
နှစ်အနည်းငယ်ထဲမှာပဲ မိုဘိုင်းလောကကို Android က ဦးဆောင်လာပါတော့တယ် ။ဘာကြောင့် ဒီလို ကြီးစိုး
လာသလဲဆိုရင်တော့ ဘယ်သူမဆို ပြင်ဆင်ခွင့်ရှိတယ် ဆိုတဲ့ အချက်ရယ် ဖရီးလိုင်စင်ရယ် Open source coad တွေရယ်ကြောင့်ပါပဲ ။အလကားလဲရသေး လုပ်ပိုင်ခွင့်ကလဲကွာသေး နည်းပညာလဲလေ့လာလို့ရသေး တယ် ဖန်တီးမယ်ဆိုလဲ ရတယ်ဆိုတော့ဗျာ ဘာပြောကောင်းမလဲ ဟဲဟဲပေါ့ နော်။

ဒီလို အလကားပေးထားတာ Google ကဘာအမြတ်အစွန်းရလဲ ဆိုတာ သိချင်ပါသေးလဲ OS ကို အလကား
ပေးထားပေမယ့် ရတဲ့နေရာတွေ ရှိတာပေါ့ဗျာ Android Market မှာ ဖရီးမဟုတ်တာလေးတွေ သင်ကြည့်ပါ
လား။ အဲကနေလဲ ရတယ်။ အင်တာနက်အခြေခံတဲ့ ဖုန်းပြောတဲ့ စနစ်တွေကလဲ ပြန်ရပါတယ် ဘယ်လောက်
ရမှာ မို့လို့လဲ ဆိုတာ့ တစ်နှစ်ကို သုံးစွဲသူ တစ်ဦး ကနေ တစ်ဒေးလာပဲတွက်ကြည့် ခုလောလောဆယ် သုံးစွဲ
သူပေါင်း သန်း 280 ကျော်နေပါပြီ ။ကဲ ဘယ်လောက်ရပြီလဲ ဒါမျိုးလေးတွေကနေ ပြန်ရနေတော့ အလကား
ပေးရတာ တန်တယ်ပေါ့ဗျာ။
ဟဲဟဲ နဲနဲ နဲ့ ကြဲကြဲလေး ၀ိုင်းတတ်တဲ့ တရုတ်တွေ သုံးတဲ့ နည်းပညာပါခင်ဗျ တော်တော် တန်ဖိုးရှိတဲ့ နည်းပ
ညာပါ တကယ်လဲကောင်းပါတယ် ။စမ်းကြည့်ပေါ့ ကိုယ့်လုပ်ငန်းမှာ အဲလိုနည်းနဲ့ ဈေးလျှော့ပေးတယ်ဆိုပြီး တစ်ဖက်ကနေ မသိမသာ ပြန်လှီးယူတာလေးလေ ဟိဟိ။

Android Market ထဲမှာ အခုဆို applications တွေ Game တွေ ငါးသိန်းကျော်နေပါပြီ ဒီဟာအကုန်လုံးကို
Google ကနေ ထုတ်ထားတာလားဆို မဟုတ်ပါဘူး။ နိုင်ငံပေါင်း 30 လောက်က software ရေးတဲ့ သူတွေက
တင်ထားတာတွေ လေ ။ Android Market က Google အတွက် သာမက ဆော့ဝဲလ်ရေးသူတွေ အတွက်ပါ 
ကောင်းပါတယ်။ ဘာလို့ကောင်းလဲ ဆို ကိုယ်ပိုင် ဂိမ်းတစ်ခုရေးပြီး ကိုယ့် ဆိုဒ်မှာ လာဝယ်ခိုင်းတာမျိုးက
ရောင်းရဖို့ မလွယ်သလို သိသူလဲ အင်မတန်နည်းတာကိုး ဗျ ။ဟိုမှာက လည်ရင်းပတ်ရင်းနဲ့လဲတွေ့နိုင်တာ
မျိုးလေ ဟဲဟဲ ။
အာကာဖြိုးလဲ အင်တာနက်မာ့ကက်တင်း လုပ်စားလို့ရလောက်ပြီထင်တယ် ဟီး တော်တော်တတ်တာကိုးဗျ 
နော် အဟဲ Google ကလဲ လူလည်ကျသဗျ ပြောရရင် ဆော့ဝဲလ်ထုတ်လုပ်သူမှန်သမျှ သူ့ဈေးကွက်မှာရောင်း
ချင်ရင် ရီဂျစ်စတာလုပ်ရတယ်ဗျ လုပ်ပြီး တစ်ခုေ၇ာင်းရရင် ရောင်းရတဲ့ဈေးနှုန်းအပေါ်မှာ Google ကို 30%
ပေးရတယ်လေ ကျွန်တော်တောင် တစ်ခုတင်ထားသေး ဟိဟိ ပြောပြဘူးတော်ကြာ အလကားလာတောင်း
နေဦးမယ် ဟိဟိ။

အခု ဆက်ပြီး Android version တွေ ဆက်လေ့လာကြည့်ရအောင်

ပထမဆုံး Android Version 1.0 ကို 2008 ခုနှစ် စက်တင်ဘာလ 23 ရက်နေ့မှာ စတင်ထုတ်ဝေခဲ့ပါတယ် ။Android1.0 ကို ထည့်သါင်းပြီး စတင်ထုတ်လုပ်ခဲ့တဲ့ ပထမဆု့း မိုဘိုင်းအဖြစ် HTC (G1) phone က စခဲ့တာပါ။

ဒီနောက်ပိုင်းမှာ ထပ်ထွက်လာတာတွေ ကတော့ ထူးထူးခြားခြားနာမည်လေးတွေ ဖြစ်သလို အခုနောက်
ဆုံးထွက်တဲ့ အထိ မုန့်နာမည်လေးတွေ ပါ မုန့် အကုန်လုံးကလဲ အချို တွေ သီးသန့် ဖြစ်သလို နာမည်ပေး
ထားပုံလေးကလဲ စိတ်ဝင်စားစရာကောင်းပါတယ်။  ဘယ်လိုစိတ်ဝင်စားစရာကောင်းသလဲဆို  ဒီလိုဗျ နာမည်လေးတွေကို A,b,c,d အက္ခရာ စဉ်ပြီးထွက်လာတာပါ။အဲ 1.0 နောက်ပိုင်းစထွက်တာက C ကနေ စတာပါ B ပါဘူး C,D,E စသဖြင့် ထွက်လာတာလေ။

ကဲ့ကြည့်လိုက်ရအောင် 
CupCake (version 1.5)

ဒီဗားရှင်းက 30.4.2009 မှာ စထွက်လာတာပါ 1.0 ကအားနဲချက်တွေကို ပြုပြင်ပြီး ထွက်လာတာလေ။


Donut (version 1.6)

ဒီ ဒိုးနမ့် မုန့်လေးကို တော့ စက်တင်ဘာ လ 2009 မှာ ထပ်ထွက်လာပြန်ပါတယ် ဘယ်လောက်ကွာသလဲ ကိုယ့်ဘာသာပဲတွက်တော့နော် ဒီကောင်မှာ ကင်မရာပိုင်းဆိုင်ရာနဲ့ စခရင် ရီဆိုလူးရှင်းတွေကို အလုပ်လုပ်
နိုင်လာပါတယ်  CDMA နဲ့ EVDO စနစ်တွေကိုလဲ လုပ်ဆောင်နိုင်လာပါတယ်။


Eclair (version 2.0/2.1)

 2009 အောက်တိုဘာမှာ ဒီမုန့်လေးထပ်လုပ်ခဲ့ပြီး မာတီဘယ် အီးမေးလ်အကောက်တွေကို  Device  အတါင်း
ထည့်သွင်းနိုင်မယ့် နည်းပညာတွေ စခရင် ဆိုဒ်ကြီးနဲ့ ရီဆိုလူးရင်းအမြင့်တွေကို စပိုစ့်လုပ်နိုင်မယ့်နည်းပညာ
တွေ  မာတီ touch feature တွေ စသဖြင့်တိုးတက်ပါဝင်လာသလို HTML 5 ကိုလဲ စိပုစ့်လုပ်နိုင်လာလဲ့ပါတယ်။

Frovo (version 2.2)

ဒီဗားရှင်းကိတော့ 2010 မေလ မှာ ထုတ်ခဲ့ပြီး ဒီဗားရှင်းဟာ Android ရဲ့ အောင်မြင်မှု ပြယုဂ်အဖြစ် မှတ်တမ်း
ဝင်လာနိုင်မယ့် ဗားရှင်းလို့ ဆိုရမှာပါ ဘာကြောင့်ဆို ဒီဗားရှင်းဟာ ခုချိန်ထိ အသုံးပြုသူ 30% လောက်ရှိနေ
သေးတာလေ ဒီဗားရှင်းမှာ မက်ဆေ့ပို့တာတွေ ပါဝင်လာတယ် ။
ဖုန်းကနေ ကွန်ပျူတာကို အင်တာနက်ရှယ်ယာပေးလို့ရတဲ့ နည်းပညာတွေ Wifi ပြန်လအတ်လို့ရတဲ့ နည်းပ
ညာတွေ ပါဝင်လာပြီလေ နောက် နာမည်ကျော် adobe flash ကို စပိုစ့်လုပ်ပေးနိုင်လာတော့ အွန်လိုင်းမှာဖက်
နဲပလုပ်ထားတဲ့ ဟာတွေ ဂိမ်းတွေကိုပါရှာနိုင်လာတယ်ဆိုပါတော့ ဗျာ။

Gingerbread (version 2.3.x)

 ဒီဗားရှင်းကတော့ လက်ရှိအချိန်မှာ အောင်မြင်မှု အရှိဆုံးပါပဲ  အသုံးပြုသူ 60% လောက် ရှိနေပါတယ် ဒီ
ကောင်ကတော်တော်မြင့်လာပါပြီ အပေါ်ကပြောထားတဲ့ဟာတွေအကုန်ပါပြီးအပြင်ပေါ့နော် ပြန်မပြော
တော့ဘူးကျော်လိုက်တော့မယ် ။
ဒီကောင်မှာ ကီးဘုတ်တွေ ကောင်းမွန်လာပြီး စာရိုက်တဲ့ အခါ ကော်ပီပေ့ စတာတွေ လုပ်လို့ရလာပါတယ်  Broswer Email နဲ့ software တွေကနေ အလွယ်တက်ူဒေါင်းယူနိုင်မယ့် ဒေါင်းလော့မန်နေဂျာလဲ ပါလာပါတယ် ဗားရှင်း 2.3.4 မှာတော့ Gtalk ကို Chatting သုံးနိုင်လာတယ်လေ


Honeycomb (version 3.0,3.x)

ဒါကိုတော့ 2012 ဖေဖ၀ါရီလ မှာ ထုတ်ခဲ့ပါတယ်  ဒီကောင်က tablet မှာပဲ သုံးနိုင်တဲ့ဗားရှင်းပါ ဖုန်းတွေမှာ မ
ရပါဘူး ကင်မရာနဲ့ အင်တာနက် အသုံးပြုမှု အတွက်အကောင်းဆုံးထုတ်ထားတာပါ Gtalk ကနေ video chat  လုပ်နိုင်ပါတယ် မာတီ core processors ကို စပို့လုပ်လာနိုင်ပါတယ်

Ice Cream sandwich (version 4.x )

ဒါကတော့ 2011 အောက်တိုဘာလမှာ Galaxy Nexus ဖုန်းနဲ့ အတူ ထွက်လာတာလေးပါမြန်မာတွေကတော့
ရေခဲညှပ်လို့ ခေါ်နေတာပါပဲ  ဒီကောင်တွေမှာ အဆင့်မြင့်လာပါပြီ ကိုယ့်ဖုန်းကို ကိုယ့်မျက်နှာနဲ့သော့ခတ်
ထားမယ် ပြန်ဖွင့်မယ်ဆိုတဲ့ စနစ်တွေ တောင်ပါလာပါတယ် 1080p video ၇ိုက်ကူးနိုင်ဖို့ စပိုစ့်လုပ်လာပါ
တယ်။ 
ဒါပဲလားဆို ဟုတ်ဘူးဗျ အလွန်အသုံးဝင်တဲ့ Wi-Fi Direct နည်းပညာလဲပါဝင်လာတယ်အခုလက်ရှိ တော်
တော်များများချိတ်ဆက်နေတာက wireless router တွေ wireless access point တွေ ချိတ်ဆက်ပြီး ၀ိုင်ယာ
လက်ကွန်နရှင်ကိုချိတ်ဆက်နေတာပါ Wi-Fi Direct နည်းပညာ ဆိုတာက ကြားမှာ ဘာမှမလိုဘဲ Driveအချင်
ချင်း တိုက်ရိုက်ချိတ်လို့ရတာပါ ။
လွယ်လွယ် ဥပမာပြောရရင် Bluetooth နည်းပညာလိုပေါ့ တစ်ခုတည်းကို ချိတ်နိုင်တာမဟုတ်ဘူးနော တစ်
ခုကနေ အများကြီးကိုချိတ်ဆက်နိုင်တာ ထားလိုက်ပါတော့ ဒီအကြောင်းပြောနေတာမှ မဟုတ်ဘဲနော် အသေးစိတ်ဖို့ မလိုပါဘူး။


Jelly Bean (5.x)


ဒါကတော့ အခု နောက်ဆုံးထွက်လာမယ့် ဟာလေးပေါ့ 2008 .8 မှာထွက်မယ် ပြောထားတာပဲ ခုတော့
ကျွန်တော်လဲ မလေ့လာရသေးဘူး နောက်များမှ ဆက်ဦးမယ်ပေါ့နော်။

မူရင်းရေးသားထားသူ - အာကာဖြိုး

1 comments:

Anonymous said...

ကောင်းပါတယ်

Post a Comment