မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာ ရှိတဲ့ မြန်မာနိုင်ငံ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ သာသနာ့ ရိပ်သာကို ဒီကနေ့ သွားရောက်ပြီး ငြိမ်းချမ်ရေးနဲ့ြ
ပန်လည်သင့်မြတ်ရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။
အဲဒီအခမ်းအနားဟာ မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေမှာ လိုအပ်နေတဲ့ငြိမ်းချမ်းရေး ကိစ္စတွေမှာ ခရစ်ယာန် အသင်းအဖွဲ့တွေ အနေနဲ့ ဘယ်လိုအခန်းကနေ ကူညီပါဝင် ဆောင်ရွက်နိုင်မလဲ ဆိုတာတွေကို အဖြေရှာဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် လူတိုင်းက ၀ိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်တယ်လို့ ဆွေးနွေးပွဲအပြီးမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောကြားခဲ့ပါတယ်။
"ဘယ်ကောင်စီမဆိုပေါ့နော်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကြိုးစားတယ်ဆိုလို့ ရှိရင်တော့ အန်တီတို့ကတော့ ကျေးဇူးတင်တာပဲ။ လူတိုင်းက အားလုံး ၀ိုင်းပြီးတော့ ကြိုးစားပေးရမယ်လို့ ယုံကြည်လို့ပါ။"
အခမ်းအနားကို ကမ္ဘာ့ ခရစ်ယာန် အသင်းတော်များ ကောင်စီ၊ အာရှခရစ်ယာန် အသင်းတော်များ ကောင်စီနဲ့ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီတို့ ပူးပေါင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။

RFA (Burmese)
0 comments:
Post a Comment