Pages

Saturday, August 4, 2012

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအား ပြန်လည်သုံးသပ်ရန် ကွင်တားနား တိုက်တွန်း

မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်ခွင့်အား ငြင်းပယ်ခြင်းအပါအ၀င် ခွဲခြားဆက်ဆံမှုများရှိနေသော ၁၉၈၂ ခုနှစ် 
နိုင်ငံသားဖြစ်ခွင့် ဥပဒေအား ပြန်လည်သုံးသပ်ရန် ကုလ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကွင်တားနားက တိုက်တွန်းပြောဆိုလိုက်သည်။


၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့သွားရောက်ပြီး ဒေသခံရခိုင်တိုင်းရင်းသားများနှင့်ဘင်္ဂါလီလူမျိုးများကို သွားရောက်တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့ပြီး၊

ယနေ့ညနေ ၆ နာရီခွဲတွင် မင်္ဂလာဒုံလေဆိပ်တွင် ပြည်တွင်းပြည်ပသတင်းမီဒီယာများအား ရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။


ကုလ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကွင်တားနားသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့်အစိုးရအဖွဲ့၊ ဒေါ်အောင်ဆန်းစုကြည်၊၈၈ မျိုးဆက်ကျောင်းသားများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့သလို၊ အင်းစိန်အကျဉ်းထောင်နှင့် ကချင်ဒေသသို့လည်း သွားရောက်ခဲ့သည်။
Popular Myanmar Journal:

0 comments:

Post a Comment