Pages

Saturday, August 4, 2012

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး) ဖွဲ့စည်းပြီးပြီ

Photo
မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး)ဖွဲ့စည်းခြင်းနှင့် ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို 


သြဂုတ်လ(၄)ရက်နေ့ မွန်းလွဲ(၁)နာရီက ဗိုလ်တထောင်ဘုရားလမ်းရှိ အော့ခစ် ဟိုတယ်တွင်ကျင်းပခဲ့သည်။ 

ထိုအခမ်းအနားကို မြန်မာနိုင်ငံသတင်းစာဆရာအ
သင်းဖြစ်မြောက်ရေးကော်မတီက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး)အသင်းဝင်များ၊ မြန်မာဂျာနယ်လစ်ကွန်ရက်မှအဖွဲ့ဝင်များနှင့် အခြားလေ့လာသူများ ၃၀၀ ခန့်တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီနာယက ဆရာမောင်ဝံသနှင့် ဥက္ကဌ ဆရာဖိုးသောကြာ(ခေတ်/မိုး)နှင့် အတွင်းရေးမှူး ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)တို့က အဖွင့်အမှာစကားများပြောကြားကြပြီးနောက် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး) ညီလာခံနှင့်ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင်အတွင်းရေးမှူး ဆရာဦးကိုနီ(မောင်ကိုနီ-တရားရုံးချုပ်ရှေ့နေ)က ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာစည်းမျဉ်းများကိုရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာကြသူများ၏ ဆန္ဒမဲဖြင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များကို ရွေးချယ်ခဲ့သည်။

ရွေးချယ်တင်မြှောက်ခံရသောမြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး)အလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ဦးကြည်မင်း - ဥက္ကဌ
၂။ ဒေါက်တာဇော်သန်း - ဒုဥက္ကဌ(၁)
၃။ ဦးယဉ်ကျော် - ဒုဥက္ကဌ(၂)
၎။ ဦးနေဘုန်းလတ် - အတွင်းရေးမှူး
၅။ ဦးဇေယျာမြတ်ခိုင် - တွဲဖက် အတွင်းရေးမှူး(၁)
၆။ ဦးလှိုင်ဘွား - တွဲဖက် အတွင်းရေးမှူး(၂)
၇။ ဒေါ်ဂျူလိုင်မိုး - တွဲဖက် အတွင်းရေးမှူး(၃)
၈။ ဒေါ်အိအိမြတ် - ဘဏ္ဍာရေးမှူး
၉။ ဒေါ်အေးမွန် - ပြန်ကြားရေးမှူး
၁၀။ ဦးခင်မောင်မြင့် - စာရင်းစစ်
၁၁။ ဦးသန့်ကျော်ဇင် - အဖွဲ့ဝင်
၁၂။ ကာတွန်း အာယု - အဖွဲ့ဝင်
၁၃။ ဒေါ်ချိုအိဇင် - အဖွဲ့ဝင်
၁၄။ ဦးသိန်းအေး - အဖွဲ့ဝင်
၁၅။ ဦးဘသန်းတင် - အဖွဲ့ဝင်
၁၆။ ဦးအောင်ထွန်းဝင်း - အဖွဲ့ဝင်
၁၇။ ဦးစိန်ရွှေ - အဖွဲ့ဝင်
၁၈။ ဦးထိန်ဝင်း(ဓာတ်ပုံ) - အဖွဲ့ဝင်
၁၉။ ဦးတင့်လွင် - အဖွဲ့ဝင်
၂၀။ ဦးအေးချမ်းဟိန် - အဖွဲ့ဝင်
၂၁။ ဦးမျိုးမင်းသိန်း - အဖွဲ့ဝင်

အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းပြီးနောက် ညနေ ၅ နာရီခွဲခန့်တွင် အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်။

Popular Myanmar Media:

0 comments:

Post a Comment