Pages

Saturday, August 4, 2012

အနုပညာ သက်တမ်း လေးနှစ် အတွင်းမှာ ဖွေးဖွေးရဲ့ မမေ့နိုင်တဲ့ အမှတ်တရ


ရယ်သံ မထွက်တဲ့ မျက်ရည်စက် ဆိုတဲ့ ဇာတ်ကားမှာ ပရဟိတ အနေနဲ့ အကူ အညီ တွေပေး တဲ့သူ တစ်ယောက် အဖြစ် ဖွေးဖွေးက သရုပ်ဆောင် ထားပါတယ်။ 
ဇာတ်ကား ထဲမှာ အဖြူ၊ အစိမ်း ကျောင်းသူအဖြစ် ရိုက်ကူးနေတဲ့ ဖွေးဖွေးက ငယ်ငယ်တုန်းကဘဝ အမှတ်တရမရှိပေမယ့် ဇာတ်ကားရိုက်လို့ ကျောင်းဝတ်စုံနဲ့ အဖြူအစိမ်းဝတ်ရတာ ပိုပျော်တယ်လို့ဆိုတာကြောင့်“ကျောင်းသားဘဝမှာ အမှတ်တရ
သိပ်မရှိဘူး။ 


သရုပ်ဆောင်လုပ်မှ အဖြူအစိမ်းဝတ် ရတာပျော်တယ်။ အမှတ်တရတွေ အများကြီးပဲ။ သူငယ်ချင်းတွေနဲ့ မြို့ပြင် မှာ စက်ဘီးတွေလျှောက်စီးပြီးတော့ပေါ့။ ကျောင်း မှာ ပျော်ဖို့ကောင်းပေမယ့် ဇာတ်ကားထဲက ကျောင်းသား ဘဝက ပိုပျော်ဖို့ကောင်းတယ်” လို့ပြောပြပါတယ်။ 


တိရစ္ဆာန်လေးတွေကိုချစ်တတ်တဲ့ဖွေးဖွေးက အိမ်မှာလည်း တိရစ္ဆာန်လေးတွေမွေးထားသလို “ရယ်သံ မထွက်တဲ့ မျက်ရည်စက်” ဇာတ်ကား ထဲမှာပါတဲ့ ငှက်လေးကိုလည်း အိမ်ခေါ်ပြီး မွေးဖြစ်မယ် လို့ပြောတာကြောင့် ..”စာကလေးငှက်လေးက အတောင်ညှပ် ထားတော့ သူမပျံနိုင်ဘူးဖြစ်နေတယ်။ 


သူ့ကိုသေတဲ့ အခန်း ရိုက်တော့ အတောင်ညှပ်ထားတာလေ။ အိမ်ခေါ်သွားပြီး မွေးစားရတော့မယ်။ အမှတ်တရပါပဲ”လို့ ပြောပြ ခဲ့ပါတယ်။ ဖွေးဖွေးက ဒါရိုက်တာဝိုင်းနဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ဖို့ ရှိသလို ရှစ်လပိုင်းမှာလည်း ရုပ်ရှင်ကားကြီးရိုက်ကူးဖို့ရှိပြီး ကြိုးစားနေရင်းနဲ့ အမှားအယွင်းဖြစ်သွားရင် နားလည်ပေးပါလို့ ပြောခဲ့ ပါတယ်။

ဆက်လက်ပြီး ဖွေးဖွေးက အနုပညာသက်တမ်း လေးနှစ်အတွင်းမှာ မမေ့နိုင်တဲ့ အမှတ်တရ အဖြစ်အပျက်အကြောင်းကိုတော့ “အမှတ်တရတွေကတော့ အများကြီးပဲ။ အစပိုင်းကတော့ နည်းနည်း အခက်အခဲတွေ ရှိတာပေါ့နော်။ 



ကားရိုက်တဲ့အခါမျိုးမှာဆိုရင်လည်း ကိုယ်ဘယ်လောက်ထိလုပ်နိုင်မယ်ဆိုတာမျိုးတွေ မသိသေးဘူး။ ကိုယ့်ဘာသာကိုယ် သတ္တိ ပြန်မွေး ပြီးတော့ လုပ်ရတာမျိုးတွေရှိ တယ်။ ပြီးတော့ အရင်တုန်းက ဓာတ်ပုံရိုက်ရင်အိုက်တင်တောင် ကောင်းကောင်း မပေးတတ်တာမျိုးတွေရှိတယ်။ နောက်ပြောင်တဲ့ ပုံတွေပေးတယ်။ လမ်းသရဲပုံတွေလုပ် တတ်တာများတယ်။


နောက်ပိုင်းမှာမှ တော်တော်များများကို လုပ်တတ်လာတယ်” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင် POPULAR NEWS

0 comments:

Post a Comment