မြန်မာကျပ်ငွေ သိန်းတစ် ရာ ကျော်တန်ဖိုးရှိ ငွေစက္ကူ ကျပ် ၅ဝဝဝ တန်အတုများ
သယ်ဆောင် လာသူ အမျိုး
သမီး တစ်ဦးအား တောင်ကြီးမြို့နယ် ဟိုမိန်းဒေသ တွင် ဒေသခံပြည် သူ့စစ်အဖွဲ့တစ်ဖွဲ့ က သြဂုတ်လ ၂၄ ရက်တွင် ဖမ်းဆီးရမိခဲ့သည် ဟုသိရသည်။
သမီး တစ်ဦးအား တောင်ကြီးမြို့နယ် ဟိုမိန်းဒေသ တွင် ဒေသခံပြည် သူ့စစ်အဖွဲ့တစ်ဖွဲ့ က သြဂုတ်လ ၂၄ ရက်တွင် ဖမ်းဆီးရမိခဲ့သည် ဟုသိရသည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့ နယ် ဟိုမိန်းဒေသ ပြည်သူ့စစ်တပ်
ဖွဲ့(Shan State South)သည် မြန်မာ ငွေစက္ကူ ကျပ် ၅ဝဝဝ တန်အ တုများသယ် ဆောင်
လာသူ အ သက် ၄ဝ ကျော် အ ရွယ် နန်းနု(ခ) နန်းပေါက်ကို ငွေသားအတု ကျပ်
သိန်း၁၅ဝကျော်နှင့်အတူ ဟို မိန်းမြို့အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။
အဆိုပါ အမျိုးသမီးမှာ ဒေသ တွင်း ငွေစက္ကူအတု ကိုင်ဆောင် သယ်ယူမှုဖြင့် အဖမ်းခံခဲ့ရဖူးပြီး ယခု အကြိမ်
အဆိုပါ အမျိုးသမီးမှာ ဒေသ တွင်း ငွေစက္ကူအတု ကိုင်ဆောင် သယ်ယူမှုဖြင့် အဖမ်းခံခဲ့ရဖူးပြီး ယခု အကြိမ်
သည် တတိယအကြိမ် အ ဖမ်းခံရခြင်းဟု
သိရသည်။ပထမအကြိမ် ဖမ်းဆီးရာတွင် ငွေစက္ကူအတုတန်ဖိုး ကျပ် ၃ သိန်း ခန့်နှင့်
ဒုတိယအကြိမ်တွင် တန်ဖိုး ကျပ်သိန်း ၅ဝ ခန့် ဖမ်းဆီးရမိ ခဲ့ရာ
ဒေသအာဏာပိုင်များက ၄င်း
အား ဆက်လက်လုပ်ကိုင်ခြင်းမပြုရန် တားမြစ်ခဲ့သည်။
သို့ရာတွင် လိုက်နာမှုမရှိသည့်အတွက် ယခုကဲ့သို့
ထပ်မံဖမ်းဆီးရခြင်းဟု
ဒေသခံအချို့ က ဆိုကြသည်။
နန်းနုသည် လင်းခေးမြို့နယ် နားကုန်းဒေသခံတစ်ဦးဖြစ်ပြီး မြန်မာ နှင့် ထိုင်း နှစ်နိုင်ငံစလုံး၏ နိုင်ငံသား စိ
နန်းနုသည် လင်းခေးမြို့နယ် နားကုန်းဒေသခံတစ်ဦးဖြစ်ပြီး မြန်မာ နှင့် ထိုင်း နှစ်နိုင်ငံစလုံး၏ နိုင်ငံသား စိ
စစ်ရေးကတ်ပြား ကိုင်ဆောင်ထား သူဖြစ်ကာ လွန်ခဲ့သည့်နှစ်ပေါင်း
၂ဝ ကျော်ကတည်းက ထိုင်းနိုင်ငံတွင် အခြေချနေထိုင်ခဲ့သူဟု သိရသည်။
သူမ၏
ထွက်ဆိုချက်အရ ၄င်း ငွေစက္ကူ အတုများကို ချင်းမိုင်မြို့မှ တစ်ဆင့်
မယ်ဟောင်ဆောင်လမ်းကြောင်း
အတိုင်း မြန်မာနိုင်ငံသို့
သယ်ယူခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။ ငွေစက္ကူအတု တန်ဖိုး ကျပ် ၅ သိန်းကို
ထိုင်း
ဘတ်ငွေ ၇ ထောင် နှင့်ဝယ်ယူလဲလှယ်ခဲ့ရသည်ဟုလည်း
ဆိုသည်။ပြည်သူ့စစ်အဖွဲ့က နန်းနုနှင့် အတူ သိမ်း
ဆည်းရမိသော ငွေသား များကို
သက်ဆိုင်ရာအစိုးရတာဝန် ရှိသူများထံ လွှဲပြောင်းပြီးဖြစ်သည် ဟု သိရ
သည်။
BBC( Burmese)
BBC( Burmese)
0 comments:
Post a Comment