Pages

Wednesday, August 29, 2012

"တားမြစ်ဆေးပါသည့် တရုတ်ပျားရည် မြန်မာအမည်ဖြင့် ပြည်ပပို့ရန် ကြိုးပမ်းနေ"

တားမြစ်ဆေးဝါးပါသည့် တရုတ်မှ ပျားရည်များကို မြန်မာအမည်ခံ၍ ပြည်ပသို့ တင်ပို့ရောင်းချရန် တင်သွင်းလျက်ရှိကြောင်း မြန်မာ
နိုင်ငံ ပျားလုပ်ငန်း အသင်းမှ သိရသည်။အဆိုပါအသင်းမှ အလုပ် အမှုဆောင် ဦးကြည်လွင်ဦးက ''ပြည်တွင်းမှာက ပျားရည်တန်၅ဝ
-၂ဝဝ ကြားလောက်ပဲ သုံးတာ၊ ကျန်တဲ့ အကုန်လုံးကို ပြည်ပတင်ပို့တာချည်းပဲ။

ပြီးခဲ့တဲ့ နှစ်လ၊ သုံးလ လောက်ကေ
န တရုတ်က လုပ်ငန်းရှင်အချို့ သူ တို့ရဲ့ ပျားရည်ကို ပြည်တွင်းကို ရောင်းဖို့မဟုတ်ဘဲနဲ နိုင်ငံ



ခြားမှာ ရောင်းဖို့ တင်သွင်းလာတာလို့ စုံစမ်းသိရပါတယ်။ အဲဒါကို လက် ဆုပ်လက်ကိုင်ပြလို့မရဘူး'' ဟု ပြောသည်။



 
အထက်ပါ တားမြစ်ဆေးဝါး များပါဝင်သည့် ပျားရည်အား မြန်မာ့ပျားရည် အမည်ခံကာ တင်ပို့ခဲ့ မည်ဆိုပါက တင်သွင်းသည့် နိုင်ငံ



များမှ တားမြစ် ဆေးဝါးများနှင့် ပိုး သတ်ဆေးဓာတ်ကြွင်းများ ပါဝင်ကြောင်း တွေ့ရှိခဲ့လျှင် မြန်မာ့ပျားရည် တင်သွင်းခွင့်ကို ပိတ်ပင်


ခံရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ သက် ဆိုင်ရာ ဝန်ကြီးဌာနမှ အရေးယူပေးရန်နှင့် ရေကြောင်းနှင့် နယ်စပ်ဝင်ပေါက် များမှ မည်သည့်


ပျားရည်နှင့် ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်၍ မည်သည့် တင်သွင်းမှုကိုမဆို တား ဆီးပေးရန် တောင်းဆို တင်ပြထားကြောင်းသိ


ရသည်။


 
''ကျွန်တော်တို့ မြန်မာ့ပျားရည် ကို နိုင်ငံခြားက ကြိုက်ကြတာကို သိလို့ ဒီလိုလုပ်တာဖြစ်မယ်။ ကျွန် တော်တို့ရဲ့ ပျားရည်က ဖြည့်



စွက်စာနဲ့ မွေးတာ မဟုတ်ဘဲနဲ့ သဘာဝနဲ့ ဝတ်မှုန်ကူးပြီး မွေးတာဖြစ်တဲ့ အတွက် အရည်အသွေး ကောင်းတယ်။ တချို့ တရုတ်လုပ်



ငန်းရှင် ကုမ္ပဏီ ၃ ခုကနေ တရားဝင် တင် သွင်းခွင့် ရဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်'' ဟု ၄င်းက ပြောသည်။



 
၂ဝဝ၅ ခုနှစ်မှစကာ မြန်မာ့ ပျားရည်မှာ တန်ချိန် ၁ဝဝ မှ ၂ဝဝဝ ကျော်အထိ ထုတ်လုပ်လာနိုင်ခဲ့ပြီး ပြည်ပဈေးကွက်တွင်လည်း ဝယ်


ယူမှုများလာသော ပျားရည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကုန်သွယ်ရေးဦးစီးဌာနနှင့် နယ်စပ်ကုန်သွယ် ရေး ဦးစီးဌာနများမှ သွင်းကုန်လိုင်



စင် ခွင့်ပြုမပေးရန်၊ ပျားရည်ပို့ကုန်လိုင်စင် ကိုလည်း ပျားလုပ်ငန်းဌာန၏ ထောက်ခံချက်ဖြင့်သာ ခွင့်ပြုပေးရန်၊ တင်သွင်း လာ


ကြောင်း တွေ့ရှိပါက အကောက်ခွန် ဦးစီးဌာနမှလည်း တားဆီးပေးရန်၊ သစ်တောထွက်ပျားရည်အဖြစ် တင်သွင်းလာနိုင်သည့် အ


တွက် သစ်တော ဦးစီးဌာနမှလည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အတွက် အမည်ခံပြီး တင်သွင်းလာနိုင်မှုကို ဟိုတယ်နှင့်



ခရီးသွား လုပ်ငန်းဝန်ကြီး ဌာနက လည်းကောင်း တားဆီးအရေးယူပေးရန် တင်ပြထားကြောင်း မြန်မာနိုင်ငံ ပျားလုပ်ငန်းအသင်းမှ သိရသည်။


 
တရုတ်နိုင်ငံမှ ထုတ်လုပ် သောပျားရည်များသည် တားမြစ်ဆေးဝါးများ ပါဝင်မှုကြောင့် အမေ ရိကန်ပြည်ထောင်စုနှင့် ဥရောပ နိုင်ငံ


များမှ တင်သွင်းခွင့် ပိတ်ပင်ထားခြင်းဖြစ်ကြောင်း၊ မြန်မာ့ပျားရည်ကို ဂျပန်၊ မလေးရှား၊ တရုတ်၊ ကိုရီးယား၊ ထိုင်း၊ တရုတ်(တိုင်ပေ)


 နှင့် အမေရိကန် ပြည်ထောင်စုသို့ အဓိက တင်ပို့နေရကြောင်း သိရ သည်။


 

 


ပေါ်ပြုလာမြန်မာ 

0 comments:

Post a Comment