Pages

Wednesday, August 29, 2012

အမေရိကန် စတိုးဆိုင်တွေပေါ်က ခုန်ချပေးရမယ့် ဆမ်ဆောင်း


တောင်ကိုရီယားနိုင်ငံက ဆမ်ဆောင်း အီလက်ထရောနစ် ကုမ္ပဏီကတော့ ဆမ်ဆောင်က ထုတ်လုပ်တဲ့ စမတ်ဖုန်းအပါ အ၀င် ဆမ်ဆောင်တံဆိပ် ပစ္စည်း ၈ မျိုးကို အမေရိကန်က စတိုးဆိုင်တွေပေါ်မှာ တင်မ
ရောင်းဘို့ Apple က တောင်းဆိုမှုကို ကတိပေးလိုက်ရပါပြီ။
လွန်ခဲ့တဲ့ အပတ်က အမေရိကန် တရားရုံးမှာ Apple ကုမ္ပဏီက ဆမ်ဆောင်ဆီက အမေရိကန် ဒေါ်လာ ၁.၀၅ ဘီလျံ အလျော်ပေးဖို့ တရားစွဲဆိုမှုကို တရားရုံးက လက်ခံလိုက်တဲ့အတွက် Apple က လွန်ခဲ့တဲ့ တနင်္လာနေ့က တရားရုံးမှာ ဆက်လက် လျှာက်ထား လိုက်တာကတော့ ဆမ်ဆောင်က ထုတ်တဲ့ Galaxy၊ Droid စမတ်ဖုန်းတွေ နဲ့ ဆမ်ဆောင်ထုတ် မိုဘိုင်း ပစ္စည်း ၈ မျိုးကို တားမြစ်ပေးဖို့ ဖြစ်ပါတယ်။

ကမ္ဘာအကြီးဆုံး နည်းပညာ ကုမ္ပဏီကြီး တခုဖြစ်တဲ့ ဆမ်ဆောင်က တုန့်ပြန်တဲ့အနေနဲ့ ကြေညာချက် တ
စောင် ထုတ်ပြန် လိုက်ပါတယ်။

“ကျွန်ုပ်တို့ရဲ့ ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး အမေရိကန် ဈေးကွက်မှာ သေချာပေါက် သုံးလို့ရနိုင်အောင် ကျွန်ုပ် တို့ဟာ လိုအပ်တာ အားလုံး အားစိုက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” လို့ ကြေညာချက်မှာ ဖော်ပြ

ထား ပါ တယ်။

Apple ကို ကန်ဒေါ်လာ သန်း ၁ ထောင်ကျော် လျော်ရမယ်ဆိုတဲ့ တရားရုံးဆုံးဖြတ်ချက်ထွက် လာပြီး

နောက် တောင်ကိုရီယား စတော့ဈေးကွက်မှာတော့ ဆမ်ဆောင်းရဲ့ စတော့ရှယ်ယာဈေးတွေဟာ ထိုးဆင်း
သွားခဲ့တယ် လို့ သတင်းတွေက ဆိုထားပါတယ်။

ဧရာဝတီသတင်း

0 comments:

Post a Comment