Pages

Wednesday, August 29, 2012

ဆမ္မဆယ်လမ်းကြောင်းမှ တစ်နေ့လျှင်နွားကောင်ရေ တစ်ထောင်ဝန်းကျင် တရုတ်သို့တင်ပို့နေ


ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုနယ်ဆမ္မဆယ်ကျေးရွာမှတဆင့် တရုတ်ပြည်သို  နွားကောင်ရေတင်ပိုမှု
များရှိ နေရာ  တစ်နေလျှင် နွားကောင်ရေ(၁၀၀၀)၀န်းကျင်  တင်ပို့နေသည်ဖြစ်၍ နွားမျိုးပြုန်းတီးမည်ကို
ဒေသခံများက စိုးရိမ်နေကြသည်။

နောင်ချိုမြိုနယ်   ဆမ္မဆယ်မှတဆင်တရုတ်ပြည်သိုတင်ပိုရာတွင်   (၁၂)ဘီကားကြီးများဖြင့် တင်ပို့နေ
ခြင်း ဖြစ်ပြီး   ကားတစ်စီးလျှင်နွားအကောင်ရေ(၂၀)မှ(၂၅)ကောင်အထိ တင်ဆောင်ကာတစ်နေ့လျှင်ကား
အစီးရေ (၅၀)အထိ  သယ်ဆောင်နေခြင်းဖြစ်သည်။
 
တစ်နေ့ကိုကားအစီးရေ (၅၀)လောက် တင်ပို့နေတော့ ကြာရင်နွားကောင်ရေ မျိုးတုန်းသွားမှာကို ဒေသ
ခံတော်တော်များများက  စိတ်ပူနေကြတယ်ဟု   ဆမ္မဆယ်ရွာခံတစ်ဦးဖြစ်သူကပြောသည်။
 
အဆိုပါနွားများမှာ မြန်မာပြည်အလယ်ပိုင်းမှ  အများဆုးဖြစ်ပြီး   ဈေးကောင်းပေးဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
 
တင်ဆောင်သောကားများမှာ   ဆမ္မဆယ်မမူဆယ်အထိ  တစ်ကြောင်းလျှင် ကားတစ်စီးလျှင်ကျပ်(၈)သိန်း အထကျန်ကြောင်း  ကားခေါင်မိုးပေါ်တွင်   နွားကြည့်ရန်အတွက်   လိုက်ပါသတစ်ဦးမှာ  တစ်ခေါက်လျှင် ကျပ်(၂) သောင်းဝန်းကျင်ရရှိကြောင်းကိုလည်း ယာဉ်မောင်းအသိုင်းအ၀ိုင်းကသိရသည်။ှ
 
ဒီနွားတွေဟာ  ကျွန်တော်တို့တောင်သူလယ်သမားတွေ့ရဲ့  ကျေးဇူးရှင်တွေပါ သတ်ဖိုရာအတွက် သူများ
နိုင်ငံပိုတာကြာလာရင်   နွားတွေမျိုးတုန်းသားစိုးရိမ်ရတယ်၊  ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် မြန်မာ
ပြည်မှာနွားမှ ကျန်ပါဦးမလားမသိဘူးဟု နောင်ချိုမြိုနယ်သွေးလှုရှင်အဖွဲ့မှ လူငယ်တစ်ဦးက ပြောသည်။
 
အဆိုပါကားများမှာ ည(၉း၀၀)နာရီဝန်းကျင်တွင်  နောင်ချိုမြို့တွင်းမှ  ဖြတ်သန်းလေ့ရှိကြောင်းကိုလည်း မြို့
ခံများက ဆိုသည်။
 
နောင်ချိုမြိုနယ်အတွင်းတွင်   ၂၀၁၂ခုနှစ်အတွင်း   နွားခိုးသယ်ဆောင်မှုများအတွက် အရေးကြီးသယ်
ဆောင်မှုပုဒ်မ (၈၁)နှင့်အမှုတစ်မှုပါ လူ(၅)ဦးအား   ဖမ်းဆီးထားပြီးဖြစ်ကြောင်း နောင်ချိုမြိုနယ်ရဲစခန်းမှ  ဒုရဲအုပ်တစ်ဦးက   အတည်ပြုပြောကြားခဲ့သည်။
 
အဆိုပါနွားများတင်ဆောင်နေသောနေရာမှာ   နောင်ချိုမြိုနယ် ဆမ္မဆယ်မှ သုံးဆယ်မြိုသိုသွားသော ကားလမ်းဘေးတွင် တည်ရှိကြောင်းကိုလည်း ဆမ္မဆယ်ရွာခံများထံက သိရှိရသည်။


မြစ်မခသတင်းမီဒီယာ
 

0 comments:

Post a Comment