Pages

Monday, July 16, 2012

ဘက်လိုက်မှုမကင်းနိုင်၍ သတင်းစာလောကသို့ မ၀င်သော မင်းကိုနိုင်


မန္တလေးမြို့တွင်ကျင်းပသော နောက်ကြည့်မှန်စာအုပ်မိတ်ဆက်ပွဲတွင်ဘက်လိုက်မှုများကို မကင်းနိုင်၍ သတင်းစာလောကသို့ဝင်ဦးမည်
မဟုတ်ကြောင်း(၈၈)မျိုးဆက်ခေါင်းဆောင်မင်းကိုနိုင်က ပြောကြားလိုက်သည်။



`` ကျွန်တော်အမှန်တကယ်က အနုပညာသက်သက်ကိုပဲ စိတ်အားထက်သန်တဲ့သူပါ ၊သတင်းဂျာနယ် တွေ ဘာတွေဆိုတာက အင်မတန်ကောင်းတဲ့အလုပ်ပါ၊ ကျွန်တော်ပိုးလဲရှိပါတယ်။ ဒါပေမဲ့ကျွန်တော်စိုးရိမ်မှုတွေရှိတဲ့ဟာတွေ ရှိတယ် ၊ဘာလို့လဲဆိုတော့ ကျွန်တော်ကဘက်လိုက်တယ် အဲဒါတော့ အမှန်အတိုင်းပြောတာ။မတရားဘူးထင်ရင် တရားတယ်ဆိုတဲ့ဘက်က လိုက်ပြီးရေး မိလိမ့်မယ် ၊ အဲဒီတော့ဒီသတင်းဂျာနယ် တွေ ဘာတွေရဲ့ကျင့်ဝတ်တွေက တစ်ချို့က ဘက်မလိုက်ရဘူးဘာဘူးဆိုပြီးရှိတယ် ၊ အဲဒါကတော့ ဆက်ငြင်းကြရမဲ့ ကိစ္စပေါ့၊  လိုက်သင့်တယ်မလိုက်သင့်ဘူးဆိုတာကို ´´ဟု မင်းကိုနိုင်က  မြစ်မခသို့  ပြောကြားခဲ့သည်။


သတင်းသမားများ၏တာဝန်သည် (၂၄)နာရီလုံးထမ်းဆောင်နေရ၍ ၎င်းအနေဖြင့် လောလောဆယ်မလုပ်နိုင်သေးကြောင်း ၊ လက်ရှိလုပ်ကိုင်နေသောပွင့်လင်းလူ့အဖွဲ့အစည်းကိစ္စများ လျော့နည်းလာပါက စာပေဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုလုပ် လိုကြောင်းကိုလည်း ၎င်းက ဆက်ပြောသည်။

အဆိုပါ စာအုပ်မိတ်ဆက်ပွဲတွင် မန္တလေးမြို့ရှိလူငယ်ကျောင်းသားများသာမကစာဖတ်ပရိတ်သတ်များလည်း တက်ရောက်ခဲ့၍ နောက်ကြည့်မှန်စာအုပ်အားဝယ်ယူအားပေးခဲ့ကြသည်။ 

စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၊(၈၄)လမ်းပေါ် ရှိ D&G စားသောက်ဆိုင် တွင် ယနေ့နံနက် ၁၀နာရီကကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Ref: Myitmakha Media:

0 comments:

Post a Comment